ကျော့်သိသမျှ Zabbix အကြောင်း ၄ (How to add SNMP Client Device.) Browser တစ်ခုခုဖွင့်ပြီး address bar မှာ http://ကိုယ်ပေးခဲ့တဲ့IPaddress/zabbix/ ဆိုပြီး ရိုက်ထည့်ပြီး ဝင်ကြည့်ပါ.. ကျော့်က 192.168.88.254 ပေးခဲ့လို့ http://192.168.88.254/zabbix/ ဆိုပြီး ရိုက်ဝင်ပါတယ်... Username: Admin (A ၁-လုံးတည်း အကြီးပါ) Password: zabbix ရိုက်ထည့်ပြီး Sign in ခလုတ်ကို နှိပ်ပါ... ပုံထဲကလိုမျိုးပေါ်လာပါလိမ့်မယ်... ပုံထဲကလို Global View မှာ ကိုယ့်ရဲ့ zabbix server မှာ ထည့်ထားတဲ့ device တွေရဲ့ အခြေအနေကို ပြပါတယ်... Monitor အလုပ်ခံမယ့် device တစ်ခုကို အရင်ဆုံး SNMP agent ဖွင့်ရအောင် Configure လုပ်ရအောင်ပါ... ကျော့်ဆီမှာရှိနေတဲ့ ရှေးဟောင်း Ubiquiti Loco M5 ထဲက SNMP agent ရှိတဲ့နေရာကို လိုက်ရှာပါတယ်... ဟော Services ထဲမှာ SNMP Agent ကိုတွေ့ပါပြီ... SNMP Agent ကို Enable လုပ်ပါ... SNMP Community နေရာမှာ စာသားတစ်ခုခု ရိုက်ထည့်ပါ... SNMP Community ဆိုတာ အရေးကြီးပါတယ်... ဘာလိုလဲဆိုတော့ Monitor လုပ်မယ့် Server နဲ့ အလုပ်ခံမယ့် device တို့ကြားမှာ password လို PreShared Key လို အလုပ် လုပ်လို့ပါ
MgHla's ဒိုင်ယာရီ