Skip to main content

မန္တလေးရောက်ရင်လေ...

  • ထပ်တစ်ရာ ကောင်းကောင်း၊ ဆိတ်စွပ်ပြုတ် ကောင်းကောင်း နဲ့ လက်ဖက်ရည် ကောင်းကောင်း သောက်ချင်တယ်ဆိုရင်ဖြင့် ၁၂-လမ်း၊ လမ်း-၈၀ နဲ့ ၈၁ လမ်းကြားမှာ ရှိတဲ့ လက်ရွေးစင် လက်ဖက်ရည်ဆိုင်မှာ မြည်းစမ်းကြည့်ကြပါ... ကျုံးရဲ့ အနောက်မြောက်ထောင့်ရောက်ရင် ဆိုရင်ဖြင့် လက်ရွေးစင် လက်ဖက်ရည် မေးမြန်းလို့ရပါပြီ... ညဘက်တော့ မဖွင့်ပါဘူး... ၅-နာရီ ဝန်းကျင်လောက်အထိပဲ ဖွင့်တယ် ထင်ပါတယ်... မန္တလေး မြောက်ပြင်ရဲ့ နာမည်ကြီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်ပါ...
  • ညနေစောင်းက စပြီး ညဘက်အထိ ချပါတီကောင်းကောင်း စားချင်တယ်ဆိုရင် ၈၂-လမ်းနဲ့ ၂၇-လမ်းထောင့်၊ Unity Hotel နဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ နေ လက်ဖက်ရည်ဆိုင်ကို ညွှန်းပါရစေဗျာ... အဲဒီ အနီးနား ပတ်ဝန်းကျင်မှာ ပုံတူရိုးမှား နာမည်ပေးထားတဲ့ ဆန်း လက်ဖက်ရည်ဆိုင်လည်း ရှိတယ်ဆိုတာ သတိပြုပါ... မြို့မ ရုပ်ရှင်ရုံကနေ နောက်ဘက် နောက်လမ်းထောင့်မှာ ရှိတာပါ... ချပါတီ အပြင် အခြား အိန္ဒိယ အစားအစာများလည်း ရနိုင်ပါတယ်...

အပေါ်က လက်ဖက်ရည်ဆိုင် ၂-ဆိုင်သွားပြီး မောင်လှလည်း အိန္ဒိယ အမျိုးအနွယ်ဝင်လို့ မထင်လိုက်ပါနဲ့... မောင်လှ ဆိုတာ ဗမာစစ်စစ် အညာသားပါ...

  • မန္တလေး ထမင်းပေါင်း၊ အနီရောင်ဆော့ မပါဘဲ သုတ်ထားတဲ့ ဝက်သားသုပ်နဲ့ အခြား ခေါက်ဆွဲ၊ ဆီချက် အစားသောက်ကောင်းစားချင်တယ်ဆိုရင်ဖြင့် ၈၄-လမ်းနဲ့ ၃၂-လမ်းထောင့် ဓာတ်ဆီဆိုင်ဘေးမှာ ကပ်ဖွင့်တဲ့ တွန်းလှည်းနဲ့ ရောင်းတဲ့ ဆိုင်ကလေးမှာ သွားစားကြည့်ကြပါဦး... မန္တလေးက နာမည်ကျော် President store ဆိုင်နဲ့ မျက်နှာစောင်းထိုး လမ်းထောင့်မှာ တည်ရှိတာပါ... ညနေ ၆-နာရီ ဝန်းကျင်မှ စဖွင့်တဲ့ဆိုင်ပါ...
  • Digital Camera ထဲက ဓာတ်ပုံပဲ ဖြစ်ဖြစ်၊ ဖလင် ကင်မရာထဲက ဓာတ်ပုံပဲဖြစ်ဖြစ်၊ CD, Memory Stick ထဲက ဓာတ်ပုံတွေပဲဖြစ်ဖြစ် ကာလာ စိုစိုပြေပြေ ဓာတ်ပုံကောင်းလေးတွေ ကူးချင်တယ်ဆိုရင်ဖြင့် ဒီလ ၅-ရက်နေ့ကမှ အသစ်ဖွင့်ထားတဲ့ နဝရတ် ဖူဂျီကာလာ ဓာတ်ပုံကူးဆိုင်မှာ သွားရောက် စမ်းကူးကြည့်ကြပါလို့ လမ်းညွှန်ပါရစေ... အခြားဆိုင်များနဲ့ မတူတာက digital media များနဲ့ လာကူးရင် virus စစ်ဆေးပြီးမှသာ ဖိုင်ကို လက်ခံယူခြင်းပါပဲ... 4x6 ဆို ၉၀-ကျပ်၊ 5x7 ဆို ၁၅၀-ကျပ်၊ 8x10 ဆို ၅၀၀-ကျပ်၊ ၁၀x၁၂ ဆို ၆၀၀-ကျပ်၊ 10x14 ဆို ၇၀၀-ကျပ်ဖြစ်ပါတယ်...
My Labels: မန္တလေး, Mandalay News

Comments

ဗိုက်ဆာတယ်ဗျို့ ......
Hay Mar said…
စားဦးမှာ...။
Chan Mya Soe said…
ရောင်နီလာတဲ့ မိုးသောက်တိုင်းမှာ လွမ်းတယ်
နေ ကဖေးက ဂျပါတီလည်း လွမ်းတယ် :))
Anonymous said…
ကျွန်တော်က မန်းသားစစ်စစ်ပါ နေတာက တရုပ်တန်းမှာပါ မွေးတာက စိန်ပန်း ကျောင်းက မူလတန်းကို တာရဲတန်းမှာ တတ်ပြီး ၁၄ ကျောင်းထွက်ပါ။ မနလေးနဲ့ ဝေးခဲ့ရတာ ၁၀ နှစ်လောက်ရှိပြီဗျာ.. အရမ်းလဲလွမ်းတယ်။ ခုလို မနလေးက ဆိုင်တွေ ရေးထားတာတွေ့ တော့.. ။ အတော် တော်လေးကို လွမ်းမိတယ်။ ကျွန်တော် နောက်ဆုံးတစ်ခေါက်မြန်မာပြန်လာတော့.. ကျွန်တော့သူငယ်ချင်းက လိုက်ကျွေးတဲ့ မြီးရှည် ဆိုင် ရှိတယ်။ မလွန်ဖက်မှာဘဲ။ ဟိုကွေ့ဒီကွေ့ ၀င်းကြားတွေထဲဝင်လိုက်ထွက်လိုက်နဲ့ ဆိုင်ကို မသိတော့ဘူး။ ကျွန်တော် ရန်ကုန်မှာနေတုံးက မြီးရှည်ဆိုင်ကောင်းကောင်းဆိုလို့ ဗထူးကွင်းနားက ဆိုင်ဘဲသိတာ။ အခု အဲဒီဆိုင်ကို တော့ မသိဘူး။ သိရင်တစ်ဆိတ်လောက်ဗျာ ဒီတခေါက်ပြန်လာရင် သွားစားချင်လို့ပါ။ နောက် မနလေးနဲ့ ဝေးနေပေမဲ့ မနလေးသတင်းတွေကို အမြဲနားစွင့်နေတယ်။ ထူးထူးခြားခြားလေးတွေ ကို ပို့စ်လုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
Ye-Mon said…
your post made me miss mandalay a lot. i wanna try all the food that you recommended. thanks.

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...