Skip to main content

ကိုယ့် Blog မှာ နောက်ဆုံး ရေးထားတဲ့ Comment များကို side bar မှာ ထည့်ရအောင်...

ပထမဆုံး လုပ်ရမယ့် အလုပ်က www.blogger.com ထဲကို login အရင်ဝင်ပါ.... Dashboard ထဲကို ရောက်ပြီဆိုရင် ကျတော်တို့ ပြင်ချင်တဲ့ blog ရဲ့ Manage: ဆိုတဲ့ နေရာမှာ ရှိတဲ့ Layout ကို click လုပ်ပါ....


ပုံထဲမှာ ပြထားတဲ့ အတိုင်း (၁) Page Elements ဟုတ်ရဲ့လား အရင်စစ်ပါ... ဟုတ်ပြီဆိုရင် (၂) Add A Page Element ကို click လုပ်ပါ... နောက်ထပ် windows တစ်ခုပေါ်လာရင် (၃) Feed ကို တွေ့အောင် ရှာပါ... တွေ့ပြီဆိုရင် ADD TO BLOG ကို နှိပ်ပါ... http://your_site_name.blogspot.com/feeds/comments/default ထည့်ပေးပါ... your_site_name ဆိုတဲ့နေရာမှာ ကိုယ့် blog နာမည် ထည့်ပါ... MgHla လို့ သွားထည့်မိရင်တော့ ကျတော့် ဘလော့က comment တွေ လာပေါ်နေပါလိမ့်မယ်... OK ကို click နှိပ်လိုက်ရင် အောက်က ပုံအတိုင်း windows နောက်တစ်ခု ပြောင်းသွားပါလိမ့်မယ်...
Title ဆိုတဲ့ နေရာမှာ Recent Comments or Latest Comments or ကိုယ်ကြိုက်တဲ့ စာသား ရိုက်ထည့်ပါ... show နေရာမှာ ကျတော်တို့ ပေါ်စေချင်တဲ့ comment အရေအတွက်ကို ရွေးပေးရမှာ ဖြစ်ပါတယ်... Item dates ဆိုတာက comment ပေးထားတဲ့ ရက်စွဲ ဖော်ပြချင်ရင် သုံးပါတယ်... Item sources/authors ရဲ့ ရှေ့မှာ အမှန်ခြစ်ပေါ်အောင် လုပ်ထားမယ်ဆိုရင်တော့ comment ပေးထားခဲ့သူ နာမည်(nick) ကို ဖော်ပြပေးမှာဖြစ်ပါတယ်... ပြီးပြီ ဆိုရင်တော့ SAVE CHANGES ကို click လုပ်လိုက်ပါ... ပထမဆုံးပုံက နေရာ ပြန်ရောက်သွားရင် SAVE button ကို နှိပ်လို့ရရင် နှိပ်လိုက်ပါ... ပြီးရင် ကိုယ့်ဘလော့ကို ပြန်ကြည့်ပါ...

ကျတော့် ဘလော့မှာတော့ အပေါ်က အတိုင်း မြင်နေရပါတယ်... Saturngod ရေးတဲ့ Comment တွေကို RSS နဲ့ကြည့်မယ်... ဆိုတဲ့ post ကို ဖတ်ပြီး စမ်းလုပ်ကြည့်ရင်း ရလာတာပါ...

My Labels: how to, Blogger Beta, comment, feed

Comments

ThuHninSee said…
thanks
Gu Gu said…
ကျေးဇူး.. ဆရာလှ... ဟဲ ဟဲ... ကျနော်လဲ ဒီလိုမျိုးလေး လုပ်ချင်နေတာ.. အခုမှပဲ လုပ်ဖြစ်သွားတော့တယ်... မဟုတ်ရင် လာရေးထားတဲ့ ကော်မန့်တွေကို ပြန်မဖြေဖြစ်လို့ အားနာနေရတာ... အခုဆို မြင်နေရပြီ...
Yan said…
တာကောကိုကြီးမောင်လှရေ...
ဒီပို့စ်လေးကို mmbloggershelpdesk မှာဖော်ပြခွင့်ပြုပါခင်ဗျာ


ခင်မင်လေးစားလျက်

ရန်အောင်
ကျေးဇူးပါဗျာ စလုပ်တော့မယ် ။ ဓါတ်ပုံတွေ လဲမိုက်တယ်ဗျာ။ ယူလို့ ရမလားဟင်။ သူများတွေကို ပြမလို့ အဟိ နိုင်ငံခြားသူလေးတွေကို
ရီချင်ရင် ကျွန်တော့်ဆီလာလည်နော်...
http://remarkable-jokes.blogspot.com/
ကျေးဇူးပါကိုကြီးမောင်လှရေ ။ကျနော်လည်းထည့်လိုက်ပြီ ။
MgHla said…
@Thu Hnin See
ကျေးဇူး

@Gu Gu
comment အသစ် ပေးတာတွေကို မေးလ်ပို့ခိုင်းလို့ ရတယ်...

@Ko Yan Aung
ယူသုံးပါ...

@ဖီးနစ် - ငတေ
သုံးပါဗျာ...

@နွေလိုင်ဿုန်း
ထည့်ပါခင်ဗျာ....

ညီငယ် Saturngod ကြောင့်ရလာတဲ့ ဟာလေးပါဗျာ... ညီငယ် Saturngod ရေ ကျေးဇူးပါ...
Anonymous said…
ကိုမောင်လှရေ. ကျေးဇူးပဲဗျာ.. ကောင်မလေးလည်း ထည့်ချင်နေတာ .. မထည့်တတ်လို့. အခုမှပဲအဆင်ပြေသွားတော့တယ်.. ကိုချီရွန်ကြောင့် ဒီကိုရောက်လာတာပါ.. :)

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...