gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

မြန်မာပြက္ခဒိန် RSS feed

မနေ့က ရတနာချို ရဲ့ seminar မှာ Alpha က ကိုရဲမြတ်သူနဲ့ တွေ့တော့ မြန်မာပြက္ခဒိန်ကို blog တွေမှာ RSS နဲ့ ယူသုံးလို့ရအောင် လုပ်ထားကြောင်း၊ အခုလောလောဆယ်ဆယ် ဖြိုးဝေကျော် ရဲ့ blog မှာ အစမ်း တင်ထားကြောင်း၊ ပြက္ခဒိန် ရက်စွဲပြောင်းလဲမှုမှာ အနည်းငယ် ပြသနာရှိနေသေးကြောင်း ပြောခဲ့လို့ ဒီနေ့မနက် ကိုဖြိုးဝေကျော်ရဲ့ ဘလော့မှာ တင်ထားတာ တွေ့တာနဲ့ ဥပုသ်နေ့မှာ ရုံးပိတ်တဲ့ ကျတော့်အတွက် အဆင်ပြေတာနဲ့ အခု ကျတော့် ဘလော့မှာ တင်ထားလိုက်ပါတယ်... ဘယ်လို သုံးရမလဲသိချင်ရင်တော့ ကိုဖြိုးဝေကျော်ရဲ့ ဘလော့မှာ သွားကြည့်နိုင်ကြောင်းပါ... ဒီ မြန်မာပြက္ခဒိန်ကို ကိုဝဏ္ဏကိုမှ ရေးသားထားခြင်း ဖြစ်ကြောင်း သိရပါတယ်...

Update: နာမည်အမှားပြင်ပေးတဲ့ ကိုရဲမြတ်သူကို ကျေးဇူး အထူးတင်ပါတယ်...

My Labels: IT, Myanmar Calender, Alpha,

Comments

Philip Shield said…
Thank you very much for this post!
MgHla said…
ကျတော်ကတောင် ပြန်ကျေးဇူးတင်ရမှာပါ ခင်ဗျာ...
yemyatthu said…
ကိုဝဏ္ဏကိုကိုမဟုတ်ဘူး ကိုဝဏ္ဏကို ကျွန်တော်တို့ ဇာတာ online site ဖြစ်တဲ့ http://www.dhammasurf.com/horo/index.html ကိုသူရေးပေးတာဘဲ ။ကိုဝဏ္ဏကိုကိုဆိုတာ NLP က မြန်မာစာ...တွေလုပ်တာ။ http://samerss.myanmarcalendar.com/default.aspx မှာပြင်ထားတဲ့ ဟာ အသစ်ရှိတယ်။ရက်စွဲပြောင်ချိန်မလွဲတော့ဘူး
Yan said…
ကျွန်တော်တော့ စမ်းတင်ထားတယ်ဗျ
စုစည်းတင်ပြပေးတဲ့ ဦးရဲမြတ်သူ၊ ကြိုးစားရေးသားပေးတဲ့ ကိုဝဏ္ဏကို၊ သတင်းပေးတဲ့ ကိုမောင်လှတို့ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ.

ခင်မင်လေးစားလျက်

ရန်အောင်

Ad