Skip to main content

ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း... ၂

ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း... အဆက်ပေါ့ဗျာ...

ဓာတ်ပုံတွေအကြောင်းမပြောခင် ပြောစရာ နည်းနည်းပေါ်လာလို့ ပြောရဦးမယ်ဗျ... မန္တလေးက နေ မူဆယ်ကို သွားမယ် ဆိုရင် ကွတ်ခိုင်မှာ နေ့လယ်စာ ထမင်းဝင်စားကြတယ်ဗျ... ထမင်းဆိုင်နာမည်တောင် မေ့နေပါပြီ... “အောင်ချမ်းသာ” လို့တော့ထင်တာပဲ... အဲဒီဆိုင်က ဘူဖေးစနစ်နဲ့ဗျို့... ကျတော်တို့ သွားတုန်းကတော့ လူတစ်ယောက်ကို ၂၅၀၀-ကျပ်၊ ထမင်းနဲ့ဟင်း ကြိုက်သလောက်စား... ဟင်းတွေကလည်း တရုတ်ဟင်းတွေ စားလို့လည်း ကောင်းတယ်... အသွားတုန်းကတော့ MD ပါလာလို့ MD က ကျတော်တို့ အဖွဲ့အတွက် ကျသင့်ငွေ အကုန်ရှင်းပေးပါတယ်... အပြန်မှာတော့ ရုံးက
ကွတ်ခိုင်ဇာတိ အစ်မ ၂-ယောက် အိမ်က ရှမ်းခေါက်ဆွဲတွေ ကျွေးလို့ နေ့လယ်စာ မစားဖြစ်သော်လည်း အဲဒီဆိုင်မှာ မုန့်တွေ၊ ဝိုင်တွေတော့ ဝင်ဝယ်ဖြစ်ပါတယ်...
ကဲ ဓာတ်ပုံတွေနဲ့ ခရီးဆက်ရအောင်...

ဒါက ကူမင်းမြို့ရဲ့ အနောက်ဘက်မှာရှိလို့ အနောက်တောင်လို့ ခေါ်ဆိုပုံရတဲ့ တောင်ပေါ်ကို တက်နေကြတာပါ... လူတစ်ယောက်ကို အတက် ၁၅-ယွမ် ပေးရပါတယ်... တော်တော်ကြာကြာလေး စီးလိုက်ရပါတယ်... တောင်ပေါ်တက်ရင်း ချမ်းအေးတဲ့ အအေးဒဏ်ကို ခံရင်း၊ ကူမင်းမြို့ကို အထက်စီးက မြင်နေရတဲ့ ရှူခင်းကို လည်းကြည့်ရင်းပေါ့...


ဒီပုံက တောင်ထိပ်ရောက်တဲ့အချိန် ကူမင်းမြို့ဘက်ကို လှမ်းမြင်ရတဲ့ပုံပါ... မနက်ခင်းမှာ အအေးဓာတ်ရှိနေပြီး နှင်းငွေ့ငွေ့ကျနေတဲ့အတွက် အနည်းငယ် မှုံဝါးဝါး ဖြစ်နေတာပါ... တောင်ထိပ်လည်းရောက်ရော ကျတော်တို့ရဲ့ ဂိုက် ကိုမြသောင်းက Dragon Gate ကို သွားဖို့အတွက် လူတစ်ယောက်ကို ၃၀-ယွမ်နဲ့ လက်မှတ် ဖြတ်လိုက်ပါတယ်... တောင်စောင်းလှေကား ကျဉ်းကျဉ်းလေးကနေ အောက်ကို ဆင်းရင်း ဆင်းရင်း ဘာမှ မတွေ့သေးလို့ အပေါ်တက်ပြီး ပြန်မေးရပါသေးတယ်... ဆက်ဆင်းပါဆိုလို့ မောမော ပန်းပန်းနဲ့ ပြန်ဆင်းရင်း Dragon Gate ဆိုတာကြီးကို ရောက်ပါတယ်... ဘာများလဲလို့... ရှေး တရုတ်မင်းတွေ ဒီအနောက်တောင်ကနေ ကူမင်းမြို့ကို ရှူစားတော်မူတဲ့ အဆောက်အဦ အငယ်စားလေးတွေပါ... တရုတ် ရှေးဟောင်း လက်ရာ ပုံစံမျိုးလေးတွေကိုလည်း တွေ့ရပါတယ်... ရှေးအနုပညာ လက်ရာများကိုလည်း တွေ့ခဲ့ရကြောင်းပါ...


Dragon Gate မှာတွေ့ခဲ့ရတဲ့ အနုပညာ လက်ရာများ အနက်မှ ၂-ခုပေါ့ ခင်ဗျာ... Dragon Gate ကနေ ခြေလျင် ဆက်ဆင်းတော့ တောင်ခြေ ကားရပ်နား စခန်းကို သွားမယ့် အငှားကားဂိတ်ကို တွေ့ပါတယ်... ဂိတ်မှာ လက်မှတ်ဝယ်ပြီး ကားလာမယ့်အလာကို မျှော်နေရပါတယ်... ကားခက လူတစ်ယောက်ကို ၁၀-ယွမ် ထင်ပါတယ်... သြော်.. ကိုကိုဂိုက်ရယ် ဘာဖြစ်လို့များ တက်လာတဲ့ ကြိုးပုခတ်နဲ့ ပြန်မဆင်းတာလဲလို့ စဉ်းစားမိပါတယ်... ဟိုကောင်နဲ့ ပြန်ဆင်းရင် လူတစ်ယောက်ကို ၁၅-ယွမ်ပဲကုန်မယ်... မပင်မပန်း အေးအေး ဆေးဆေးနဲ့ ကူမင်းမြို့ရှူခင်းကိုလည်း ကြည့်လို့ရမယ်... ခုတော့ ပင်ပင်ပန်းပန်း လမ်းလျှောက်ဆင်းရပြီး အဆင်းအတွက် စုစုပေါင်း ယွမ်-၄၀ တောင် ကုန်သွားတယ်လေ... အထိုင်များတဲ့ သူတွေမို့ တောင်တက် တောင်ဆင်း လုပ်ခိုင်းတာ ထင်ပါရဲ့...
နေ့လယ်စာ စားချိန်ရောက်တာနဲ့ အဲဒီ အနောက်တောင် တောင်ခြေနားမှာရှိတဲ့ နာမည်ကြီး ထမင်းဆိုင် တစ်ခုမှာ သွားစားပါတယ်... မှို စပယ်ရှယ်လစ် လုပ်ထားတဲ့ ဆိုင် ထင်ပါတယ်... စားရတာ မဆိုးပါဘူး... တော်တော် ခမ်းခမ်းနားနားရှိတဲ့ ထမင်းဆိုင်ကြီးရဲ့ အိမ်သာကတော့ ဟောင် ဟောင် နံဟောင်နေပါတယ်... တော်ပါသေးရဲ့... အနံ့တွေ ထမင်းစားပွဲတွေ အထိ ရောက်မလာပေလို့... ထမင်းစား ပြီးတော့ ပန်းခြံကို သွားပါတယ်...
....
ဆက်ပါဦးမည်... (ဒီလိုပြောပြီး မဆက်ဖြစ်တာတွေလည်း များပေါ့) :D

My Label: Kunming

Comments

MYO HAN HTUN said…
ကိုမောင်လှရေ .. ခရီးသွား ဗဟုသုတအတွက် ကျေးဇူးတင်ပါတယ် .. ဆက်ပါဦး ဗျ ..

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...