Skip to main content

မောင်လှနှင့် ဘလော့ ... ဘလော့ နှင့် မောင်လှ

အင်း ပြောရမယ်ဆိုရင်တော့ အကျယ်ကြီးပဲဗျ... အင်တာနက်နဲ့ စတင်ထိတွေ့တော့ ဟိုဟာကြည့် ဒီဟာကြည့်ပြီး အင်တာနက်ထဲမှာ ဘာဆက်ကြည့်ရမှန်း မသိတော့ဘူး... အဲဒါနဲ့ www.bagan.net.mm ကို ဝင်မွှေရင်း Forums ဆိုတဲ့ဟာကြီးကို တွေ့ရော ဆိုပါစို့... အဲဒီဖိုရမ်ဆိုတာ ဖတ်ရင်း နဲ့ စိတ်ဝင်စားလာတာနဲ့ BaganNET မှာ ဖိုရမ် ဝင်ရေးဖြစ်ရော... ပုဂံနက်ဖိုရမ်ရဲ့ နေရာ တစ်ခုမှာတောင် ကျတော့်ရဲ့ ဘလော့နဲ့ အလားသဏ္ဌာန်တူတဲ့ တော့ပစ်လေး တစ်ခုတောင် အခုအချိန်အထိ ရှိသေးတယ်ဗျ... burmeseonline mirc ချက်ထဲလည်း ဝင်ဖြစ်သေးတယ်... ဒါပေမယ့် ကျတော် ချက်တာကို စိတ်မဝင်စားဘူးဗျ... အဲဒါနဲ့ ဖိုရမ်ထဲ ဝင်ဖတ်လိုက် ရေးလိုက်ပေါ့ဗျာ...
တဖြည်းဖြည်းနဲ့ ပုဂံဖိုရမ်ကြီးလည်း ခေတ်မကောင်းတော့ဘူးဗျ... ဒီနေ့တင်ရင် နောက် ၃-၄ ရက်လောက်မှ တက်တာမျိုးတွေ ဖြစ်လာရော... အဲဒါနဲ့ မြန်မာဘလော့ လောကရဲ့ ခေတ်ဦးက arloo ရဲ့ blog ၊ ကိုငြိမ်းချမ်း တို့ရဲ့ ဘလော့ကို ဝင်ရောက် ဖတ်ရှူရင်း အားကျ စိတ်ဝင်စားတာနဲ့ ဘလော့ တစ်ခု လုပ်မိရော ဆိုပါစို့ဗျာ...
ဘလော့ကို ကျတော့်ရဲ့ စိတ်ထွက်ပေါက်အဖြစ်နဲ့ ရေးမိတယ်... မကျေနပ်ချက်တွေရော ကျေနပ်မှုတွေကိုပါ စာအဖြစ် ချရေးရင်း စိတ်ကျေနပ်မှု ရယူခဲ့တယ်... ကျတော့် ဘလော့ကို လူကြည့်များဖို့ မရည်ရွယ်ခဲ့ပါဘူး... အခုတော့ ကျတော့်ရဲ့ ပါစင်နယ် စိတ်ခံစားမှုလေးတွေတောင် ဘလော့မှာ မရေးရဲတော့ဘူး ဖြစ်နေတယ်... နောက်ပြီး မှတ်သားစရာရှိတာလေးတွေ မှတ်သားဖို့ ဘလော့မှာရေးပြီး မှတ်သားမိတယ်... ကျတော်ဆိုတဲ့ လူက စာအုပ်ထဲမှာ မှတ်သားပြီးရင် ဘယ်စာအုပ် ဘယ်နားမှာ မှတ်ထားမိမှန်း မသိတော့လို့လေ... အင်တာနက်ထဲမှာ မှတ်ထားရင် ငါ အင်တာနက်ရှိတဲ့ နေရာရောက်တိုင်း လိုချင်တာ ပြန်ရှာနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့...
ပထမစစခြင်း ကျတော့် ဘလော့ကို -Win---Kalaw, -Win---Innwa font တွေသုံးပြီးရေးခဲ့တယ်... နောက်တော့ Ponnya Unicode သုံးပြီး ပုညမှာ အချို့ စကားလုံးတွေ ဘယ်လို ရိုက်ရမှန်း မသိတာနဲ့ အခု အချိန်အထိ Zawgyi-One ကိုပြောင်းသုံးခဲ့တယ်...
မောင်လှရဲ့ ပထမဆုံး အလုပ်က ကွန်ပျူတာ သင်တန်းက အခြေခံသင်တန်းလေးတွေ သင်ခဲ့တဲ့ ဆရာပေါက်စ ဆိုတော့ ကျတော့် ဘလော့ post တွေမှာ ဆရာသံ ပေါက်ခဲ့ရင် ခွင့်လွှတ်စေချင်တယ်... ကိုယ်ရည်သွေးမှုတွေ ပါခဲ့လျှင်လည်း ခွင့်လွှတ်စေချင်တယ်ဗျာ...

နိဂုံးချုပ်တော့မယ်ဗျာ...
၂၀၀၆ -ဇွန်လ- (၁၁)ရက်နေ့ကပါတဲ့ စကားလုံးတွေ ပြန်ကိုးကားပြီး နိဂုံးချုပ်ပါရစေ...
ကျတော် သတင်းထောက် မဟုတ်ပါ...
ကျတော် ဂျာနယ်လစ် မဟုတ်ပါ...
ကျတော် နိုင်ငံရေးသမား မဟုတ်ပါ...
ကျတော် အဖွဲ့အစည်း တစ်ခုခုရဲ့ ၀ါဒဖြန့်ချီရေးသမား မဟုတ်ပါ...
ကျတော် အစိုးရ ၀န်ထမ်း မဟုတ်ပါ...
ကျတော် ပိုက်ဆံရလို့ ရေးနေခြင်းမဟုတ်ပါ...
ကျတော်ဟာ စိတ်ကူးပေါက်ရာ လျှောက်ရေးတတ်သူ တစ်ယောက်ပါ...
ကျတော်ဟာ မိသားစုကို လုပ်ကြွေးနေရတဲ့ သာမာန်ပြည်သူ တစ်ယောက်ပါ... (ထပ်ဖြည့်- မိသားစု တာဝန် မကျေသေးပေ)
မြန်မာ ဘလော့ဂါ အားလုံးကို လေးစားလျှက်
ချစ်ခြင်းအားဖြင့်

ကျတော် မောင်လှ

“ကျတော်” ဆိုသော စကားလုံးသည် မောင်လှ၏ မူပိုင် ဖြစ်သည်... မည်သူမဆို လွတ်လပ်စာ သုံးနိုင်သည်... “ကျွန်တော်”ဟု ရိုက်ရမှာ ပျင်းသောကြောင့် “ကျတော်”ဟု ရိုက်ခြင်းသာ ဖြစ်ကြောင်းနှင့် မောင်လှ အတွက် ကိုယ်ပိုင်နာမ်စား တစ်ခု တီထွင်ထားခြင်းသာ ဖြစ်ကြောင်း မြန်မာစာ ချစ်သူများသို့ လေးစားစွာ ပန်ကြားအပ်ပါသည်...

My Labels: Myanmar Blogger, MgHla, မောင်လှရေ,

Comments

Anonymous said…
မောင်လှနျင့်ငါမရ
ကိုမောင်လှရေ...ကျနော်လည်းကိုမောင်လှလိုပါပဲ...ဒါပေမဲ့ ကြိုက်တာလုပ် ဟိုဟာတော့မလုပ်နဲ့ ခေတ်ကြီးမှာ ကြီးပြင်းလာတဲ့ ကျနော်တို့ ဟာ ဘယ်တော့မှ ကိုယ်ကြိုက်တာကို ကိုယ်လုပ်နိုင်တဲ့ အချိန်လေးမြန်မြန်ရောက်ပါစေလို့ စုတောင်းချင်တယ်ဗျာ...စုတောင်းပေးလိုက်တယ်ဗျာ...
မှတ်ချက်။ ။ စုတောင်းတယ်ဆိုတာ ကျနော်ရဲ့ မူပိုင်ဖြစ်ပါတယ်။ ကိုမောင်လှ သုံးချင်ရင် သုံးနိုင်ပါတယ်။ အဟဲ...
Sai Linn Thu said…
မှတ်မိပါသေးတယ်..ပုဂံနတ်ForumမှာIADနဲ့ ပက်သက်ပြီး ရေးလိုက်လို့ အပြောခံ လိုက်ရတာလေးကို...
Min Thu said…
I wouldn't have realized the word "kya taw" or "kyon taw" if you didn't wrote the small note at the end. :D

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...