ဒီ Gmail + Google Authenticator (ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်အောင်...) ပြုလုပ်တာဟာ လုပ်ရင်း အဆင်မပြေမှုတွေဖြစ်ပေါ်နိုင်တဲ့ အတွက် အရေးမကြီးတဲ့ Gmail Account မှာ အရင်စမ်းစေချင်ပါတယ်။ Gmail Account locked ကျသွားတာမျိုး၊ ဝင်မရတာမျိုး ဖြစ်ခဲ့ရင်တော့ ကျွန်တော် တာဝန်ယူမည် မဟုတ်ပါကြောင်း ကြိုတင် အသိပေး မေတ္တာရပ်ခံပါရစေ။ ကျွန်တော်တို့ရဲ့ Gmail Account များကို ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်အောင် ပြောင်းကြရအောင်ပါ... အဲဒီလို ပြောင်းဖို့ အတွက် ဘာတွေလိုအပ်မလဲဆိုတော့ Google Authenticator အင်စတော လုပ်ထားတဲ့ Android/iPhone/Blackberry handset (၁)လုံး၊ Google က ပြန်လည် ခေါ်ဆိုလို့ရမယ့် ဖုန်းလိုင်း (သို့) sms လက်ခံနိုင်မယ့် ဖုန်းလိုင်း၊ ကွန်ပျူတာ၊ အင်တာနက် တွေလိုအပ်ပါတယ်... Google Authenticator ထည့်သွင်းထားသော android handset ကျွန်တော်တို့ အခုလုပ်မယ့်ဟာကို Gmail မှာ 2-Setup Verification လို့ google က သုံးနှုန်းပါတယ်... 1. ကွန်ပျူတာကနေ Gmail ထဲကို ဝင်လိုက်ပါ။ mail စစ်လို့ရ၊ ပို့လို့ရတဲ့ နေရာကို ရောက်ပြီဆိုရင် screen ရဲ့ ညာဘက် အပေါ်ထောင့်က email လိပ်စာပေါ် click လုပ်ပြီး ပေါ်လာတ
MgHla's ဒိုင်ယာရီ