- ထပ်တစ်ရာ ကောင်းကောင်း၊ ဆိတ်စွပ်ပြုတ် ကောင်းကောင်း နဲ့ လက်ဖက်ရည် ကောင်းကောင်း သောက်ချင်တယ်ဆိုရင်ဖြင့် ၁၂-လမ်း၊ လမ်း-၈၀ နဲ့ ၈၁ လမ်းကြားမှာ ရှိတဲ့ လက်ရွေးစင် လက်ဖက်ရည်ဆိုင်မှာ မြည်းစမ်းကြည့်ကြပါ... ကျုံးရဲ့ အနောက်မြောက်ထောင့်ရောက်ရင် ဆိုရင်ဖြင့် လက်ရွေးစင် လက်ဖက်ရည် မေးမြန်းလို့ရပါပြီ... ညဘက်တော့ မဖွင့်ပါဘူး... ၅-နာရီ ဝန်းကျင်လောက်အထိပဲ ဖွင့်တယ် ထင်ပါတယ်... မန္တလေး မြောက်ပြင်ရဲ့ နာမည်ကြီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်ပါ...
- ညနေစောင်းက စပြီး ညဘက်အထိ ချပါတီကောင်းကောင်း စားချင်တယ်ဆိုရင် ၈၂-လမ်းနဲ့ ၂၇-လမ်းထောင့်၊ Unity Hotel နဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ နေ လက်ဖက်ရည်ဆိုင်ကို ညွှန်းပါရစေဗျာ... အဲဒီ အနီးနား ပတ်ဝန်းကျင်မှာ ပုံတူရိုးမှား နာမည်ပေးထားတဲ့ ဆန်း လက်ဖက်ရည်ဆိုင်လည်း ရှိတယ်ဆိုတာ သတိပြုပါ... မြို့မ ရုပ်ရှင်ရုံကနေ နောက်ဘက် နောက်လမ်းထောင့်မှာ ရှိတာပါ... ချပါတီ အပြင် အခြား အိန္ဒိယ အစားအစာများလည်း ရနိုင်ပါတယ်...
အပေါ်က လက်ဖက်ရည်ဆိုင် ၂-ဆိုင်သွားပြီး မောင်လှလည်း အိန္ဒိယ အမျိုးအနွယ်ဝင်လို့ မထင်လိုက်ပါနဲ့... မောင်လှ ဆိုတာ ဗမာစစ်စစ် အညာသားပါ...
- မန္တလေး ထမင်းပေါင်း၊ အနီရောင်ဆော့ မပါဘဲ သုတ်ထားတဲ့ ဝက်သားသုပ်နဲ့ အခြား ခေါက်ဆွဲ၊ ဆီချက် အစားသောက်ကောင်းစားချင်တယ်ဆိုရင်ဖြင့် ၈၄-လမ်းနဲ့ ၃၂-လမ်းထောင့် ဓာတ်ဆီဆိုင်ဘေးမှာ ကပ်ဖွင့်တဲ့ တွန်းလှည်းနဲ့ ရောင်းတဲ့ ဆိုင်ကလေးမှာ သွားစားကြည့်ကြပါဦး... မန္တလေးက နာမည်ကျော် President store ဆိုင်နဲ့ မျက်နှာစောင်းထိုး လမ်းထောင့်မှာ တည်ရှိတာပါ... ညနေ ၆-နာရီ ဝန်းကျင်မှ စဖွင့်တဲ့ဆိုင်ပါ...
- Digital Camera ထဲက ဓာတ်ပုံပဲ ဖြစ်ဖြစ်၊ ဖလင် ကင်မရာထဲက ဓာတ်ပုံပဲဖြစ်ဖြစ်၊ CD, Memory Stick ထဲက ဓာတ်ပုံတွေပဲဖြစ်ဖြစ် ကာလာ စိုစိုပြေပြေ ဓာတ်ပုံကောင်းလေးတွေ ကူးချင်တယ်ဆိုရင်ဖြင့် ဒီလ ၅-ရက်နေ့ကမှ အသစ်ဖွင့်ထားတဲ့ နဝရတ် ဖူဂျီကာလာ ဓာတ်ပုံကူးဆိုင်မှာ သွားရောက် စမ်းကူးကြည့်ကြပါလို့ လမ်းညွှန်ပါရစေ... အခြားဆိုင်များနဲ့ မတူတာက digital media များနဲ့ လာကူးရင် virus စစ်ဆေးပြီးမှသာ ဖိုင်ကို လက်ခံယူခြင်းပါပဲ... 4x6 ဆို ၉၀-ကျပ်၊ 5x7 ဆို ၁၅၀-ကျပ်၊ 8x10 ဆို ၅၀၀-ကျပ်၊ ၁၀x၁၂ ဆို ၆၀၀-ကျပ်၊ 10x14 ဆို ၇၀၀-ကျပ်ဖြစ်ပါတယ်...
My Labels: မန္တလေး, Mandalay News
Comments
နေ ကဖေးက ဂျပါတီလည်း လွမ်းတယ် :))