Tin Tin's Ads

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Saturday, March 28, 2020

ကွန်ပျူတာမှ OBS Studio အသုံးပြုပြီး facebook ပေါ်တွင် Live လွှင့်ခြင်း

 ကွန်ပျူတာမှ OBS Studio အသုံးပြုပြီး ကွန်ပျူတာမှ တဆင့် facebook ပေါ်တွင် Live လွှင့်ခြင်း

အခုလို Covid-19 ဖြစ်နေတာ အချိန်ကာလမှာ အိမ်ကနေပြီး facebook ပေါ်မှ တဆင့် စာသင်လို့ရအောင်  ကွန်ပျူတာမှ OBS Studio အသုံးပြုပြီး facebook ပေါ်တွင် Live လွှင့်ခြင်းကို မျှဝေလိုက်ပါတယ်။

Step - 1


https://obsproject.com/ ကို သွားပြီး ကိုယ့်သုံးတဲ့ Operating System ပေါ်မူတည်ပြီး OBS Studio ကို download လုပ်ပြီး Install လုပ်ပါ။

Step - 2


Preview နဲ့ Program ၂-ခုပေါ်ချင်ရင် Studio Mode ထားရပါတယ်။
Program က Live တကယ်လွှင့်နေတဲ့ scence ဖြစ်ပြီးပါတယ်။

Step - 3


Scene တွေ ကြိုဆောက်ထားရအောင်ပါ။ အနည်းဆုံး Scence တစ်ခုတော့ ဆောက်ရပါတယ်။
(က) Senses အောက်က + ကိုနှိပ်ပါ။
(ခ) နာမည်တောင်းရင် ကြိုက်တာပေးလို့ရပါတယ်။ ကျော့် အခုက PowerPoint နဲ့ Web Cam သုံးမယ့် scence မို့  PowerPoint + Web Cam လို့ နာမည်ပေးလိုက်ပါတယ်။
(ဂ) OK နှိပ်ပါ။

Step - 4


(က) Sources အောက်က + ကိုနှိပ်
(ခ) Windows Caputre ကိုရွေး။
Windows Caputre က ကိုယ်က ကိုယ်ပြချင်တဲ့ Application တစ်ခုတည်းကိုပဲ ရွေးပြတာ၊ ကိုယ်ပြမယ့် Application ကို ကြိုဖွင့်ထားစရာလိုတယ်။ ကျော့်အခု PowerPoint နဲ့ နမူနာပြမှာမို့ PowerPoint ကို ကြိုဖွင့်ထားပါတယ်။
Display Capture ကတော့ ကိုယ့်ရဲ့ ကွန်ပျူတာ Screen မှာ ပေါ်နေတဲ့ အတိုင်းပြပါတယ်။ Windows Caputre ကတော့ ကိုယ်ရွေးထားတဲ့ Application မှာ ပေါ်တာကိုပဲ ပြပါတယ်။


Step - 5


(က) Create new မှာ ကြိုက်တဲ့နာမည်ထည်လို့ရပါတယ်။ နောက်ပိုင်းမှာ scence အသစ်လုပ်လည်း ဒါကို ပြန်ခေါ်သုံးလို့ရတယ်။ အခုကျတော်က PowerPoint ကို caputre လုပ်မှာမို့ PowerPiont လို့နာမည် ပေးလိုက်ပါတယ်။
(ခ) OK နှိပ်ပါ။

Step - 6


(က)  ကိုယ် caputre လုပ်မယ့် Application ကိုရွေးပါ။ ကျော့်က PowerPoint နဲ့ပြမှာမို့ PowerPoint ကိုရွေးပြီး OK နှိပ်ပါတယ်။

Step - 7


(က) Web cam က ပုံထပ်ထည့်မယ်ဆို Sources ရဲ့ + ကိုနှိပ်ပါ။
(ခ) Video Caputre Device ကိုရွေးပါ။
Step- 5 ကလို Create/Select Source dialog box ပေါ်လာရင် Create New မှာ နာမည်ကို WebCam လို့ပေးလိုက်ပါတယ်။


Step - 8


Device နေရာမှာ Web cam ကိုရွေးပြီး OK နှိပ်ပါ။

Step - 9


(က) Sources မှာ သက်ဆိုင်ရာ source ကို select လုပ်ထားရင်..
(ခ) Preview မှာ အနီရောင် box ပေါ်ပြီး size ချုံ့/ချဲ့ လုပ်လို့ရပါတယ်...

Step - 10


ကိုယ် live လွှင့်နေတဲ့ Scence ထဲက source တစ်ခုခုကို အရွယ်အစားပြောင်းတာ၊ နေရာရွှေ့တာတွေ လုပ်နေတာတွေက ဒီအတိုင်း တကယ့် Live မှာ မပြောင်းပါဘူး။ Preview မှာပဲ ကိုယ်ပြောင်းတဲ့ အတိုင်းဖြစ်နေပါလိမ့်မယ်။ ကိုယ်ပြောင်းတဲ့ အတိုင်း Live မှာ ပေါ်စေချင်ရင်...
(က) Transaction ကိုနှိပ်ပါ။

ဒီအဆင့်တွေက OBS Studio ထဲမှာ ကြိုတင်ပြင်ဆင်ထားရတာပါ။ တစ်ခါ ပြင်ဆင်ထားပြီးရင် ဒီအတိုင်း ပြန်လွှင့်မယ်ဆိုရင် နောက် အခေါက်တွေမှာ ထပ်လုပ်စရာ မလိုတော့ပါဘူး။

facebook မှာ Live စလွှင့်ရအောင်...

Step - 11


(က) facebook မှာ live လွှင့်ဖို့အတွက် fb ဝင်ထားတဲ့ browser ကနေ https://www.facebook.com/live/create ကိုသွားပါ။
(ခ) Create Live Stream ကို နှိပ်ပါ။ (ကျော့်ဆီမှာ ဘာကြောင့်လဲ မသိပါဘူး။ Facebook New Look နဲ့ဆို Create Live Stream မပေါ်ပါဘူး။)

Step - 12


(က) နာမည်အောက်မှာ Share to Your Timeline, Share to a Page You Manage, Share in a Group ထဲက တစ်ခုခုကိုရွေးပါ။ ကျော့်က အခု Group ထဲလွှင့်ပြမှာ ဖြစ်လို့ Share in a Group ကို ရွေးပါတယ်။
(ခ) လွှင့်မယ့် Group ကို ရွေးပါ။
(ဂ) Live video title Say something about this live video မှာ ကြိုက်တာထည့်ပါ။
(ဃ) Stream Key ကို Copy ကူးပါ။ Stream Key ကို အခြားသူတွေ သိလို့မရပါဘူး။
(င) နေရာမှာ Waiting for live video လို့ပြနေပါလိမ့်မယ်။

OBS Studio ထဲ ပြန်သွားပါ။

Step - 13


(က) OBS Studio ထဲက Setting ကိုနှိပ်ပါ။

Step - 14


(က) Stream ကို click နှိပ်ပါ။
(ခ) Service : Facebook live
(ဂ) Server : Default
(ဃ)Stream Key : မှာ facebook live က copy ကူးလားတာကို paste လုပ်ပါ။ Show ကိုနှိပ်ပြီး မှန်-မမှန်စစ်ပါ။
(င) OK နှိပ်ပါ။


Step - 15


Program ဘက်မှာ ကိုယ်လွှင့်မယ် scence ကို တင်ထားပြီးရင်..
(က) Start Streaming ကိုနှိပ်ပါ။

ကိုယ်လွှင့်တဲ့ Live ကို ကိုယ့်စက်ထဲမှာ video file အဖြစ် သိမ်းထားခြင်ရင် Start Recording ကိုပါ နှိပ်ပါ။

Step - 16


https://www.facebook.com/live/ ဝင်ထားတဲ့ browser ထဲသွားပြီး..
(က) OBS က လွှင့်တဲ့ဟာ ပေါ်ပြီးလားစစ်ပါ။အင်တာနက် speed ပေါ်မူတည်ပြီး delay ရှိတယ်။
(ခ)  OBS Studio Program ကဟာ ပေါ်နေပြီဆိုရင် Go Live ကို နှိပ်ပါ။

Live လွှင့်တာ ရပ်မယ်ဆိုရင် Stop Streaming ကိုနှိပ်။

Tuesday, March 24, 2020

ကျော့်သိသမျှ Zabbix အကြောင်း- ၅ (e-Mail & Sound Notifications)

ကျော့်သိသမျှ Zabbix အကြောင်း- ၅ (e-Mail & Sound Notifications)

Zabbix မှာ error တစ်ခုခုဖြစ်ခဲ့ e-mail ပို့ခိုင်းတာ.. အသံ notification ပေးခိုင်းတာတွေ လုပ်လို့ရပါတယ်...
အဲဒါတွေ configure လုပ်ဖို့ zabbix server ရဲ့ web ui ထဲ ဝင်ပါ...


(က) Administration ကိုနှိပ်...
(ခ) Media types ကိုနှိပ်...
(ဂ) Email ကိုနှိပ်...


ဒီပုံက gmail ကိုသုံးပြီး Notification e-mail ပို့ခိုင်းတဲ့ configuration ပါ... အဲဒီမှာ တစ်ခုပြောချင်တာက SMTP email မှာရှိတဲ့ TestZabbix ပါ.. Notification လက်ခံမယ့် သူဆီရောက်သွားရင် TestZabbix ဆိုပြီးပေါ်ပါတယ်... အဲဒီတော့ TestZabbix နေရာမှာ ကိုယ်ပေါ်ချင်တာ ထားလို့ရပါတယ်... ဒီပုံထဲက ကျန်တာတွေ မရှင်းပြတော့ပါဘူး ပုံသာကြည့်ပါ...
အောက်ဆုံးက Update ကို နှိပ်လိုက်ရင် ပထမပုံမှာ ပေါ်တဲ့ အဆင့်ရောက်သွားပါလိမ့်မယ်...
e-Mail ပို့မပို့စမ်းရအောင် Email row ရဲ့ ညာဘက်ဆုံးက Test ကိုနှိပ်ပါ...


Send to မှာ လက်ခံမယ့် e-mail address ထည့်ပါ... Test ခလုတ်ကို နှိပ်ပါ...


ပုံထဲကလို error ပြလည်း မပူပါနဲ့ ပို့ထားတဲ့ e-mail ထဲသွားစစ်ပါ... စမ်းပို့ထားတဲ့ e-mail ရောက်နေပါလိမ့်မယ်...
error တက်တိုင်း notification e-mail ပို့အောင် configure လုပ်ရပါဦးမယ်... အဲဒါကြောင့် နောက်တဆင့်ကို သွားရအောင်...


(က) လူပုံကို click လုပ်...
(ခ) Media ကို နှိပ်ပါ...
(ဂ) Add ကို click လုပ်ပါ...


Type: Email
Send to မှာ notification လက်ခံမယ့် e-mail လိပ်စာတွေထည့်ပါ... e-mail address တစ်ခုထပ်ပိုထည့်ချင်ရင် Add နဲ့ ထပ်ထည့်ပါ... ကျန်တာတွေကတော့ ကိုယ့်ဦးနှောက်သုံးပြီး configure လုပ်ပါ...
Add ခလုတ်ကို နှိပ်ပါ...


Update ခလုတ်ကိုနှိပ်ပါ... အဲဒါဆို notification အီးမဲတွေ ပို့တော့မှာပါ...
တလက်စတည်း Zabbix Web UI ခေါ်ထားတဲ့အချိန် Sound Notification အတွက် configure လုပ်နည်း ရေးပါမယ်...


Sound Notification


(က) လူပုံကို click လုပ်...
(ခ) Frontend messaging ဘေးမှာ အမှန်ခြစ်ပေါ်အောင် နှိပ်...
Trigger serverity မှာ အသံနဲ့ noti ပေးစေချင်တာတွေရွေး
(ဂ) Update ကို နှိပ်ပါ...
ကိုယ်ရွေးထားတဲ့ Serverity ဖြစ်တိုင်း သက်ဆိုင်ရာ အသံနဲ့ နို့သီးပေးပါလိမ့်မယ်...

တကယ့်ကို အတော်ပြိုင်းသွားလို့ ဒီနေ့တော့ ကျော့်သိသမျှ Zabbix အကြောင်း -၅ ကိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်..
နောက်အပိုင်းမှဘာရေးရမလဲ မသိသေးပါဘူး... လူက အတော် ပျင်းသွားပါတယ်... ဒါကြောင့် နောက်ထပ် အပိုင်းတွေကတော့ လာရင်လည်း လာမယ်/လာချင်မှလည်း လာမယ်... မျှော်နေရင် စိတ်မောရပါလိမ့်မယ်... ကျော့်ရဲ့ fb ဒါမှမဟုတ် https://blog.MgHla.net ကို သတိရတိုင်း အသစ်ရေးပြီလားဆိုတာ ဝင်ကြည့်ပေးပါ...
...

Monday, March 23, 2020

ကျော့်သိသမျှ Zabbix အကြောင်း ၄ (How to add SNMP Client Device.)

ကျော့်သိသမျှ Zabbix အကြောင်း ၄ (How to add SNMP Client Device.)

Browser တစ်ခုခုဖွင့်ပြီး address bar မှာ http://ကိုယ်ပေးခဲ့တဲ့IPaddress/zabbix/ ဆိုပြီး ရိုက်ထည့်ပြီး ဝင်ကြည့်ပါ.. ကျော့်က 192.168.88.254 ပေးခဲ့လို့ http://192.168.88.254/zabbix/ ဆိုပြီး ရိုက်ဝင်ပါတယ်...


Username: Admin (A ၁-လုံးတည်း အကြီးပါ)
Password: zabbix
ရိုက်ထည့်ပြီး Sign in ခလုတ်ကို နှိပ်ပါ...



ပုံထဲကလိုမျိုးပေါ်လာပါလိမ့်မယ်... ပုံထဲကလို Global View မှာ ကိုယ့်ရဲ့ zabbix server မှာ ထည့်ထားတဲ့ device တွေရဲ့ အခြေအနေကို ပြပါတယ်...



Monitor အလုပ်ခံမယ့် device တစ်ခုကို အရင်ဆုံး SNMP agent ဖွင့်ရအောင် Configure လုပ်ရအောင်ပါ... ကျော့်ဆီမှာရှိနေတဲ့  ရှေးဟောင်း Ubiquiti Loco M5 ထဲက SNMP agent  ရှိတဲ့နေရာကို လိုက်ရှာပါတယ်... ဟော Services ထဲမှာ SNMP Agent ကိုတွေ့ပါပြီ... SNMP Agent ကို Enable လုပ်ပါ... SNMP Community နေရာမှာ စာသားတစ်ခုခု ရိုက်ထည့်ပါ... SNMP Community ဆိုတာ အရေးကြီးပါတယ်... ဘာလိုလဲဆိုတော့ Monitor လုပ်မယ့် Server နဲ့ အလုပ်ခံမယ့် device တို့ကြားမှာ password လို PreShared Key လို အလုပ် လုပ်လို့ပါ... အခြားသူတွေက ကိုယ့်ရဲ့ SNMP community ကိုသိပြီး ကိုယ့် device ကို reachable ရမယ်ဆိုရင် ကိုယ့် device ရဲ့ information တွေကို သူတို့ monitoring လုပ်လို့ရပါတယ်... SNMP Community ဆိုတာ သော့တံနဲ့ သောခလောက်လိုပဲမို့ မလိုတဲ့သူတွေကို ပေးသိလို့ မရပါဘူး...

ကျော့်ဆီမှာ နောက်ထပ်ရှိသေးတဲ့ MikroTik router ပိစိကွေးလေးထဲမှာလည်း SNMP Agent configure လုပ်ကြည့်ပါဦးမယ်...


ဒီကောင်မှာက ပိုလာတာတွေရှိပါတယ်.. Trap Target ဆိုတာက Monitoring လုပ်ခွင့်ပေးမယ့် server IP ကို သတ်မှတ်ပေးရတာပါ... ဒီ device ကို reachable ဖြစ်တဲ့ကောင်တိုင်းကို monitoring လုပ်ခွင့်ပေးမယ်ဆိုရင် 0.0.0.0 လို့ပေးရပါတယ်... ဒါမှမဟုတ် Server တစ်ခုကိုပဲ monitoring လုပ်ခွင့်ပေးမယ်ဆိုရင်တော့ သတ်ဆိုင်ရာ ဆာဗာရဲ့ IP ကို ထည့်ပေးရပါမယ်... ကျော့်ဆို ကျော့်ရဲ zabbix server ကိုပဲ monitoring လုပ်ခွင့်ပေးမှာ ဖြစ်လို့ 192.168.88.254 ကိုပဲထည့်ထားတာပါ...
Trap Interfaces ဆိုတာက SNMP agent ဖွင့်ထားပေးတဲ့ Interface ကိုပြောတာပါ...


Ubiquiti အတွက် Zabbix Template ရှာရအောင် Google ထဲဝင်ပြီး Zabbix template for Ubiquiti လို့ရိုက်ထည့်ပါ... ကျော့်တော့ အပေါ်က ပုံအတိုင်း တွေ့တဲ့ template ၁-ခုကို ရွေးပြီး download လုပ်လိုက်ပါပြီ...


Zabbix server ထဲပြန်သွားရအောင်...
(က) Configuration ကို click ပါ...
(ခ) Templates ကို click ပါ...
(ဂ) Import ကို နှိပ်ပါ..


*Import file ရဲ့ ညာဘက်က Choose File ခလုတ်ကိုနှိပ်ပြီး ကျော့် ခုနက download လုပ်ထားတဲ့ ubiqiti template ဖိုင်ကို ညွှန်ပါတယ်...
အောက်ဆုံးက Import ခလုတ်ကို နှိပ်ပါတယ်...


ပုံထဲကလို Imported successfully လို့ပေါ်လာရင် template import လုပ်တာအောင်မြင်ပါတယ်...


(က) Configuration ကို click ပါ...
(ခ) Hosts ကို click ပါ...
(ဂ) Create host ကို နှိပ်ပါ..


*Host name နေရာမှာ ကျော့်တို့ ကြိုက်တာပေးလို့ရပါတယ်... သက်ဆိုင်ရာ နာမည်တော့ ပေးပေါ့...
*Groups မှာ သက်ဆိုင်ရာ အမျိုးအစား တစ်ခုခုထည့်ပါ...
Agent Interfaces နဲ့ SNMP interfaces မှာ monitoring အလုပ်ခံမယ့် device ရဲ့ IP address ထည့်ပါ...


Templates ကို click လုပ်ပြီးရွေးပါ...
Link new templates နေရာမှာ ခုနက ကျော့်တို့ import လုပ်ထားတဲ့ Ubiquiti template ကိုရွေးပါ...


Macros ကို click လုပ်ပြီးရွေးပါ...
Macro ရဲ့အောက်မှာ {$SNMP_COMMUNITY} ကိုထည့်ပါ...
Value ရဲ့အောက်မှာ သော့နဲ့ သော့ခလောက်နဲ့ တူတယ်လို့ပြောခဲ့တဲ့ SNMP community string ထည့်ပါ... ကျော့်ရဲ့ SNMP community string က MgHla မို့ MgHla ဆိုပြီးထည့်ထားတာပါ..
ပြီးပြီဆိုတော့ Cancel ရဲ့ဘေးမှာရှိတဲ့ အပြာရောင်နောက်ခံနဲ့ Add ခလုတ်ကို နှိပ်ပါ...


Host added လို့ပြရင် ကျော့်တို့ Host ထည့်တဲ့ လုပ်ဆောင်ချက် အောင်မြင်ပါတယ်...


ပုံထဲကလို SNMP စာလုံးအဖြူရောင်၊ နောက်ခံ အစိမ်းရောင်နဲ့ ဖြစ်နေပြီဆိုရင် ကျော့်ရဲ့ Ubiquiti device ကို Zabbix server က စပြီးစောင့်ကြည့်နေပါပြီ... ချက်ချင်းကြီ
းတော့ အစိမ်းရောင် မပြောင်း ပါဘူး... အချိန်စောင့်ရပါတယ်... အနီရောင်အောက်ခံ ဖြစ်နေရင်တော့ တစ်ခုခုမှားနေလို့ပါ...


အနီနောက်ခံ ZABBIX ဘေးက Monitoring ကိုနှိပ်...
Dashboard ကို ထပ်နှိပ်...
All Dashboard ကို ထပ်နှိပ်ပြီးရင် ညာဘက်အခြမ်းမှာပေါ်လာတဲ့ Create dashboard ကိုနှိပ်ရင် အပေါ်ပုံထဲကလို ပေါ်လာပါလိမ့်မယ်...
*Name မှာ Test Dashboard လို့ရိုက်ထည့်ပြီး Apply ကို နှိပ်လိုက်ပါတယ်...


အခုလိုမြင်ရပြီဆိုရင်Test Dashboard, All dashboard ရဲ့ အောက် တစ်နေရာရာမှာ click တစ်ချက်နှိပ်လိုက်ပါ...


ပုံထဲကလို Add widget ဆိုပြီးပေါ်လာရင်...
Type: Plain text
Name: ကြိုက်တာပေး
Refresh interval: ကြိုက်တာထား
Items ရဲ့ ညာဘက်ဆုံးက Select ခလုတ်ကိုနှိပ်ပါ...


ဒုတိယ row ညာဘက်ဆုံးက Host မှာ ခုနက ထည့်ထားတဲ့ Ubiquiti Loco M5 ကိုရွေးပါတယ်...
Name ရဲ့ဘယ်ဘက်က လေးထောင့်ကွက်ကို click လုပ်ပြီး ရှိသမျှ အကုန်ရွေးပါတယ်...
အောက်ဆုံးက Select ခလုတ်ကို click လုပ်ပါမယ်...


အပေါ်ကပုံအတိုင်း မြင်ရရင် အောက်ဆုံးက Add ခလုတ်ကို နှိပ်ပါတယ်...


ဟော Ubiquiti Loco M5 ထဲကနေ SNMP သုံးပြီး ဆွဲထုတ်လို့ရလာတဲ့ ဒေတာတွေကို zabbix က ပြနေတာပါ... တချို့ ဒေတာတွေကို ချက်ချင်းမပြဘဲ တစ်ခုယူပါတယ်...

အတော်ပြိုင်းသွားလို့ ဒီနေ့တော့ ကျော့်သိသမျှ Zabbix အကြောင်း - ၄ ကိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်..
နောက်အပိုင်းမှဘာရေးရမလဲ မသိသေးပါဘူး... လူက အတော် ပျင်းသွားပါတယ်... ဒါကြောင့် နောက်ထပ် အပိုင်းတွေကတော့ လာရင်လည်း လာမယ်/လာချင်မှလည်း လာမယ်... မျှော်နေရင် စိတ်မောရပါလိမ့်မယ်... ကျော့်ရဲ့ fb ဒါမှမဟုတ် https://blog.MgHla.net ကို သတိရတိုင်း အသစ်ရေးပြီလားဆိုတာ ဝင်ကြည့်ပေးပါ...

...

Sunday, March 22, 2020

ကျော့်သိသမျှ Zabbix အကြောင်း -၃ (How to install Zabbix using Zabbix Appliance)

အခမဲ့ အသုံးပြုလို့ရတဲ့ VirtualBox ပေါ်မှာ မှာ ကျော့် Zabbix Appliance iso ဖိုင်ကို install လုပ်ပြမှာပါ...
အရင်ဆုံး https://www.zabbix.com/download ကိုသွားပြီး Zabbix Appliance အောက်က Installation CD/DVD (.iso) ကို download လုပ်ထားပါ...

VirtualBox ကိုဖွင့်ပါ...




New ကို နှိပ်ပါ...




ကျော့်ကတော့ ဒီလို ပေးပါတယ်...
Name မှာ Zabbix, Type: Linux, Version: Ubuntu (64-bit) လို့ပေးပါတယ်... Type နဲ့ Version ကတော့ မှားပေးလို့ မရပါဘူး... ဘာလို့လဲဆိုတော့ Zabbix Appliance က Ubuntu 64-bit သုံးထားလို့ပါ... ကျန်တဲ့ အဆင်တွေကိုတော့ ဆက်မပြောတော့ပါဘူး...




Zabbix ကို Install မလုပ်ခင် iso ဖိုင်ကနေ boot တက်ဖို့ ပြင်ရအောင်ပါ...
Zabbix VM ရဲ့ Setings > Storage > Controller IDE: Empty ရဲ့ ညာဘက်မှာရှိတဲ့ Attributes > Optical Drive: IDE Secondary Master ရဲ့ ညာဘက်က CD icon ကို click လုပ်ပြီး Choose a disk file ကနေ download လုပ်ထားတဲ့ Zabbix Appliance iso ဖိုင်ကို ရွေးပြီး OK နှိပ်ပါ...




Zabbix installation စဖို့အတွက် Zabbix VM ကိုရွေးပြီး Start ကို နှိပ်ပါ...




ကျော့်က MySQL နဲ့ နည်းနည်းတီးမီးခေါက်မိရှိတော့ Install Ubuntu Server with Zabbix server (MySQL)ကို ရွေးပြီး Enter နှိပ်ပါတယ်... ဘာမှ မနှိပ် မိရင်လည်း အဲဒါကိုပဲ သူ့ဘာသာ ရွေးသွားပါတယ်...




Zabbix Server ကို Installation လုပ်နေတာဖြစ်တဲ့ အတွက် IP address ကို static ပေးသင့်ပါတယ်... အဲဒါကြောင့် ပုံထဲကလို Configure the newtwork လို့ diaglog box ပေါ်လာရင် ရွေးပြီး ပြန်သွားပါ...
အကယ်၍သာ ဒီလို diaglog box မပေါ်လာရင်တော့ network ထဲက DHCP ချပေးတဲ့ device/server ကနေ IP address ရရှိသွားတာကြောင့် မမေးတာမျိုး ဖြစ်တတ်ပါတယ်... DHCP ကနေ Static IP address ပြန်ပြောင်းမယ် ဆိုရင်တော့ Zabbix Server တက်လာတဲ့ အချိန်ကျမှ terminal ထဲဝင်လို့ ရပါတော့မယ်...




ပုံထဲကလို မြင်ရပြီဆိုရင် Configure network manually ကိုရွေးပြီး enter နှိပ်ပါ...




IP address: မှာ Zabbix server ကိုပေးမယ့် IP address ထည့်ပါ... ကျော့်က 192.168.88.254 လို့ထည့်ပါတယ်... ဒီ IP လိပ်စာဟာ အင်တာနက်သုံးလို့ရဖို့ လိုအပ်ပါတယ်...
<ကိုတင်ညွန့်> ကို နှိပ်ပါ...




Netmask (sub netmask) ပေးပါ... မသိရင်ရင် install ဆက်လုပ်ဖို့ မကြိုးစားပါနဲ့...
<ကိုတင်ညွန့်> ကိုနှိပ်ပါ...




Gateway IP address ထည့်ပါ... အင်တာနက်ကို တကယ်သွားတဲ့ Gateway ဖြစ်ရပါမယ်...
<ကိုတင်ညွန့်> ကို နှိပ်ပါ...



Name server (DNS) addresses ထည့်ပါ... <ကိုတင်ညွန့်> ကိုနှိပ်ပါ...




VitrualBox ပေါ်က Zabbix VM ပေါ်မှာ ပုံထဲကလို ပေါ်လာရင် Zabbix Server စပြီး အလုပ်လုပ်နေပါပြီ...
တကယ် အလုပ် မလုပ်စစ်ဖို့နောက်ပုံကို ဆက်ကြည့်ရအောင်...




Browser တစ်ခုခုဖွင့်ပြီး address bar မှာ http://ကိုယ်ပေးခဲ့တဲ့IPaddress/zabbix/ ဆိုပြီး ရိုက်ထည့်ပြီး ဝင်ကြည့်ပါ.. ကျော့်က 192.168.88.254 ပေးခဲ့လို့ http://192.168.88.254/zabbix/ ဆိုပြီး ရိုက်ဝင်ပါတယ်... အခုလိုပေါ်လာရင်တော့ Zabbix server စပြီး အမှန်တကယ် အလုပ်လုပ်နေပါပြီ...

ကျော့်သိသမျှ Zabbix အကြောင်း - ၃ ကိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်..
နောက်အပိုင်းမှာ ဆိုရင်တော့ Zabbix Server ထဲမှာ monitor အလုပ်ခံမယ့် device တွေ ဘယ်လိုထည့်ရလဲ ဆိုတဲ့ လုပ်နည်းရေးပါ့မယ်... ဒါပေမယ့် . နောက်ထပ် အပိုင်းတွေကတော့ လာရင်လည်း လာမယ်/လာချင်မှလည်း လာမယ်... မျှော်နေရင် စိတ်မောရပါလိမ့်မယ်... ကျော့်ရဲ့ fb ဒါမှမဟုတ် blog ကို သတိရတိုင်း အသစ်ရေးပြီလားဆိုတာ ဝင်ကြည့်ပေးပါ...

ကျော့်သိသမျှ Zabbix အကြောင်း - ၂ (Zabbix Installation)


https://www.zabbix.com/download ကိုဝင်ကြည့်မယ်ဆိုရင် Zabbix Installation နည်းလမ်းတွေကို မြင်ရပါတယ်... ကျော့်ကတော့ ကျော့်အတွက် အလွယ်ဆုံးဖြစ်တဲ့ Appliance နည်းနဲ့ပဲ Install လုပ်ခဲ့ပါတယ်... Installation လုပ်နည်း မပြောခင် Zabbix Installation နည်းလမ်းတွေ ကြည့်ကြည့်ရအောင်...


Install from Packages 



Install from Packages နည်းလမ်းကတော့ သက်ဆိုင်ရာ Linux OS တွေပေါ်မှာ Zabbix Installation လုပ်နည်းတွေပါ... သက်ဆိုင်ရာ OS ကို အရင် install လုပ်ထားရမှာ ဖြစ်ပါတယ်...
ဥပမာ - ကိုယ်က Raspberry Pi ပေါ်မှာ Zabbix ကို Install လုပ်မယ်ဆိုပါတော့... Pi ပေါ်မှာ Raspbian OS ကို အရင် တင်ထားရမှာပါ... ပြီးရင် ကိုယ်တင်မယ့် Zabbix version ကို ရွေး >  Raspbian ကိုရွေး > OS Version ကိုရွေး > ကိုယ်သုံးမယ့် Database အမျိုးအစား ကိုရွေး > ကိုယ်သုံးချင်တဲ့ Web Server အမျိုးအစားကို ရွေးလိုက်မယ်ဆိုရင် 2 Install and configure Zabbix server for your platform အောက်မှာ Terminal မှာ Zabbix Install လုပ်ရမယ့် အဆင့်တွေကို ပြပေးထားပါတယ်... အဲဒီ အဆင့်တွေ အတိုင်း လိုက်လုပ်ပေးရမှာပါ...


Zabbix Cloud Images


Zabbix ကို AWS, Microsoft Azure, Google Cloud, DigitalOcean cloud service တွေပေါ်မှာ install လုပ်နိုင်ပါတယ်... Install လုပ်နည်းကတော့ သက်ဆိုင်ရာ ကိုယ်သုံးမယ့် Cloud Service ပေါ်မူတည်ပြီး ကွာခြားမှု ရှိနိုင်ပါတယ်... ဒီ Cloud Service တွေပေါ် Zabbix ကို Install လုပ်မယ်ဆိုရင်တော့ လစဉ်ကြေးနဲ့ဖြစ်ဖြစ်၊ အသုံးပြုမှုပေါ် နာရီ/usage နဲ့ဖြစ်ဖြစ် တွက်ချက်ပြီး ပေးချေရမယ့် ကုန်ကျမှုတွေ ရှိနိုင်ပါတယ်... Cloud ပေါ်တင်ပြီးသုံးမယ် ဆိုရင်တော့ Monitoring အလုပ်ခံမယ့် Device တွေ Serivce တွေဟာ Internet Access ရှိစရာ လိုပါတယ်... ကျတော်တော့ မစမ်းဖူးသေးပါဘူး...
တကယ် Installation လုပ်နည်းပြောရင် ပိုက်ဆံအကုန်ခံပြီး စမ်းကြည့်ရင်ကောင်းမလားတောင် မသိဘူး...


Zabbix Container Images



ကျော့်က container ဆိုရင် ပစ္စည်းသယ်တဲ့ Container ပဲ သိပါတယ်... Container အပိုင်း သိရင်တော့ Zabbix Installation from Containers Manual ဖတ်ပြီးလုပ်လို့ရပါတယ်...


Zabbix Appliance



ကိုယ့် Hardware ကိုယ့် VM ပေါ်မှာပဲ run မယ်ဆိုရင်တော့ Zabbix Appliance က အလွယ်ကူဆုံးနည်းလို့ ကျော့်ထင်ပါတယ်... ကျော့်အတွက်ကတော့ လွယ်လို့ပါ... ကျော့်စသုံးမယ်ဆိုတော့ Install from Packages နည်းနဲ့တင်တော့ ဘာတွေလိုလို့လည်း မသိပါဘူး... Zabbix server ကြီးက မတက်လာဘဲ ပြလိုက်တဲ့ error တွေ...
ကျော့်ကတော့ Installation CD/DVD (.iso) ကိုပဲ download လုပ်ပြီး Install လုပ်ပါတယ်... ဒီဖိုင်က Hardware ပေါ်တင် run လည်း အဆင်ပြေသလို VM ပေါ်တင် run မယ်ဆိုလည်း အဆင်ပြေတယ်လေ...


Zabbix Sources



ဒါကတော့ Zabbix ကို Customization လုပ်ချင်တဲ့သူတွေ အတွက်ပါ... ကျော့်တော့ မလုပ်တတ်ပါဘူး... သူပေးတဲ့ feature တွေနဲ့ကို အဆင်ပြေနေပါပြီ...


Zabbix Agents


Zabbix Agents ကတော့ monitoring အလုပ်ခံမယ့် device တွေမှာ ထည့်ရမယ့် agent တွေပါ... ဒီ agent တွေမထည့်လည်း snmp သုံးပြီး zabbix နဲ့ ချိတ်ဆက်ပြီး monitoring လုပ်လို့ရပါတယ်...
ကျော့်သိသမျှ Zabbix အကြောင်း -၂ ကိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်...

နောက်အပိုင်းမှာ ဆိုရင်တော့ Zabbix Server Installation လုပ်နည်းရေးပါ့မယ်... ဒါပေမယ့် . နောက်ထပ် အပိုင်းတွေကတော့ လာရင်လည်း လာမယ်/လာချင်မှလည်း လာမယ်... မျှော်နေရင် စိတ်မောရပါလိမ့်မယ်... ကျော့်ရဲ့ fb ဒါမှမဟုတ် blog ကို သတိရတိုင်း အသစ်ရေးပြီလားဆိုတာ ဝင်ကြည့်ပေးပါ...