Skip to main content

ကျော့်သိသမျှ Zabbix အကြောင်း ၄ (How to add SNMP Client Device.)

ကျော့်သိသမျှ Zabbix အကြောင်း ၄ (How to add SNMP Client Device.)

Browser တစ်ခုခုဖွင့်ပြီး address bar မှာ http://ကိုယ်ပေးခဲ့တဲ့IPaddress/zabbix/ ဆိုပြီး ရိုက်ထည့်ပြီး ဝင်ကြည့်ပါ.. ကျော့်က 192.168.88.254 ပေးခဲ့လို့ http://192.168.88.254/zabbix/ ဆိုပြီး ရိုက်ဝင်ပါတယ်...


Username: Admin (A ၁-လုံးတည်း အကြီးပါ)
Password: zabbix
ရိုက်ထည့်ပြီး Sign in ခလုတ်ကို နှိပ်ပါ...



ပုံထဲကလိုမျိုးပေါ်လာပါလိမ့်မယ်... ပုံထဲကလို Global View မှာ ကိုယ့်ရဲ့ zabbix server မှာ ထည့်ထားတဲ့ device တွေရဲ့ အခြေအနေကို ပြပါတယ်...



Monitor အလုပ်ခံမယ့် device တစ်ခုကို အရင်ဆုံး SNMP agent ဖွင့်ရအောင် Configure လုပ်ရအောင်ပါ... ကျော့်ဆီမှာရှိနေတဲ့  ရှေးဟောင်း Ubiquiti Loco M5 ထဲက SNMP agent  ရှိတဲ့နေရာကို လိုက်ရှာပါတယ်... ဟော Services ထဲမှာ SNMP Agent ကိုတွေ့ပါပြီ... SNMP Agent ကို Enable လုပ်ပါ... SNMP Community နေရာမှာ စာသားတစ်ခုခု ရိုက်ထည့်ပါ... SNMP Community ဆိုတာ အရေးကြီးပါတယ်... ဘာလိုလဲဆိုတော့ Monitor လုပ်မယ့် Server နဲ့ အလုပ်ခံမယ့် device တို့ကြားမှာ password လို PreShared Key လို အလုပ် လုပ်လို့ပါ... အခြားသူတွေက ကိုယ့်ရဲ့ SNMP community ကိုသိပြီး ကိုယ့် device ကို reachable ရမယ်ဆိုရင် ကိုယ့် device ရဲ့ information တွေကို သူတို့ monitoring လုပ်လို့ရပါတယ်... SNMP Community ဆိုတာ သော့တံနဲ့ သောခလောက်လိုပဲမို့ မလိုတဲ့သူတွေကို ပေးသိလို့ မရပါဘူး...

ကျော့်ဆီမှာ နောက်ထပ်ရှိသေးတဲ့ MikroTik router ပိစိကွေးလေးထဲမှာလည်း SNMP Agent configure လုပ်ကြည့်ပါဦးမယ်...


ဒီကောင်မှာက ပိုလာတာတွေရှိပါတယ်.. Trap Target ဆိုတာက Monitoring လုပ်ခွင့်ပေးမယ့် server IP ကို သတ်မှတ်ပေးရတာပါ... ဒီ device ကို reachable ဖြစ်တဲ့ကောင်တိုင်းကို monitoring လုပ်ခွင့်ပေးမယ်ဆိုရင် 0.0.0.0 လို့ပေးရပါတယ်... ဒါမှမဟုတ် Server တစ်ခုကိုပဲ monitoring လုပ်ခွင့်ပေးမယ်ဆိုရင်တော့ သတ်ဆိုင်ရာ ဆာဗာရဲ့ IP ကို ထည့်ပေးရပါမယ်... ကျော့်ဆို ကျော့်ရဲ zabbix server ကိုပဲ monitoring လုပ်ခွင့်ပေးမှာ ဖြစ်လို့ 192.168.88.254 ကိုပဲထည့်ထားတာပါ...
Trap Interfaces ဆိုတာက SNMP agent ဖွင့်ထားပေးတဲ့ Interface ကိုပြောတာပါ...


Ubiquiti အတွက် Zabbix Template ရှာရအောင် Google ထဲဝင်ပြီး Zabbix template for Ubiquiti လို့ရိုက်ထည့်ပါ... ကျော့်တော့ အပေါ်က ပုံအတိုင်း တွေ့တဲ့ template ၁-ခုကို ရွေးပြီး download လုပ်လိုက်ပါပြီ...


Zabbix server ထဲပြန်သွားရအောင်...
(က) Configuration ကို click ပါ...
(ခ) Templates ကို click ပါ...
(ဂ) Import ကို နှိပ်ပါ..


*Import file ရဲ့ ညာဘက်က Choose File ခလုတ်ကိုနှိပ်ပြီး ကျော့် ခုနက download လုပ်ထားတဲ့ ubiqiti template ဖိုင်ကို ညွှန်ပါတယ်...
အောက်ဆုံးက Import ခလုတ်ကို နှိပ်ပါတယ်...


ပုံထဲကလို Imported successfully လို့ပေါ်လာရင် template import လုပ်တာအောင်မြင်ပါတယ်...


(က) Configuration ကို click ပါ...
(ခ) Hosts ကို click ပါ...
(ဂ) Create host ကို နှိပ်ပါ..


*Host name နေရာမှာ ကျော့်တို့ ကြိုက်တာပေးလို့ရပါတယ်... သက်ဆိုင်ရာ နာမည်တော့ ပေးပေါ့...
*Groups မှာ သက်ဆိုင်ရာ အမျိုးအစား တစ်ခုခုထည့်ပါ...
Agent Interfaces နဲ့ SNMP interfaces မှာ monitoring အလုပ်ခံမယ့် device ရဲ့ IP address ထည့်ပါ...


Templates ကို click လုပ်ပြီးရွေးပါ...
Link new templates နေရာမှာ ခုနက ကျော့်တို့ import လုပ်ထားတဲ့ Ubiquiti template ကိုရွေးပါ...


Macros ကို click လုပ်ပြီးရွေးပါ...
Macro ရဲ့အောက်မှာ {$SNMP_COMMUNITY} ကိုထည့်ပါ...
Value ရဲ့အောက်မှာ သော့နဲ့ သော့ခလောက်နဲ့ တူတယ်လို့ပြောခဲ့တဲ့ SNMP community string ထည့်ပါ... ကျော့်ရဲ့ SNMP community string က MgHla မို့ MgHla ဆိုပြီးထည့်ထားတာပါ..
ပြီးပြီဆိုတော့ Cancel ရဲ့ဘေးမှာရှိတဲ့ အပြာရောင်နောက်ခံနဲ့ Add ခလုတ်ကို နှိပ်ပါ...


Host added လို့ပြရင် ကျော့်တို့ Host ထည့်တဲ့ လုပ်ဆောင်ချက် အောင်မြင်ပါတယ်...


ပုံထဲကလို SNMP စာလုံးအဖြူရောင်၊ နောက်ခံ အစိမ်းရောင်နဲ့ ဖြစ်နေပြီဆိုရင် ကျော့်ရဲ့ Ubiquiti device ကို Zabbix server က စပြီးစောင့်ကြည့်နေပါပြီ... ချက်ချင်းကြီ
းတော့ အစိမ်းရောင် မပြောင်း ပါဘူး... အချိန်စောင့်ရပါတယ်... အနီရောင်အောက်ခံ ဖြစ်နေရင်တော့ တစ်ခုခုမှားနေလို့ပါ...


အနီနောက်ခံ ZABBIX ဘေးက Monitoring ကိုနှိပ်...
Dashboard ကို ထပ်နှိပ်...
All Dashboard ကို ထပ်နှိပ်ပြီးရင် ညာဘက်အခြမ်းမှာပေါ်လာတဲ့ Create dashboard ကိုနှိပ်ရင် အပေါ်ပုံထဲကလို ပေါ်လာပါလိမ့်မယ်...
*Name မှာ Test Dashboard လို့ရိုက်ထည့်ပြီး Apply ကို နှိပ်လိုက်ပါတယ်...


အခုလိုမြင်ရပြီဆိုရင်Test Dashboard, All dashboard ရဲ့ အောက် တစ်နေရာရာမှာ click တစ်ချက်နှိပ်လိုက်ပါ...


ပုံထဲကလို Add widget ဆိုပြီးပေါ်လာရင်...
Type: Plain text
Name: ကြိုက်တာပေး
Refresh interval: ကြိုက်တာထား
Items ရဲ့ ညာဘက်ဆုံးက Select ခလုတ်ကိုနှိပ်ပါ...


ဒုတိယ row ညာဘက်ဆုံးက Host မှာ ခုနက ထည့်ထားတဲ့ Ubiquiti Loco M5 ကိုရွေးပါတယ်...
Name ရဲ့ဘယ်ဘက်က လေးထောင့်ကွက်ကို click လုပ်ပြီး ရှိသမျှ အကုန်ရွေးပါတယ်...
အောက်ဆုံးက Select ခလုတ်ကို click လုပ်ပါမယ်...


အပေါ်ကပုံအတိုင်း မြင်ရရင် အောက်ဆုံးက Add ခလုတ်ကို နှိပ်ပါတယ်...


ဟော Ubiquiti Loco M5 ထဲကနေ SNMP သုံးပြီး ဆွဲထုတ်လို့ရလာတဲ့ ဒေတာတွေကို zabbix က ပြနေတာပါ... တချို့ ဒေတာတွေကို ချက်ချင်းမပြဘဲ တစ်ခုယူပါတယ်...

အတော်ပြိုင်းသွားလို့ ဒီနေ့တော့ ကျော့်သိသမျှ Zabbix အကြောင်း - ၄ ကိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်..
နောက်အပိုင်းမှဘာရေးရမလဲ မသိသေးပါဘူး... လူက အတော် ပျင်းသွားပါတယ်... ဒါကြောင့် နောက်ထပ် အပိုင်းတွေကတော့ လာရင်လည်း လာမယ်/လာချင်မှလည်း လာမယ်... မျှော်နေရင် စိတ်မောရပါလိမ့်မယ်... ကျော့်ရဲ့ fb ဒါမှမဟုတ် https://blog.MgHla.net ကို သတိရတိုင်း အသစ်ရေးပြီလားဆိုတာ ဝင်ကြည့်ပေးပါ...

...

Comments

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...