Skip to main content

ဟက်ကတ် လို အသားအရည် ချောမွေ့ချင်လား (Photo Retouching Tutorial)

ဟက်ကတ် လို အသားအရည် ချောမွေ့ချင်လား (Photo Retouching Tutorial)
အပေါ်ပုံနဲ့ အောက်က ဓာတ်ပုံ ၂-ခုကို သေချာ နှိုင်းယှဉ်ကြည့်ပါ… အဘောက် အသား အရေထက် ဟက်ကတ်ရဲ့ အသား အရည်က ပိုမို ချောမွေ့နေတာကို တွေ့ရပါလိမ့် မယ်… ဒီလို အသားအရည် ချောမွေ့နူးညံ့အောင် ပြင်တဲ့နည်းကို အဆင့်လိုက် တင်ပြပေးပါ့မယ်….

၁. ပြင်ချင်တဲ့ ဓာတ်ပုံဖိုင်ကို Photoshop နဲ့ ဖွင့်လိုက်ပါ… ဓာတ်ပုံ Layer ကို duplicate layer လုပ်လိုက်ပါဦး… Duplicate layer ဘယ်လို လုပ်ရသလဲ ဆိုတော့ မူရင်း layer ပေါ Right Click လုပ်ရင် Pop-up Menu ကျလာပါလိမ့်မယ်… အဲဒီထဲက Duplicate Layer ဆိုတာကို ရွေးလိုက်ရင် ရပါပြီ…

မူရင်း ဓာတ်ပုံ layer အမည်ကို Org လို့ပေးပြီး … ပွားထားတဲ့ layer ကို edit လို့အမည် ပေးလိုက်ပါ…

၂. Edit လို့ အမည်ပေးထားတဲ့ Layer ကို Properties box ထဲကနေ select လုပ်ထားပေးပါ…

၃. Filter -> Blur -> Gaussian Blur ကိုရွေးပါ… Gaussian Blur dialog ပေါ်လာပါလိမ့်မယ်… အဲဒီထဲက Radius ထဲမှာ 6 pixels လို့ ရိုက်ထည့်ပေးပါ… ပြီးရင် OK နှိပ်ပါ… Edit Layer မှာရှိတဲ့ ပုံဟာ မှုံဝါးဝါး ဖြစ်သွားပါလိမ့်မယ်…

၎. Edit Layer ကို select ပေးထားပြီး Layer Properties box အောက်ဆုံးမှာ ရှိတဲ့ Add Layer Mask ဆိုတာလေးကို နှိပ်လိုက်ပါ…

ပုံမှာ ပြထားတဲ့အတိုင်း edit layer ရဲ့ Thumbnail ပြထားတဲ့ ညာဘက်ကပ်လျှက်မှာ အဖြူရောင် ထောင့်မှန်စတုဂံကွက် တစ်ကွက် ဖြစ်လာပါလိမ့်မယ်…

၅. အဖြူရောင် ထောင့်မှန် စတုဂံကွက်ဟာ အနက်ရောင် ဖြစ်သွားအောင် Foreground အရောင် ကို အမဲရောင်ရွေးပြီး Paint Bucket Tool နဲ့ edit layer ပေါ် ဖြည့်လိုက်ပါ… ၀ါးတားတား ဖြစ်နေတဲ့ ဓာတ်ပုံပျောက်သွားပါလိမ့်မယ်…

၆. Tool Box က Brush Tool ကို ရွေးပေးပါဦး… Option bar (Menu bar အောက်ကပ်ရပ်မှာ ရှိတဲ့ bar) ထဲက Brush: လို့ရေးထားတဲ့ စုတ်တံ အရွယ်အစား ပြောင်းတဲ့ box ပေါ် ကလစ်လုပ်လိုက်ပါ…

- Master diameter ကို 30 ထားပေးပါ… (ကိုယ် အဆင်ပြေမယ့် အရွယ်အစား ထားလိုက်ပါ…)

- Hardness ကို 0 ပဲထားပေးပါ…

- Foreground colour ကို အဖြူရောင် ပြောင်းပေးပါ…

၇. Layer properties box ထဲက Edit layer -> Layer Mask box ပေါ် ကလစ်နှိပ်ပေးပါ…

၈. စုတ်တံလေးနဲ့ မျက်နှာပြင်ပေါ်က အသားအရေပေါ်လိုက်ခြယ်လိုက်ပါ… စုတ်တံနဲ့ ခြယ်သပြီးတဲ့ နေရာမှာ ရှိတဲ့ အသားအရေဟာ ချောမွေး နူးညံ့လာတာကို တွေ့ရပါလိမ့်မယ်… မျက်လုံး၊ မျက်ခုံမွှေး၊ ဆံပင်၊ ပါးစပ်လို နေရာမျိုးတော့ စုတ်တံနဲ့ မခြယ်သမိပါစေနဲ့…

Gaussian Blur လုပ်တဲ့အခါ ရွေးတဲ့ ပမာဏအနည်းအများပေါ် မူတည်ပြီး ချောမွေ့မှုတွေပါ ကွာခြားပါလိမ့်မယ်…

ဒီနည်းကို ပြောပြပေးတဲ့ ကိုသခင်ကြီး(http://tkg-photographicdiary.blogspot.com/)ကို ကျေးဇူးအထူးပဲ တင်ပါတယ်...

Comments

NLS said…
ကောင်းမွန် ထိရောက်လှ အကျိုးများလှကြောင်းပါ ဆရာမောင်လှခင်ဗျား။
လေယာမက်ခ် နဲ့ ပတ်သတ်ပြီး စိတ်ထဲမရှင်းတာလေး တစ်ခုကို သိလိုက်ရလို့ အလွန့်ကို ကျေးဇူးတင်ပါတယ်။
MgHla said…
ကျတော့်ကို ကျေးဇူးတင်ရမှာ မဟုတ်ပါ... ကိုသခင်ကြီး လို့ခေါ်တဲ့ ကိုJL ကို ကျေးဇူးတင်လိုက်ပါ....
မေ said…
ကိုမောင်လှရဲ့ Beauty Parlor မှာ အလှလာပြင်မယ်
madyjune said…
Thanks for the tip.

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...