Google Family Link က ကလေးရှိပြီး ကလေးတွေကို ဖုန်းသုံးခွင့်ပြုတဲ့ မိဘတွေအတွက် အဆင်ပြေတယ်။
ပုံ တစ်ပုံချင်းရဲ့ အောက်မှာ description တွေရေးပေးထားပါတယ်။ စပြီး configuration လုပ်တဲ့အခါ ဖုန်းတိုင်းနဲ့ အဆင်မပြေပါဘူး။ ကျော့်လုပ်တုန်းက Mi Note 3 မှာ အဆင်ပြေပေမယ့် Mi Max Prime မှာ အဆင်မပြေဖြစ်ပါတယ်။ အဲဒါနဲ့ Mi Max Prime ကို custom ROM တင်တာတောင် ၃-ခုမြောက် ROM ကျတော့မှ အဆင်ပြေသွားပါတယ်။
မိဘအတွက်
https://play.google.com/store/apps/details?id=com.google.android.apps.kids.familylink&fbclid=IwAR1j8FL4lAmhaBfHxoFw33CqyZvzheZqMom1zumoNK34glvPQ83Iwk_HqrQ
ကလေးအတွက်
https://play.google.com/store/apps/details?id=com.google.android.apps.kids.familylinkhelper&fbclid=IwAR2WfG0bRo5jNuNKisOilNWPp-Un2jt3fTaIRw7D9ZsIFd_G5Z12u68jNl0

ဒါက မိဘတွေ သုံးရမယ့် Family Link app ပါ icon မှာ လေတံခွန် တစ်ခုပဲ ပါပါတယ်။ ကလေးအတွက် app မှာက လေတံခွန် အကြီးနဲ့ အသေး ၂-ခု ပါပါတယ်။
ဒါက Family Link for parent ထဲဝင်လိုက်ရင် မြင်ရမယ့် နမူနာပုံစံပါ။ ကလေး ၂-ယောက် account နဲချိတ်ထားလို ၂-ခု ပြနေတာပါ။
စဝင်ဝင်ခြင်း မြင်ရတဲ့ home screen ရဲ့ အပေါ်ဆုံးညာဘက် profile picture ပေါ်နှိပ်ရင် အခုမြင်နေရတဲ့ ဆီရောက်သွားမှာပါ။ ဒီမှာ parent ထပ်ထည့်လို့ရပြီး ကလေးတွေ ဖုန်းအသုံးပြုခွင့် ခွင့်ပြုတာ၊ တားမြစ်တာတွေကို မိဘ ၂-ယောက်စလုံး လုပ်လို့ရပါတယ်။
ကလေးတစ်ယောက်ထဲ ဝင်ရင် အခုလို စမြင်ရပါတယ်။ location on ထားရင် ဖုန်း/table ရှိနေတဲ့နေရာကို ပြပါတယ်။ Manage Setting ထဲကို ဆက်ဝင်ကြည့်ပါမယ်။
Manage Setting ကနေဝင်လိုက်ရင် မြင်ရတဲ့ပုံပါ။
Control on Google Play ကို ဆက်ဝင်ရင် မြင်ရတာပါ။
Apps & Game ကို ဆက်ဝင်ရင် မြင်ရတာပါ။ ကျော့် rate for 16+ ဘာကြောင့် ပေးထားတာလဲဆိုတော့ YouTube app install လုပ်လို့ရအောင်ပါ။ ပုံမှန်ဆို YouTube kids app ပဲ install လုပ်ခွင့်၊ သုံးခွင့်ပဲ ကေးပါတယ်။
အခုဝင်ကြည့်နေတဲ့ ကလေး account ရဲ့ home page ကို ပြန်သွားပါမယ်။
ကလေးဘာတွေ သုံးခဲ့လဲဆိုတာ ဒီ activityကနေ ကြည့်လို့ရပါတယ်။
ကလေးအသုံးပြုတဲ့ app တွေ ကြာချိန်တွေကို ပြန်ကြည့်လို့ရပါတယ်။
Unlocked လို့ပြနေရင် ကလေးမှာ ဖုန်း အသုံးပြုခွင့်ရနေတာပါ။ ပြောမရ ဆိုမရ ဖြစ်တဲ့အခါ အသုံးပြုခွင့်ကို ပိတ်ချင်ရင် Lock now ကို နှိပ်လိုက်ရင် ရပါတယ်။
၁-နေ့ကို အချိန်ဘယ်လောက်ပဲ သုံးခွင့်ရှိမယ်ဆိုတာ သတ်မှတ်ထားလို့ ရပါတယ်။
ဒါက ၁-နေ့ကို ဘယ်အချိန်ဘယ်လောက်ပဲ သုံးခွင့်ရှိမယ်ဆိုတာ သတ်မှတ်တာပါ။
စအိပ်မယ့်အချိန်နဲ့ အိပ်ရာထရမယ့် အချိန် သတ်မှတ်ထားရင် အဲဒီအချိန်အတွင်းမှာ ဖုန်းအသုံးပြုခွင့် မရှိပါဘူး။
အကြောင်းတစ်ခုခုကြောင့် ဖုန်းအသုံးပြုခွင့် အချိန်ကို တိုးပေးချင်တယ်ဆိုရင် Bonus time ကနေ တိုးပေးလို့ရပါတယ်။
ဒါက bedtime သတ်မှတ်တဲ့ နေရာပါ။
ကျတော့်ရဲ့ Google Drive က free ပေးထားတာနဲ့ မလောက်တော့ storage space ထပ်တိုးဝယ်ထားပါတယ်။ Google ကနေ Google One ဆိုပြီး မြှင့်ပေးပါတယ်။ အဲဒီ storage space ကို မိသားစုဝင်တွေနဲ့ မျှဝေသုံးစွဲလို့လည်း ရပါတယ်။

Comments