Tin Tin's Ads

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Tuesday, March 24, 2020

ကျော့်သိသမျှ Zabbix အကြောင်း- ၅ (e-Mail & Sound Notifications)

ကျော့်သိသမျှ Zabbix အကြောင်း- ၅ (e-Mail & Sound Notifications)

Zabbix မှာ error တစ်ခုခုဖြစ်ခဲ့ e-mail ပို့ခိုင်းတာ.. အသံ notification ပေးခိုင်းတာတွေ လုပ်လို့ရပါတယ်...
အဲဒါတွေ configure လုပ်ဖို့ zabbix server ရဲ့ web ui ထဲ ဝင်ပါ...


(က) Administration ကိုနှိပ်...
(ခ) Media types ကိုနှိပ်...
(ဂ) Email ကိုနှိပ်...


ဒီပုံက gmail ကိုသုံးပြီး Notification e-mail ပို့ခိုင်းတဲ့ configuration ပါ... အဲဒီမှာ တစ်ခုပြောချင်တာက SMTP email မှာရှိတဲ့ TestZabbix ပါ.. Notification လက်ခံမယ့် သူဆီရောက်သွားရင် TestZabbix ဆိုပြီးပေါ်ပါတယ်... အဲဒီတော့ TestZabbix နေရာမှာ ကိုယ်ပေါ်ချင်တာ ထားလို့ရပါတယ်... ဒီပုံထဲက ကျန်တာတွေ မရှင်းပြတော့ပါဘူး ပုံသာကြည့်ပါ...
အောက်ဆုံးက Update ကို နှိပ်လိုက်ရင် ပထမပုံမှာ ပေါ်တဲ့ အဆင့်ရောက်သွားပါလိမ့်မယ်...
e-Mail ပို့မပို့စမ်းရအောင် Email row ရဲ့ ညာဘက်ဆုံးက Test ကိုနှိပ်ပါ...


Send to မှာ လက်ခံမယ့် e-mail address ထည့်ပါ... Test ခလုတ်ကို နှိပ်ပါ...


ပုံထဲကလို error ပြလည်း မပူပါနဲ့ ပို့ထားတဲ့ e-mail ထဲသွားစစ်ပါ... စမ်းပို့ထားတဲ့ e-mail ရောက်နေပါလိမ့်မယ်...
error တက်တိုင်း notification e-mail ပို့အောင် configure လုပ်ရပါဦးမယ်... အဲဒါကြောင့် နောက်တဆင့်ကို သွားရအောင်...


(က) လူပုံကို click လုပ်...
(ခ) Media ကို နှိပ်ပါ...
(ဂ) Add ကို click လုပ်ပါ...


Type: Email
Send to မှာ notification လက်ခံမယ့် e-mail လိပ်စာတွေထည့်ပါ... e-mail address တစ်ခုထပ်ပိုထည့်ချင်ရင် Add နဲ့ ထပ်ထည့်ပါ... ကျန်တာတွေကတော့ ကိုယ့်ဦးနှောက်သုံးပြီး configure လုပ်ပါ...
Add ခလုတ်ကို နှိပ်ပါ...


Update ခလုတ်ကိုနှိပ်ပါ... အဲဒါဆို notification အီးမဲတွေ ပို့တော့မှာပါ...
တလက်စတည်း Zabbix Web UI ခေါ်ထားတဲ့အချိန် Sound Notification အတွက် configure လုပ်နည်း ရေးပါမယ်...


Sound Notification


(က) လူပုံကို click လုပ်...
(ခ) Frontend messaging ဘေးမှာ အမှန်ခြစ်ပေါ်အောင် နှိပ်...
Trigger serverity မှာ အသံနဲ့ noti ပေးစေချင်တာတွေရွေး
(ဂ) Update ကို နှိပ်ပါ...
ကိုယ်ရွေးထားတဲ့ Serverity ဖြစ်တိုင်း သက်ဆိုင်ရာ အသံနဲ့ နို့သီးပေးပါလိမ့်မယ်...

တကယ့်ကို အတော်ပြိုင်းသွားလို့ ဒီနေ့တော့ ကျော့်သိသမျှ Zabbix အကြောင်း -၅ ကိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်..
နောက်အပိုင်းမှဘာရေးရမလဲ မသိသေးပါဘူး... လူက အတော် ပျင်းသွားပါတယ်... ဒါကြောင့် နောက်ထပ် အပိုင်းတွေကတော့ လာရင်လည်း လာမယ်/လာချင်မှလည်း လာမယ်... မျှော်နေရင် စိတ်မောရပါလိမ့်မယ်... ကျော့်ရဲ့ fb ဒါမှမဟုတ် https://blog.MgHla.net ကို သတိရတိုင်း အသစ်ရေးပြီလားဆိုတာ ဝင်ကြည့်ပေးပါ...
...

No comments: