gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ကိုယ့် Blog မှာ နောက်ဆုံး ရေးထားတဲ့ Comment များကို side bar မှာ ထည့်ရအောင်...

ပထမဆုံး လုပ်ရမယ့် အလုပ်က www.blogger.com ထဲကို login အရင်ဝင်ပါ.... Dashboard ထဲကို ရောက်ပြီဆိုရင် ကျတော်တို့ ပြင်ချင်တဲ့ blog ရဲ့ Manage: ဆိုတဲ့ နေရာမှာ ရှိတဲ့ Layout ကို click လုပ်ပါ....


ပုံထဲမှာ ပြထားတဲ့ အတိုင်း (၁) Page Elements ဟုတ်ရဲ့လား အရင်စစ်ပါ... ဟုတ်ပြီဆိုရင် (၂) Add A Page Element ကို click လုပ်ပါ... နောက်ထပ် windows တစ်ခုပေါ်လာရင် (၃) Feed ကို တွေ့အောင် ရှာပါ... တွေ့ပြီဆိုရင် ADD TO BLOG ကို နှိပ်ပါ... http://your_site_name.blogspot.com/feeds/comments/default ထည့်ပေးပါ... your_site_name ဆိုတဲ့နေရာမှာ ကိုယ့် blog နာမည် ထည့်ပါ... MgHla လို့ သွားထည့်မိရင်တော့ ကျတော့် ဘလော့က comment တွေ လာပေါ်နေပါလိမ့်မယ်... OK ကို click နှိပ်လိုက်ရင် အောက်က ပုံအတိုင်း windows နောက်တစ်ခု ပြောင်းသွားပါလိမ့်မယ်...
Title ဆိုတဲ့ နေရာမှာ Recent Comments or Latest Comments or ကိုယ်ကြိုက်တဲ့ စာသား ရိုက်ထည့်ပါ... show နေရာမှာ ကျတော်တို့ ပေါ်စေချင်တဲ့ comment အရေအတွက်ကို ရွေးပေးရမှာ ဖြစ်ပါတယ်... Item dates ဆိုတာက comment ပေးထားတဲ့ ရက်စွဲ ဖော်ပြချင်ရင် သုံးပါတယ်... Item sources/authors ရဲ့ ရှေ့မှာ အမှန်ခြစ်ပေါ်အောင် လုပ်ထားမယ်ဆိုရင်တော့ comment ပေးထားခဲ့သူ နာမည်(nick) ကို ဖော်ပြပေးမှာဖြစ်ပါတယ်... ပြီးပြီ ဆိုရင်တော့ SAVE CHANGES ကို click လုပ်လိုက်ပါ... ပထမဆုံးပုံက နေရာ ပြန်ရောက်သွားရင် SAVE button ကို နှိပ်လို့ရရင် နှိပ်လိုက်ပါ... ပြီးရင် ကိုယ့်ဘလော့ကို ပြန်ကြည့်ပါ...

ကျတော့် ဘလော့မှာတော့ အပေါ်က အတိုင်း မြင်နေရပါတယ်... Saturngod ရေးတဲ့ Comment တွေကို RSS နဲ့ကြည့်မယ်... ဆိုတဲ့ post ကို ဖတ်ပြီး စမ်းလုပ်ကြည့်ရင်း ရလာတာပါ...

My Labels: how to, Blogger Beta, comment, feed

Comments

ThuHninSee said…
thanks
Gu Gu said…
ကျေးဇူး.. ဆရာလှ... ဟဲ ဟဲ... ကျနော်လဲ ဒီလိုမျိုးလေး လုပ်ချင်နေတာ.. အခုမှပဲ လုပ်ဖြစ်သွားတော့တယ်... မဟုတ်ရင် လာရေးထားတဲ့ ကော်မန့်တွေကို ပြန်မဖြေဖြစ်လို့ အားနာနေရတာ... အခုဆို မြင်နေရပြီ...
Yan said…
တာကောကိုကြီးမောင်လှရေ...
ဒီပို့စ်လေးကို mmbloggershelpdesk မှာဖော်ပြခွင့်ပြုပါခင်ဗျာ


ခင်မင်လေးစားလျက်

ရန်အောင်
ကျေးဇူးပါဗျာ စလုပ်တော့မယ် ။ ဓါတ်ပုံတွေ လဲမိုက်တယ်ဗျာ။ ယူလို့ ရမလားဟင်။ သူများတွေကို ပြမလို့ အဟိ နိုင်ငံခြားသူလေးတွေကို
ရီချင်ရင် ကျွန်တော့်ဆီလာလည်နော်...
http://remarkable-jokes.blogspot.com/
ကျေးဇူးပါကိုကြီးမောင်လှရေ ။ကျနော်လည်းထည့်လိုက်ပြီ ။
MgHla said…
@Thu Hnin See
ကျေးဇူး

@Gu Gu
comment အသစ် ပေးတာတွေကို မေးလ်ပို့ခိုင်းလို့ ရတယ်...

@Ko Yan Aung
ယူသုံးပါ...

@ဖီးနစ် - ငတေ
သုံးပါဗျာ...

@နွေလိုင်ဿုန်း
ထည့်ပါခင်ဗျာ....

ညီငယ် Saturngod ကြောင့်ရလာတဲ့ ဟာလေးပါဗျာ... ညီငယ် Saturngod ရေ ကျေးဇူးပါ...
Anonymous said…
ကိုမောင်လှရေ. ကျေးဇူးပဲဗျာ.. ကောင်မလေးလည်း ထည့်ချင်နေတာ .. မထည့်တတ်လို့. အခုမှပဲအဆင်ပြေသွားတော့တယ်.. ကိုချီရွန်ကြောင့် ဒီကိုရောက်လာတာပါ.. :)

Ad