Skip to main content

Mi Band 3 မှာ Myanmar Watch Face ပြောင်းကြမယ်...

အရေးကြီးတဲ့ အချက်ကို ကြိုတင် ပြောပြချင်တာက ကျော့်ရေးထားတဲ့ ဒီနည်းအတိုင် Xiaomi Mi Band 3 မှာ Myanmar Watch ပြောင်းတဲ့အခါ အခန့်မသင့်ရင် Mi Band 3 brick ဖြစ်သွားနိုင်ပါတယ်... brick ဖြစ်တယ် ဆိုတာက သုံးလို့မရဘဲ ဖြစ်သွားနိုင်တာမျိုးကို ပြောတာပါ... အဲဒါကြောင့် ကိုယ့်ရဲ့ Mi Band 3 သုံးလို့မရ ပျက်သွားမှာ စိုးရိမ်တဲ့သူများ လုံးဝ မလုပ်သင့်ပါ... Mi Band 3 ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါက ရေးပြ၊ လုပ်ပြတဲ့ ကျော့်က လုံးဝတာဝန်ယူမှာ မဟုတ်ကြောင်းနဲ့ ကိုယ့်လုပ်တဲ့တာဝန် ကိုယ်ဘာသာ ယူနိုင်မှ လုပ်သင့်ကြောင်းပါ...


Mi Band 3 ကို Myanmar Watch Face ပြောင်းဖို့ ဘာတွေ လိုအပ်မလဲ...
ပြောထားတာတွေစုံရင် စရအောင်...
  1. Mi Band 3 နဲ့ Mi Fit app က ချိတ်ထားပြီးသား ဖြစ်ပါစေ။
  2. Mi Fit app ထဲကို ဝင်ပါ။ Profile > Mi Band 3 ထဲက Discoverable ကို On ပါ။
  3. Notify & Fitness for Mi Band app ထဲ ဝင်ပြီး Mi Band 3 ကို ရှာချိတ်ပါ။ ချိတ်ပြီးပြီဆိုမှ အောက်က အဆင့်တွေ ဆက်လုပ်ပါ။
  4. File Explorer/Manager app ထဲက တဆင့် download လုပ်ထားတဲ့ Mi Band 3 Customer Firmware .fw ဖိုင်ကို လက်နဲ့ တို့ထိပါ။
  5. ဘာ app နဲ့ ဖွင့်မှာလဲ လာမေးရင် Notify & Fitness for Mi Bank app icon နဲ့ ပေါ်နေတဲ့ Update firmware ကို ရွေးပြီး ဖွင့်ပါ။
  6. Checking file လို့ ပေါ်နေတာ ပြောက်သွားရင်တော့ Start Update ကို တို့ထိပါ။ 100% မပြည့်မချင်း Bluetooth ပိတ်တာ Power ပိတ်တာတွေ မလုပ်ပါနဲ့။
  7.  File Explorer/Manager app ထဲက တဆင့် download လုပ်ထားတဲ့ Mi Band 3 Myanmar Watch Face Ver. 1.06 by MgHla   ဖိုင်ကို လက်နဲ့ တို့ထိပါ။
  8. ဘာ app နဲ့ ဖွင့်မှာလဲ လာမေးရင် Notify & Fitness for Mi Bank app icon နဲ့ ပေါ်နေတဲ့ Update firmware ကို ရွေးပြီး ဖွင့်ပါ။
  9. Checking file လို့ ပေါ်နေတာ ပျောက်သွားရင်တော့ Start Update ကို တို့ထိပါ။ 100% မပြည့်မချင်း Bluetooth ပိတ်တာ Power ပိတ်တာတွေ မလုပ်ပါနဲ့။ 
  10. Mi Band 3 ရဲ့ screen မှာ 100% ပြည့်ပြီး Update လို့ပြရင် Mi Band 3 ရဲ့ Myanmar Watch Face ပြောင်းတာ အောင်မြင်ပါ။
ထပ်ဖြည့်
Mi Band 3 Original English Resource file: https://drive.google.com/open?id=1aCBO200VsnHfvC2z7JxiGMnhBt_Lp0cb
 
အဆင်ပြေ ချောမွေ့ကြပါစေကြောင်း
ဆုမွန်ကောင်းများ တောင်းပေးပါတယ်...
MgHla

Comments

ahtookaung said…
Mi Band 3 Custom firmware.fw မရှာတတ်လို့ပြောပြပေးပါဗျ

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...

RustDesk remote desktop software

RustDesk ဆိုတာက AnyDesk, Team Viewer တို့လို remote desktop software ပဲ... RustDesk က အခမဲ့ အသုံးပြုလို့ရပါတယ်... RustDesk မှာ ဘာထူးခြားချက်ရှိလဲ ဆိုတော့ ကိုယ်ပိုင် server ထိုင်ပြီးသုံးလို့ရတယ်... RustDesk ကိုယ်ပိုင်ဆာဗာ ထိုင်ပြီးသုံးရင် အင်တာနက်မရှိလည်း ဆာဗာနဲ့ clients တွေကြားမှာ connection ရှိတာနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်သုံးလို့ရတယ်... ဆာဗာနဲ့ clients တွေကြားမှာ connection ရှိရင်ဆိုတာက ရုံးလုပ်ငန်းတွေမှာ ရုံးချုပ်နဲ့ ရုံးခွဲတွေ အကြား VPN (Virtual Private Network) ချိတ်ထားတာကို ပြောတာပါ... ရုံးချုပ်နဲ့ ရုံးခွဲတွေကြား VPN ချိတ်ထားတဲ့ လုပ်ငန်းတချို့မှာ ကွန်ပျူတာ အကုန်လုံးကို အင်တာနက်ပေးမသုံးတာမျိုးတွေလုပ်ထားတတ်ပါတယ်... အဲဒီလို အခြေအနေမျိုးမှာ AnyDesk, Team Viewer တို့လို software တွေနဲ့ remote support ပေးမယ်ဆိုရင် remote support လက်ခံမယ့် client ကွန်ပျူတာရော remote support ပေးမယ့် technician ကွန်ပျူတာ ၂-လုံးစလုံး အင်တာနက် ရှိစရာလိုပါတယ်... RustDesk ကိုယ်ပိုင် server ထိုင်သုံးရင်တော့ remote support ပေးမယ့်သူရဲ့ ကွန်ပျူတာရော လက်ခံမယ့်ကွန်ပျူတာ တွေဟာ RustDesk ကိုယ်ပိုင်ဆာဗာနဲ့ connecti...