Tin Tin's Ads

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Wednesday, March 06, 2019

Mi Band 3 မှာ Myanmar Watch Face ပြောင်းကြမယ်...

အရေးကြီးတဲ့ အချက်ကို ကြိုတင် ပြောပြချင်တာက ကျော့်ရေးထားတဲ့ ဒီနည်းအတိုင် Xiaomi Mi Band 3 မှာ Myanmar Watch ပြောင်းတဲ့အခါ အခန့်မသင့်ရင် Mi Band 3 brick ဖြစ်သွားနိုင်ပါတယ်... brick ဖြစ်တယ် ဆိုတာက သုံးလို့မရဘဲ ဖြစ်သွားနိုင်တာမျိုးကို ပြောတာပါ... အဲဒါကြောင့် ကိုယ့်ရဲ့ Mi Band 3 သုံးလို့မရ ပျက်သွားမှာ စိုးရိမ်တဲ့သူများ လုံးဝ မလုပ်သင့်ပါ... Mi Band 3 ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါက ရေးပြ၊ လုပ်ပြတဲ့ ကျော့်က လုံးဝတာဝန်ယူမှာ မဟုတ်ကြောင်းနဲ့ ကိုယ့်လုပ်တဲ့တာဝန် ကိုယ်ဘာသာ ယူနိုင်မှ လုပ်သင့်ကြောင်းပါ...


Mi Band 3 ကို Myanmar Watch Face ပြောင်းဖို့ ဘာတွေ လိုအပ်မလဲ...
ပြောထားတာတွေစုံရင် စရအောင်...
  1. Mi Band 3 နဲ့ Mi Fit app က ချိတ်ထားပြီးသား ဖြစ်ပါစေ။
  2. Mi Fit app ထဲကို ဝင်ပါ။ Profile > Mi Band 3 ထဲက Discoverable ကို On ပါ။
  3. Notify & Fitness for Mi Band app ထဲ ဝင်ပြီး Mi Band 3 ကို ရှာချိတ်ပါ။ ချိတ်ပြီးပြီဆိုမှ အောက်က အဆင့်တွေ ဆက်လုပ်ပါ။
  4. File Explorer/Manager app ထဲက တဆင့် download လုပ်ထားတဲ့ Mi Band 3 Customer Firmware .fw ဖိုင်ကို လက်နဲ့ တို့ထိပါ။
  5. ဘာ app နဲ့ ဖွင့်မှာလဲ လာမေးရင် Notify & Fitness for Mi Bank app icon နဲ့ ပေါ်နေတဲ့ Update firmware ကို ရွေးပြီး ဖွင့်ပါ။
  6. Checking file လို့ ပေါ်နေတာ ပြောက်သွားရင်တော့ Start Update ကို တို့ထိပါ။ 100% မပြည့်မချင်း Bluetooth ပိတ်တာ Power ပိတ်တာတွေ မလုပ်ပါနဲ့။
  7.  File Explorer/Manager app ထဲက တဆင့် download လုပ်ထားတဲ့ Mi Band 3 Myanmar Watch Face Ver. 1.06 by MgHla   ဖိုင်ကို လက်နဲ့ တို့ထိပါ။
  8. ဘာ app နဲ့ ဖွင့်မှာလဲ လာမေးရင် Notify & Fitness for Mi Bank app icon နဲ့ ပေါ်နေတဲ့ Update firmware ကို ရွေးပြီး ဖွင့်ပါ။
  9. Checking file လို့ ပေါ်နေတာ ပျောက်သွားရင်တော့ Start Update ကို တို့ထိပါ။ 100% မပြည့်မချင်း Bluetooth ပိတ်တာ Power ပိတ်တာတွေ မလုပ်ပါနဲ့။ 
  10. Mi Band 3 ရဲ့ screen မှာ 100% ပြည့်ပြီး Update လို့ပြရင် Mi Band 3 ရဲ့ Myanmar Watch Face ပြောင်းတာ အောင်မြင်ပါ။
ထပ်ဖြည့်
Mi Band 3 Original English Resource file: https://drive.google.com/open?id=1aCBO200VsnHfvC2z7JxiGMnhBt_Lp0cb
 
အဆင်ပြေ ချောမွေ့ကြပါစေကြောင်း
ဆုမွန်ကောင်းများ တောင်းပေးပါတယ်...
MgHla

Monday, January 07, 2019

MyanmarNET ၁-ထောင်တန် account card နှင့် Ubiquiti Loco M2/M5 ဖြင့် MyanmarNET ကို ချိတ်ဆက် အသုံးပြုခြင်

MyanmarNET ၁-ထောင်တန် account card နှင့် Ubiquiti Loco M2/M5 ဖြင့် MyanmarNET ကို ချိတ်ဆက် အသုံးပြုခြင်း။ Station mode ပါတဲ့ wireless device တိုင်း ချိတ်ဆက်လို့ရမယ် ထင်ပါတယ်။ ဒီနေ့တော့ Loco M2/M5 နဲ့ ချိတ်ဆက်တာ အဆင်ပြေပါတယ်။ ပုံမှန်ဖုန်းနဲ့ သုံးရင် မိတချက်၊ မမိတချက် လိုင်းမကောင်းတဲ့ခန်းရဲ့ ပြတင်းပေါက်ဘောင်မှာ M2/M5 တင်ချိပြီး MyanmarNET ကိုချတ်သုံးတာ 7Mbps အထိ လိုင်းတက်ကြောင်းပါ။ ပုံမှာစာရေးရမှာ ပျင်းလို့ မရေးတော့ပါဘူး။ စမ်းချင်ရင် ပုံကြည့်ပြီးသာ စမ်းကြပါ။.



macOS မှာ route များထည့်ကြသည်ဆိုရာဝယ်...

ကိုယ်သုံးနေတဲ့ Network ထဲမှာ Gateway တစ်ခုထပ်မက ပိုရှိနေတယ်... Router တွေထဲမှာ မလုပ်ပေးရင် ဟို network သွားချင်ရင် ဟို gateway ပြောင်းလိုက်... ဒီ network သွားချင်ရင် ဒီ gateway ပြောင်းလိုက် လုပ်နေရတာ အလုပ်ရှုပ်ပါတယ်... Terminal ထဲဝင်ပြီး ဒီ sudo route -n add x.x.x.x/24 x.x.x.x command လေးသာရိုက်လိုက်ပါ... 

ဥပမာ ဆိုကြပါစို့... 
- ကျော့်သုံးနေတဲ့ network က 192.168.1.x/24 ဖြစ်ပြီး 192.168.1.1 gateway နဲ့ 192.168.1.254 gateway ၂-ခုရှိတယ် ဆိုပါစို့... 
- ကျော့်တို Internal network ထဲက 192.168.210.x/24 နဲ့ 192.168.310.x/24 network တွေကိုသွားချင်ရင် 192.168.1.1 gateway ကို သုံးရပြီး Internet သုံးချင်တယ်ဆို 192.168.1.254 gateway ကို ပြောင်းသုံးနေရတယ်ဆိုပါစို့... Gateway သွားပြီး ပြောင်းမသုံးချင်ရင်တော့... 
- Gateway မှာ 192.168.1.254 ကို ပုံသေထားပါ... 
- terminal ထဲဝင်ပြီး sudo route -n add 192.168.210.0/24 192.168.1.1 လို့ ရိုက်ထည့်ပါ... password ရိုက်ထည့်လိုက်ပါ... add net 192.168.210.0: gateway 192.168.1.1 ဆိုပြီး ပြပြီဆိုရင် 192.168.210.0/24 network ကို 192.168.1.254 gateway သုံးပြီး သွားလို့ရပါပြီ... 192.168.310.x/24 network ကို 192.168.1.1 gateway က သွားဖို့ အတွက် sudo route -n add 192.168.210.0/24 192.168.1.1 လို့ရိုက်ထည့်လိုက်ရုံပါပဲ... 

Ref: https://glazenbakje.wordpress.com/2012/11/07/add-or-delete-static-routes-apple-mac-os-x-mountain-lion/?fbclid=IwAR0E7QGnrNi1LNmILNRZZ8HBnZGoQ5XFHVtaCHD0M_Qfj1TZ4bj7A0xmW9o