Skip to main content

Posts

မန္တလေးတွင် ၂၀-ဒီဇင်ဘာ-၂၀၁၁ ရက်နေ့မှ စပြီး ဂုံးကျော် တံတား ၂-ခုအား ဆိုင်ကယ် စက်ဘီး အသုံးပြုခွင့် မပြုခြင်းကြောင့် ယာဉ်ကြောများ ယခုထက် ပိုမို ပိတ်ဆို့နိုင်

ဂုံးကျော်တံတား ၂-ခုအား ၂၀-ဒီဇင်ဘာ-၂၀၁၁ ရက်နေ့မှ စပြီး ဆိုင်ကယ် စက်ဘီး သွားလာခွင့် ပိတ်ပင်မှုအား မန္တလေးထုတ် သတင်းစာ ဖတ်သည့် လူအနည်းစုသာ သိရှိကြပြီး ၇-ရက်ခန့်သာ သတင်းစာထဲမှ ကြိုတင်ကြေငြာ... (သတင်းစာထဲ ပြန်ကြည့်တော့ ၁၇-ဒီဇင်ဘာ-၁၁ ထုတ် သတင်းစာမှသာ ကြေငြာချက် စတွေ့) ၃၅-လမ်း ဂုံးကျော် ပုံမှန် အသုံးပြုနေသော ဆိုင်ကယ်စီးသူများမှာ အနီးဆုံး ၃၆-လမ်းမှ ဂုံးကျော်ရှောင်ပြီးသွားရန်လိုအပ်သည်... ၃၆-လမ်း ပေါ် ၇၈-လမ်းနှင့် လမ်း-၈၀ လမ်းဆုံများမှာ ယခင်ကတည်းက ကား၊ ဆိုင်ကယ်၊ စက်ဘီး အရမ်းရှုပ်သည့် လမ်းဖြစ်ပြီး ယာဉ်ထိန်းရဲများ လမ်းရှင်းပေးမှု အားနည်းသည့် လမ်းဆုံများ ဖြစ်ပါသည်။ ၃၅-လမ်းပေါ် လမ်း ၈၀ နှင့် ၈၁-လမ်း လမ်းဆုံများမှာလည်း လမ်းပိတ်ဆို့မှု ပိုမို ဖြစ်ပေါ်လာနိုင်.... လမ်းပိတ်ဆို့မှုဖြေရှင်းလိုသည့် အတွက် ဂုံးကျော် တံတားများအား ဆိုင်ကယ်၊ စက်ဘီး အသုံးပြုခွင့် ပိတ်ပင်သည်ဆိုပါက ဆေးမီးတိုနှင့် ကုသည့် လုပ်ဆောင်ချက်ဟုသာ မြင်ပါသည်။ ၂၆-လမ်းမှ ၃၅-လမ်း အတွင်း ၃၅-လမ်း ဂုံးကျော် တစ်ခုသာလျှင် အခမဲ့ အဆင်ပြေစွာ အသုံးပြုနိုင်သည့် အတွက်သာ ၃၅-လမ်း ဂုံးကျော်မှာ လမ်းပိတ်ဆို့မှု များနေရခြင်းသာ ဖြစ်သည်ဟု မြင်ပါသည်... မီးရထား ဘ

Ubuntu Hour Mandalay ကျင်းပမည်...

အခမဲ့ အသုံးပြုနိုင်တဲ့ Operating System အမျိုးစား တစ်ခုဖြစ်တဲ့ Linux မျိုးနွယ်ဝင် Ubuntu အကြောင်း ရှင်းလင်း ပြသ သရုပ်ပြပွဲကို မန္တလေးမြို့ ၃၂-၃၃လမ်း၊ ၇၇-၇၈ လမ်းကြား ရွှေဖြူပလာဇာ ဒုတိယထပ် ကွန်ပျူတာအသင်း ခန်းမမှာ လာမယ့် ၄-ဒီဇင်ဘာ-၂၀၁၁ ရက်နေ့မှာ မနက် ၁၀-နာရီကနေ ညနေ ၅-နာရီအထိ ကျင်းပမယ်လို့ သိရပါတယ်... တက်ရောက်မည့် သူများ http://u4mdy.doattend.com/ မှာ register ပြုလုပ်ပြီး e-mail နဲ့ ပြန်လည်ပေးပို့လာတဲ့ ticket ကို print ထုတ်ယူခဲ့ပါက Ubuntu OS install + software များပါတဲ့ DVD များ အခမဲ့ ရရှိမှာ ဖြစ်ပါတယ်...  အသေးစိတ် အချက်အလက်များကို https://www.facebook.com/events/282616318443693/ မှာ မေးမြန်းနိုင်ပါတယ်...

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို ရောက်ခဲ့တယ်...

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို နေ့ခင်း ၂-နာရီကျော်လောက် ရောက်သွားတော့ နေ့လွှတ် တိရိစ္ဆာန် အကောင်ပုံ ချိုးထားတဲ့ မီးပုံပျံတွေ လွှတ်နေပါပြီ...  ကြက်ဆိုတဲ့ အမျိုးက မိုးပေါ်ပျံလို့လား ခင်ဗျ... မိုးပေါ် မပျံချင်လို့တဲ့... ကြက်တစ်ကောင်ရဲ့ ဘဝ နိဂုံးပေါ့ဗျာ... ဘာမှန်း ညာမှန်း မသိ မီးထိုးတဲ့ အောက်အထိလည်း ဝင်ရိုက်ခဲ့တယ်... ချယ်ရီဦးကြီး တက်သွားပြီး မီးကျည်တွေ ကျတော့်ဆီ ပြေးလာနေကြတယ်... ညှော်နံ့ရတယ်... အင်္ကျီတွေ မီးများ ပေါက်သွားသေးလား... ကားက ပြန်ထွက်လို့ မရလို့ ကားပေါ် အိပ်နေတဲ့အချိန် မီးရှုး မီးပန်း မီးကျည်တွေ ကျလာလို့ အပြင်ထွက်ကြည့်တော့ မီးပုံပျံကြီး ပျက်ကျ တာပါလား... မီးငြိမ်းစရာ မီးသတ်ဆေးဘူးလည်း မရှိဘူး... နောက်ဆုံးတော့ မီးမငြိမ်းဘဲ မီးလှုံကြနေလေရဲ့.... များပြားလှတဲ့ လူအုပ်ထဲမှာ လမ်းလျှောက်စရာမလိုဘဲ တရွေ့ရွေ့နဲ့ မျောပါလို့ မနည်း ရုန်းထွက်ခဲ့ရတယ်... များပြားလွန်းတဲ့ လောင်းကစားဝိုင်းတွေ... အရက်၊ ဘီယာပွဲတော်လို့ပါ ပြောနိုင်တဲ့ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်... မြန်မာ စည်ဘီယာ တစ်ခွက် ၇၅၀-ကျပ်ကနေ ၁၀၀၀-ကျပ် ဝန်းကျင်ဈေးရှိတယ်... တုတ်ထိုး၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်ဆိုင်လေးတွေလည်းေ

iPhone 3GS baseband 06.15 old bootroom ရယ်၊ iOS 5 ရယ်၊ sn0wbreeze ရယ်၊ ကျတော်ရယ်…

iPhone 3GS မှာ အသစ်ထွက်လာတဲ့ iOS 5 တင်လို့ရတာ သိတော့ တင်ချင်တာ လက်ကိုယားလို့… iOS 5 ဘယ်လို တင်ရမလဲဆိုတာ အင်တာနက်ထဲ လိုက်ရှာဖတ်တာပေါ့… အင်္ဂလိပ်လို ရေးထားတဲ့ ဆိုဒ်ကတော့ တော်တော်များများ လိုက်ဖတ်ဖြစ်တယ်…  http://www.redmondpie.com/ နဲ့ မြန်မာလိုရေးထားတဲ့ အထဲမှာတော့ http://www.moethagyar.info ကို ဖတ်ပြီး ဘာဖြစ်ဖြစ် တင်မယ်ဆိုပြီး လိုတာတွေ download လုပ်ပြီး တင်ဖြစ်သွားတယ်… တင်တဲ့ အဆင့်တွေတော့ မရေးတော့ပါဘူး… redmondpie.com နဲ့ moethagyar.info ဟာတွေကိုသာ ပေါင်းစပ်ပြီး အသုံးချလိုက်ပါတော့…  redsn0w (သို့) sn0wbreeze ၂-ခု ထဲက ကျတော်တော့ sn0wbreeze သုံးပြီး လုပ်လိုက်ပါတယ်… iPhone 3GS baseband 06.15 (iPad baseband) ဖုန်းတွေက Apple ကပေးတဲ့ firmware ကို တိုက်ရိုက် ထည့်လို့ မရပါဘူး… custom firmware ထည့်မှကို ရပါတယ်… အဲဒီတော့ sn0wbreeze-v2.8b8 ကိုသုံးပြီး custom firmware လုပ်တာပေါ့…  ပထမလုပ်တုန်းက Activate the iPhone [Hacktivate] ကို မရွေးခဲ့မိလို့ iOS 5 တက်လာပြီး initial configuration  လုပ်တော့ ဒီ sim card နဲ့ သုံးလို့ မရပါဘူးဆိုပြီး လုပ်နေတာနဲ့ နောက်တစ်ခါ Activate the iPhone [Hacktivate] အမှန်ခြစ

မန္တလေးမှာ Wonderful Indonesia ဓာတ်ပုံပြပွဲနှင့် Beyond Mandalay ဓာတ်ပုံပြပွဲများ ကျင်းပနေ

အင်ဒိုနီးရှားက ပြန်လာတဲ့ ဓာတ်ပုံဆရာကြီး ၃-ဦးရဲ့ Wonderful Indonesia ဓာတ်ပုံပြပွဲနှင့် မန္တလေးက ဓာတ်ပုံဆရာ ၅၀-ပါဝင်တဲ့ Beyond Mandalay ဓာတ်ပုံပြပွဲများကို လမ်း-၈၀၊ ၂၄-လမ်းထောင့် အမျိုးသားပြတိုက် သီရိဝစ္ဆ အနုပညာခန်းမမှာ ဒီနေ့ကစပြီး ၂၈-ရက်နေ့အထိ ပြသနေပါတယ်...  My Labels: Mandalay News, Myanmar News, Photo Exhibition

Gitameit Music Concert 2011 Mandalay

ဂီတမိတ် ရန်ကုန်နဲ့ မန္တလေး ပညာရှင်တွေ ပူးပေါင်းပြီး Gitameit Music Concert 2011 Mandalay ပွဲကို အခုလာမယ့် 2-Oct-2011 (တနင်္ဂနွေနေ့)မှာ Oriental House မှာ ပြုလုပ်မှာပါ... အခမဲ့ဝင်ရောက် ကြည့်ရှုနိုင်ခွင့် လက်မှတ်များကို ၂၈-လမ်းနှင့် ၅၉-လမ်းထောင့်မှာ တည်ရှိတဲ့  ဂီတမိတ် (မန္တလေး)မှာ ထုတ်ယူနိုင်ပါတယ်...