မီတာခများနှင့် ဓာတ်ဆီ ဈေးနှုန်း တက်ရန် မရှိသေး
နွယ်နွယ်အေးနှင့် သက်ခိုင်
ဧပြီလ ၉ ရက်နေ့က ကျင်းပသည့် သတင်းစာ ရှုင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားနေစဉ်။ ဓာတ်ပုံ-လွင်မောင်မောင်
ဓာတ်ဆီနှင့် ဒီဇယ်များကို တစ်ဂါလန်လျှင် ကျပ် ၁ç၅၀၀ မှ ကျပ် ၂ç၅၀၀ အထိသို့ လည်းကောင်း၊ လျှပ်စစ် တစ်ယူနစ်လျှင် ၂၅ ကျပ်မှ ၇၅ ကျပ်သို့ လည်းကောင်း တိုးမြှင့် ကောက်ခံ တော့မည် ဆိုသည့် သတင်းများသည် ကောလာဟလသာ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မ·းချုပ် ကျော်ဆန်းက္ဘပြီလ ၉ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပသည့်သတင်းစာ ရှင်းလင်း ပွဲသို့တက်ရောက်လာသည့် သတင်းစာဆရာများအား ပြောကြား သည်။
လွန်ခဲ့သည့်လက ကုန်သွယ်ခွန်နှင့် ၀င်ငွေခွန်များ ပြင်ဆင်သည့် ဥပဒေများထွက်ပေါ်ပြီးနောက် မြန်မာနိုင်ငံရှိ ကုန်သည်အချို့က နိုင်ငံတော်မှ ၀န်ထမ်း တစ်သန်းကိုလစာပေးရန် ယင်းတို့အား အခွန်များတိုးမြှင့်ကောက်ခံမည့်အစား လောင်စာ ဆီ ဈေးနှုန်း များကို ကျပ် ၁ç၅၀၀ မှ ကျပ် ၃ç၀၀၀ သို့လည်းကောင်း၊ လျှပ်စစ်မီတာခများကို ကျပ် ၂၅ မှ ကျပ် ၁၀၀ သို့ လည်းကောင်း တိုးမြှင့် ကောက်ခံသွားရန် အကြံပြုချက်နှင့် ပတ်သက်၍ မေးမြန်းရာ အခွန်အကောက်များနှင့်ပတ်သက်၍ ထုတ်ပြန် ထားသည့် ဥပဒေများအတိုင်းဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် ယင်းသို့ တိုးမြှင့် ကောက်ခံသွားရန် မရှိသေးပါကြောင်း ၀န်ကြီးက ထပ်မံအတည်ပြု ပြောကြားသည်။
source: http://www.myanmar.mmtimes.com/2005/news/257/n003.htm
Wednesday, May 03, 2006
Posted by
MgHla
at
2:39 pm
ဒီနေ့ မြန်မာတိုင်းမ်ကို ၀င်ကြည့်တော့ အောက်က ပြထားသလိုပဲဗျာ... ဘယ်တုန်းက ၂.၅ကျပ် ကနေ ၂၅ကျပ် ဖြစ်သွားလဲမသိ... သြော်.. မီတာခ တက်ထားတာ သတင်းစာ ရှင်းလင်းပွဲ မတိုင်ခင် ကတည်းကကိုး...
1 comment:
ကိုမောင်လှ
ပျောက်လှချည်လားဗျာ။ နေမှကောင်းရဲ့လား။ သမီးလေးနဲ့ အလုပ်ရှုပ်နေ ထင်ပါရဲ့။
Post a Comment