Skip to main content

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ...

၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ...
၂. dashboard ထဲက Setting ကိုရွေးပါ...
၃. Formatting ကို ထပ်ရွေးပါ...
၎. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ...
(font face="Zawgyi-One") ဒီစာကို Select ပေးပြီးရေးပါ...(/font)

အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား...
ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ...

(span style="font-family:Zawgyi-One;") ဒီစာကို Select ပေးပြီးရေးပါ...(/span)

မှတ်ချက် -
( ကို < အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ...


၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ...
၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ...

မှတ်ချက် -
Zawgyi-One ဆိုသည့်နေရာတွင် မိမိသုံးမည့် Font နာမည်ထည့်ပါ...
Myazedi သုံးမည်ဆိုပါက Myazedi ဟုပြောင်းပါ...

MyMyanmar သုံးမည်ဆိုပါက MyMyanmar ဟု ပြောင်းထည့်ပါ...

Blog စာမျက်နှာ တစ်ခုလုံးမှာ Zawgyi-One နဲ့ ပေါ်ချင်တယ်ဆိုရင်တော့ ညီလင်းဆက် ရေးထားတဲ့ How to assign Zawgyi-One font ကို သွားကြည့်ပါ...

Comments

ကျေးဇူးအထူး...ဆရာလှရေ...
ဘုန်းကြီးပါစေ ...သက်ရှည်ပါစေ...
သမီးချောချောလေး ထပ်မွေးပါစေ..ဟီး..ဟီး
Big Brother Thu said…
Thank for this posting...can you say me ....how to install zawgi font and Alpha zawgi unicoat in window VISTA..
Yan said…
အဲဒီ့အတိုင်း Try ကြည့်တာ Compose ထဲမှာ စာတစ်ကြောင်းလုံး ပြန်ပေါ်နေတယ်ဗျ.
(font face=”Zawgyi-One”) ဒီစာကို Select ပေးပြီးရေးပါ…(/font) ဖြစ်နေတယ်.
အဲဒါဘာဖြစ်လို့လဲခင်ဗျ. ကျေးဇူးအထူးတင်ရှိကြောင်းပါ…ဒီ comment မှာ “ ( “ ပဲလက်ခံလို့ ပြောင်းရိုက်ထားကြောင်းပါ…
Minn Yoon Thit said…
This comment has been removed by the author.
Anonymous said…
minn yoon thit ရေ...
အဲဒါဆိုရင် စာသားတွေရဲ့ အလယ်လောက်မှာ cursor ချပြီး ကိုယ်ရိုက်ချင်တာ ရိုက်ပြီး .. ပြီးမှ မလိုတဲ့ စာသားတွေ ပြန်ဖျက်ကြည့်ပါလား...
Minn Yoon Thit said…
yes!but i have still problem.When i write between sample font..unfortunately, still english font is appear.pls help me!and any other sugguestion
MgHla said…
minn yoon thitရေ...
Zawgyi-One သုံးရင်တော့ မြန်မာလို ပေါ်ဖို့အတွက် Zawgyi-One Keyboard Layout စက်ထဲကို install လုပ်ပေးစရာ လိုပါသေးတယ်... အဲဒါ မရှိဘဲ ရိုက်ရင် အင်္ဂလိပ်လိုသာ ပေါ်ကြောင်းပါ...
Minn Yoon Thit said…
No,No!I'm ok with your sample myanmar font.yes!I have Zawgyi-One.and I can see your myanmar font.but when i type word,it is not appear with myanmar,it is only show me with english.what happen!I'm trying and learning to create myanmar blog since the last two days.I have been read ko nyi lynn, ko mg yoe(but his coding is good.but a little diffcult for me) I have change code in my templete but i have still problem!not show.thanks for your suggestion!pls tell me another advice.
Minn Yoon Thit said…
This comment has been removed by the author.
Minn Yoon Thit said…
ဦးမောင်လှရေကျေးဇူးအထူးတင်ပါတယ်ဗျာ..ကျွန်တော်အဆင်ပြေသွားပြီဗျို့...ဆောရီးပဲပူညံပူညံလုပ်မိတာ..ဟဲဟဲ
YeeMon said…
ဦးမောင်မောင်လှရေ........
သမီးက လိုအပ်ရင်အကူအညီတောင်းမလို့  ကြိုမိတ်ဆက်တာ။။သမီးအခုမှ blog လုပ်တာ။။လိုအပ်ရင် ဦးမောင်မောင်လှတို့ ၊ဦးညီလင်းဆက်တို့ ၊မမမေ တို့ ကို လှမ်းပြောမယ်။သမီးblog ပြီးသွားရင် blogလိပ်စာပို့ လိုက်မယ်ဗျို့ ။
ရည်မွန်
Dear Ko Mghla,
I try to use Myanmar font in my blog as you said in your blog. But I’m not OK.I don’t know how to do on step 6. I don’t see “compose” . And there is no sentence as you said. I see only (font face="Zawgyi-One") ဒီစာကို Select ပေးပြီးရေးပါ...(/font) with unicode in myanmar font when I make a new post. So please help me. I’m very eager to use Myanmar font in my blog.
Thanks in advance,
Your sincerely,
Zuzinn.
faluda said…
you are so good in writing
dear ko mghla
now i can use myanmar font.thz alot.but you know when i make a new post, there is only unicode and i can't see in myanmar .
when only i view my post, i see in myanmar font.Is it like this?

Thank you very much.
sawgangster said…
Thankz....a million..........
Thank Zillions Sayar Hla!
lusoe said…
ကျေးဇူးဘဲ ကိုမောင်လှရေ .. ကျွန်တော်လည်း ပွဲပြတ်နေတာ အခုမှဘဲ ဆက်ကနိုင်တော့တယ်ဗျာ ..
Nwai Hninn said…
ကျေးဇူးပဲ ကိုမောင်လှရေ.. ဇော်ဂျီနဲ့ပို့စ်တင်တာ အဆင်ပြေသွားပြီ..
Anonymous said…
ko mg hla, why i always see square?i try nyi linn seck advice, but some other place i could not find, for example.,template, post,post title
Anonymous said…
ko mg hla, why i always see square?i try nyi linn seck advice, but some other place i could not find, for example.,template, post,post title
ko mg said…
ko mg hla
Anonymous said…
ko mg hla ..
thank you very much ....
LoneLone said…
Dear KoMgHla,
I have read your blog . I want to make a blog.Then, I try it.It has many difficulties.Than you for your guide blog.
Anonymous said…
ဦးမောင်လှရေ.. ကျေးဇူးအများကြီး တင်တယ်ဗျာ.. ရသွားပြီ
I am glad to receive your technical advice and I am dying to blog in burmese and I don know whether I am successful or not.Cos I did everything you said but It didn't work I couldn't even read the commet that wrote here .But when I publish I could see the selet bar senctence again.I change the view to unicode but it didn't work My browser is IE may be 6 .Any suggestion.My mail is matthewvcf@gmail.com.Looking forward to hear from you Saya Ah Ko Gyi
Unknown said…
မရဘူးဗျာ။လေးထောင့်တွေပဲပေါ်နေတယ်။
အခုရုက်တဲ့စာလဲလေးထောင့်တွေပဲ။လုပ်ပါအုံး။
Unknown said…
ကဲရသွားပြီ၊ဒမှာတော့မပေါ်ဘူး။
ဘာလို့လဲ။အချိန်ရရင်ပြောပြပါဦး။
Anonymous said…
ko Mghla i want to known what is blog please expain me and teach me how to write blog
Binty Paul said…
Bro,
Is there any typing tutor for Zawgyi myanmar typing. Bcuz I like to be influent in Zawgyi typing. Plz..help me
theants said…
ကိုမောင်လှရေ ကျွန်တော့်ဘလော့မှာ မြန်မာလိုရေးလို့ရဘီ ... ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ...
khin oo may said…
Thank you Ko Mg Hla
ကျေးဇူးကြီးပါပေတယ် ကို မောင်လှရယ်။ မြန်မာစာရိုက်လို.ရတာ။ မြန်မာက မြန်မာစကားနဲ.ပြောရမှ..ဖြစ်မှာ
http://blog.mghla.com/2007/03/blogspot.html
ko maung hla yae ma ya bu pyit nay tae bal lo lote lo ya ma lae so dar email nae po pay par lar thanks alot par khin byar
Unknown said…
ကျေးဇူးတင်ပါတယ်ဗျာ။ စာဖတ်ဖို့အချိန်ကလည်း မအား ၊ အင်္ဂလိပ်စာကလည်း ညံ့တော့ အခုလိုမျိုး အကူအညီပေးတာ ကျေးဇူးပါ။ သိချင်တာလေးတွေ စာရေးပြီး မေးမယ်နော်။
ဦးမောင်လှ ကြီး
တစ်ခုလောက်ကူညီပါဗျာ. ကျွန်တော့ဘလော့ဂ်မှာ category ခွဲချင်လို့ပါ။ ကျွန်တော်က အခုမှ စရေးနေသူပါ။
မျှော်လင့်ချက်များနှင့်
လေမိုး
MgHla said…
မိုးယံရေ... blogspot မှာ category ခွဲတဲ့ဟာကိုတော့ ကျတော် မသိကြောင်းပါ... wordpress မှာတော့ category ခွဲတဲ့ ဟာ တစ်ခါတည်း ပါကြောင်းပါ...
မဂ်လာပါ ကိုလှ

ကျွန်တော့် ဘလော့က window explore မှာ မြန်မာလို ကောင်းကောင်းမြင်ရပြီး...mozilla firefox နဲ့ ကြည့်ရင် စာလုံးတွေက မကောင်းဘူးဖြစ်နေတယ်...အဲ့ဒါ ဘာကြောင့်ပါလဲခင်ဗျား..
ဖြစ်နိုင်ရင် ရှင်းပြပေးပါဦး..
MgHla said…
အုန်းမြင့်လှိုင်ခင်ဗျား...
http://blog.nyilynnseck.com/2006/08/how-to-assign-zawgyi-one-font.html ကနည်းနဲ့ လုပ်ကြည့်ပါဦး...
ko naing said…
အစ်ကိုရေ အဲ့ဒါဆို ရင် eot လုပ်ဖို့ လိုသေးလားဗျ။
MgHla said…
@Ko Naing ခင်ဗျား...
eot က ကိုယ်သုံးထားတဲ့ font ကြည့်တဲ့သူစက်မှာ မရှိရင် မြင်အောင် ထည့်တာပါ... ဒီcode က သုံးထားတဲ့ font ဖြစ်ကြောင်း ကြေငြာပေးပြီး စာလုံးတွေ မှန်မှန်ကန်ကန် ပေါ်အောင် လုပ်ပေးတာပါ...
Unknown said…
brother , i utterly say thank u that now ican type myanmar fonts on my blog cos ur guidence.
Anonymous said…
ကိုမောင်လှ...
ကျနော် blog post တစ်ခုအတွင်းမှာ
ရေးထားတဲ့ စာသားတွေ ဘယ်ညာ ညီ
နေအောင် ဘယ်လို ပြင်ဆင်ရေးရသ
လဲ သိချင်လို့ပါ။ ကျနော့်ဆီမှာ ရှိတဲ့
အချက်အလတ်လေးတွေကို Share လုပ်
ချင်လို့ပါ။ ကူညီပါဦး။ ကျေးဇူးတင်ပါတယ်။
theinsuu@gmail.com
Anonymous said…
ကိုမောင်လှ...
ကျနော် blog post တစ်ခုအတွင်းမှာ
ရေးထားတဲ့ စာသားတွေ ဘယ်ညာ ညီ
နေအောင် ဘယ်လို ပြင်ဆင်ရေးရသ
လဲ သိချင်လို့ပါ။ ကျနော့်ဆီမှာ ရှိတဲ့
အချက်အလတ်လေးတွေကို Share လုပ်
ချင်လို့ပါ။ ကူညီပါဦး။ ကျေးဇူးတင်ပါတယ်။
theinsuu@gmail.com

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...