အရေးကြီးတဲ့ အချက်ကို ကြိုတင် ပြောပြချင်တာက ကျော့်ရေးထားတဲ့ ဒီနည်းအတိုင် Xiaomi Mi Band 3 မှာ Myanmar Watch ပြောင်းတဲ့အခါ အခန့်မသင့်ရင် Mi Band 3 brick ဖြစ်သွားနိုင်ပါတယ်... brick ဖြစ်တယ် ဆိုတာက သုံးလို့မရဘဲ ဖြစ်သွားနိုင်တာမျိုးကို ပြောတာပါ... အဲဒါကြောင့် ကိုယ့်ရဲ့ Mi Band 3 သုံးလို့မရ ပျက်သွားမှာ စိုးရိမ်တဲ့သူများ လုံးဝ မလုပ်သင့်ပါ... Mi Band 3 ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါက ရေးပြ၊ လုပ်ပြတဲ့ ကျော့်က လုံးဝတာဝန်ယူမှာ မဟုတ်ကြောင်းနဲ့ ကိုယ့်လုပ်တဲ့တာဝန် ကိုယ်ဘာသာ ယူနိုင်မှ လုပ်သင့်ကြောင်းပါ...
Mi Band 3 ကို Myanmar Watch Face ပြောင်းဖို့ ဘာတွေ လိုအပ်မလဲ...
Mi Band 3 Original English Resource file: https://drive.google.com/open?id=1aCBO200VsnHfvC2z7JxiGMnhBt_Lp0cb
အဆင်ပြေ ချောမွေ့ကြပါစေကြောင်း
ဆုမွန်ကောင်းများ တောင်းပေးပါတယ်...
MgHla
Mi Band 3 ကို Myanmar Watch Face ပြောင်းဖို့ ဘာတွေ လိုအပ်မလဲ...
- Mi Band 3
- Mi Band 3 နဲ့ ချိတ်ဆက်ထားတဲ့ Android Phone
- Mi Band 3 Myanmar Watch Face Ver. 1.06 by MgHla ဖိုင်
- Notify & Fitness for Mi Band app
- Mi Fit app
- File Explorer/Manager app
- Mi Band 3 Custom Firmware .fw ဖိုင် (ကိုယ့်ဘာသာကို ရှာကြပါ :D)
- Mi Band 3 နဲ့ Mi Fit app က ချိတ်ထားပြီးသား ဖြစ်ပါစေ။
- Mi Fit app ထဲကို ဝင်ပါ။ Profile > Mi Band 3 ထဲက Discoverable ကို On ပါ။
- Notify & Fitness for Mi Band app ထဲ ဝင်ပြီး Mi Band 3 ကို ရှာချိတ်ပါ။ ချိတ်ပြီးပြီဆိုမှ အောက်က အဆင့်တွေ ဆက်လုပ်ပါ။
- File Explorer/Manager app ထဲက တဆင့် download လုပ်ထားတဲ့ Mi Band 3 Customer Firmware .fw ဖိုင်ကို လက်နဲ့ တို့ထိပါ။
- ဘာ app နဲ့ ဖွင့်မှာလဲ လာမေးရင် Notify & Fitness for Mi Bank app icon နဲ့ ပေါ်နေတဲ့ Update firmware ကို ရွေးပြီး ဖွင့်ပါ။
- Checking file လို့ ပေါ်နေတာ ပြောက်သွားရင်တော့ Start Update ကို တို့ထိပါ။ 100% မပြည့်မချင်း Bluetooth ပိတ်တာ Power ပိတ်တာတွေ မလုပ်ပါနဲ့။
- File Explorer/Manager app ထဲက တဆင့် download လုပ်ထားတဲ့ Mi Band 3 Myanmar Watch Face Ver. 1.06 by MgHla ဖိုင်ကို လက်နဲ့ တို့ထိပါ။
- ဘာ app နဲ့ ဖွင့်မှာလဲ လာမေးရင် Notify & Fitness for Mi Bank app icon နဲ့ ပေါ်နေတဲ့ Update firmware ကို ရွေးပြီး ဖွင့်ပါ။
- Checking file လို့ ပေါ်နေတာ ပျောက်သွားရင်တော့ Start Update ကို တို့ထိပါ။ 100% မပြည့်မချင်း Bluetooth ပိတ်တာ Power ပိတ်တာတွေ မလုပ်ပါနဲ့။
- Mi Band 3 ရဲ့ screen မှာ 100% ပြည့်ပြီး Update လို့ပြရင် Mi Band 3 ရဲ့ Myanmar Watch Face ပြောင်းတာ အောင်မြင်ပါ။
Mi Band 3 Original English Resource file: https://drive.google.com/open?id=1aCBO200VsnHfvC2z7JxiGMnhBt_Lp0cb
အဆင်ပြေ ချောမွေ့ကြပါစေကြောင်း
ဆုမွန်ကောင်းများ တောင်းပေးပါတယ်...
MgHla
Comments