Skip to main content

Gtalk မဋ္ဋာ င်္ိမန်မာလို ရိုက်ရအောင်

ဇော်ဂ္လီ င်္ိမန်မာ ယူနီကုတ်ဖောင့်ရဋ္ဋိမဋ္ဋ အောက်ဖော်င်္ိပပြ post ရဋ္ဋိ စာမ္လားကို အဆင်ငေ်္ိပငေ်္ိပ ဖတ်ရ႙ြိုင်ပလြိမ့်မယ်

ဂျီတော့လ်ခ်နဲ့ မြန်မာလိုရေးနိုင်ပါပြီ။ ဒီတစ်ခါတော့ တကယ်ပြောတာပါ။ အမှန်ကတော့ ဧရီယယ်ဖောင့်ကို ဟက်လုပ်လိုက်တာပါ။ မိုက်ကရိုဆော့ဖ်က သူ့ ဧရီယယ်ဖောင့်ထဲမှာ တစ်ကမ္ဘာလုံးက ဘာသာစကားတွေ ထည့်ထားပြီး မြန်မာစာကိုမှသာ မထည့်ပေးသေးတော့ ကျွန်တော်တို့မှာ ဒီလို နည်းလမ်းတွေနဲ့ ဖောက်ထွင်းသုံးနေရပါတယ်။ ဒီဖောင့်ဟက်ကို ထည့်သုံးမယ်ဆိုရင် သတိပေးချင်ပါတယ်။ ဧရီယယ်ဖောင့်ဆိုတာ system ဖောင့်တစ်ခုပါ။ သိပ်အရေးပါပါတယ်။ ၀င်းဒိုးစ်၊ ၀က်ဘ်စာမျက်နှာတွေ အတော်များများမှာ သုံးထားပါတယ်။ အခု ဧရီယယ်+ဇော်ဂျီဖောင့်ကို ထည့်လိုက်ရင် (၁) စာကြောင်းတွေ အနည်းငယ် ကြဲသွားပါမယ်။ (၂) စာလုံးအကွာအဝေး ကတော့ သိပ်မသိသာပါဘူး။ (၃) တစ်ခြားမတွေ့ရသေးတဲ့ ပြဿနာ ပေါင်းစုံနဲ့ တွေ့ကြုံနိုင်တယ် ဆိုတာကို ကြိုတင် သတိပေးပါတယ်။ ဒါကိုမှ လုပ်ချင်သေးသပဆိုရင်တော့ အောက်ပါအဆင့်များအတိုင်းလုပ်သွားပါ။ ၁။ လက်ရှိ ဧရိယယ်ဖောင့် (Arial.ttf) ကို C:\Windows\Fonts folder ထဲက ကူးယူပြီး အရံသိမ်းထားပါ။ ၂။ (မလုပ်ဖြစ်မှာစိုးလို့) - လက်ရှိ ဧရိယယ်ဖောင့် (Arial.ttf) ကို C:\Windows\Fonts folder ထဲက ကူးယူပြီး တစ်နေရာမှာ အရံသိမ်းထားပါ။ ၃။ ဧရီယယ်ဖောင့်ကို သုံးနေတဲ့ ၀က်ဘ် browser တွေ၊ တစ်ခြား ပရိုဂရမ်တွေ၊ ဂျီတော့လ်ခ် စတာတွေကို ပိတ်လိုက်ပါ။ သင့်ရဲ့ Desktop ကပါသုံးနေတယ်ဆိုရင် အဲဒါတွေကိုလည်း ပြောင်းဖို့လိုမယ်။ ၄။ C:\Windows\Fonts folder ထဲက (Arial.ttf) ကို ကူးယူပြီးဆိုရင် (Arial.ttf) ကို delete လုပ်ပါ။ delete လုပ်လို့ မရရင် ဖွင့်ထားတဲ့ ပရိုဂရမ်တစ်ခုခုက ဧရီယယ်ကို သုံးနေပါသေးတယ်။ စက်ကိုပိတ်ဖွင့်လုပ်ပါ။ ၅။ ဒီနေရာကနေ ဧရီယယ်+ဇော်ဂျီကို ရယူပါ။ ကီးဘုတ်ဖိုင်တွေလည်း မရသေးဘူးဆိုရင် ယူပါ။ ဖောင့် - (http://www.planet.com.mm/fonts/arizawgyi.zip) ကီးဘုတ် - (http://www.planet.com.mm/fonts/zawgyi_keyborad_layout.zip) ၆။ ရရှိလာတဲ့ ဇစ်ဖိုင်ကို ဖြေချပြီး ထွက်လာတဲ့ ဧရီယယ်+ဇော်ဂျီဖောင့်ဖိုင် (ttf extension) ကို C:\Windows\Fonts folder ထဲ ကူးထည့်ပါ။ အားလုံးအဆင်ပြေတယ်ဆိုရင် သင့်ရဲ့ ၀င်းဒိုးစ်ရဲ့ ဧရီယယ်ဖောင့်ဟာ ပြောင်းသွားပါပြီ။ မြန်မာကီးဘုတ်ကိုလည်း သွင်းလို့ရတယ်ဆိုရင် ဂျီတော့လ်ခ်ကိုသာ ဖွင့်ပြီး အင်္ဂလိပ်လိုရော မြန်မာလိုပါ ရေးပါတော့။ တစ်ဖက်သားကလဲ ဒီဖောင့်ကို ရှိထားရပါမယ်။ မရှိရင်တော့ လေးထောင့်ကွက်။ ကီးဘုတ်တွေ မသွင်းတတ်ဘူး၊ မပြောင်းတတ်ဘူးဆိုရင် နောက်လုပ်နိုင်တာတစ်ခုက ဖိုရမ် စာရေးတဲ့ ဖောင်စာမျက်နှာကို ဖွင့်ထားပြီး အဲဒီထဲမှာ မြန်မာလို ရိုက်ထည့်၊ အဲဒီစာတွေကို ကော်ပီကူးပြီး ဂျီတော့လ်ခ်ထဲ ကူးထည့်လို့ ရပါတယ်။ ပိုတော့ အလုပ်ရှုပ်သလိုရှိတယ်။ ဒါပေမဲ့ ချစ်ရသူ/လိုက်ရသူက စောင့်နေရင်တော့ ဘာတတ်နိုင်မှာလဲ။ လုပ်ပေးရမှာပေါ့။

ကျေးဇူး

Planet Admin

source:http://www.planet.com.mm/forums/topic.cfm?forum_id=78&Topic_Id=21643

Comments

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...