Skip to main content

မောင်လှနှင့် ဘလော့ ... ဘလော့ နှင့် မောင်လှ

အင်း ပြောရမယ်ဆိုရင်တော့ အကျယ်ကြီးပဲဗျ... အင်တာနက်နဲ့ စတင်ထိတွေ့တော့ ဟိုဟာကြည့် ဒီဟာကြည့်ပြီး အင်တာနက်ထဲမှာ ဘာဆက်ကြည့်ရမှန်း မသိတော့ဘူး... အဲဒါနဲ့ www.bagan.net.mm ကို ဝင်မွှေရင်း Forums ဆိုတဲ့ဟာကြီးကို တွေ့ရော ဆိုပါစို့... အဲဒီဖိုရမ်ဆိုတာ ဖတ်ရင်း နဲ့ စိတ်ဝင်စားလာတာနဲ့ BaganNET မှာ ဖိုရမ် ဝင်ရေးဖြစ်ရော... ပုဂံနက်ဖိုရမ်ရဲ့ နေရာ တစ်ခုမှာတောင် ကျတော့်ရဲ့ ဘလော့နဲ့ အလားသဏ္ဌာန်တူတဲ့ တော့ပစ်လေး တစ်ခုတောင် အခုအချိန်အထိ ရှိသေးတယ်ဗျ... burmeseonline mirc ချက်ထဲလည်း ဝင်ဖြစ်သေးတယ်... ဒါပေမယ့် ကျတော် ချက်တာကို စိတ်မဝင်စားဘူးဗျ... အဲဒါနဲ့ ဖိုရမ်ထဲ ဝင်ဖတ်လိုက် ရေးလိုက်ပေါ့ဗျာ...
တဖြည်းဖြည်းနဲ့ ပုဂံဖိုရမ်ကြီးလည်း ခေတ်မကောင်းတော့ဘူးဗျ... ဒီနေ့တင်ရင် နောက် ၃-၄ ရက်လောက်မှ တက်တာမျိုးတွေ ဖြစ်လာရော... အဲဒါနဲ့ မြန်မာဘလော့ လောကရဲ့ ခေတ်ဦးက arloo ရဲ့ blog ကိုငြိမ်းချမ်း တို့ရဲ့ ဘလော့ကို ဝင်ရောက် ဖတ်ရှူရင်း အားကျ စိတ်ဝင်စားတာနဲ့ ဘလော့ တစ်ခု လုပ်မိရော ဆိုပါစို့ဗျာ...
ဘလော့ကို ကျတော့်ရဲ့ စိတ်ထွက်ပေါက်အဖြစ်နဲ့ ရေးမိတယ်... မကျေနပ်ချက်တွေရော ကျေနပ်မှုတွေကိုပါ စာအဖြစ် ချရေးရင်း စိတ်ကျေနပ်မှု ရယူခဲ့တယ်... ကျတော့် ဘလော့ကို လူကြည့်များဖို့ မရည်ရွယ်ခဲ့ပါဘူး... အခုတော့ ကျတော့်ရဲ့ ပါစင်နယ် စိတ်ခံစားမှုလေးတွေတောင် ဘလော့မှာ မရေးရဲတော့ဘူး ဖြစ်နေတယ်... နောက်ပြီး မှတ်သားစရာရှိတာလေးတွေ မှတ်သားဖို့ ဘလော့မှာရေးပြီး မှတ်သားမိတယ်... ကျတော်ဆိုတဲ့ လူက စာအုပ်ထဲမှာ မှတ်သားပြီးရင် ဘယ်စာအုပ် ဘယ်နားမှာ မှတ်ထားမိမှန်း မသိတော့လို့လေ... အင်တာနက်ထဲမှာ မှတ်ထားရင် ငါ အင်တာနက်ရှိတဲ့ နေရာရောက်တိုင်း လိုချင်တာ ပြန်ရှာနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့...
ပထမစစခြင်း ကျတော့် ဘလော့ကို -Win---Kalaw, -Win---Innwa font တွေသုံးပြီးရေးခဲ့တယ်... နောက်တော့ Ponnya Unicode သုံးပြီး ပုညမှာ အချို့ စကားလုံးတွေ ဘယ်လို ရိုက်ရမှန်း မသိတာနဲ့ အခု အချိန်အထိ Zawgyi-One ကိုပြောင်းသုံးခဲ့တယ်...
မောင်လှရဲ့ ပထမဆုံး အလုပ်က ကွန်ပျူတာ သင်တန်းက အခြေခံသင်တန်းလေးတွေ သင်ခဲ့တဲ့ ဆရာပေါက်စ ဆိုတော့ ကျတော့် ဘလော့ post တွေမှာ ဆရာသံ ပေါက်ခဲ့ရင် ခွင့်လွှတ်စေချင်တယ်... ကိုယ်ရည်သွေးမှုတွေ ပါခဲ့လျှင်လည်း ခွင့်လွှတ်စေချင်တယ်ဗျာ...

နိဂုံးချုပ်တော့မယ်ဗျာ...
၂၀၀၆ -ဇွန်လ- (၁၁)ရက်နေ့ကပါတဲ့ စကားလုံးတွေ ပြန်ကိုးကားပြီး နိဂုံးချုပ်ပါရစေ...
ကျတော် သတင်းထောက် မဟုတ်ပါ...
ကျတော် ဂျာနယ်လစ် မဟုတ်ပါ...
ကျတော် နိုင်ငံရေးသမား မဟုတ်ပါ...
ကျတော် အဖွဲ့အစည်း တစ်ခုခုရဲ့ ၀ါဒဖြန့်ချီရေးသမား မဟုတ်ပါ...
ကျတော် အစိုးရ ၀န်ထမ်း မဟုတ်ပါ...
ကျတော် ပိုက်ဆံရလို့ ရေးနေခြင်းမဟုတ်ပါ...
ကျတော်ဟာ စိတ်ကူးပေါက်ရာ လျှောက်ရေးတတ်သူ တစ်ယောက်ပါ...
ကျတော်ဟာ မိသားစုကို လုပ်ကြွေးနေရတဲ့ သာမာန်ပြည်သူ တစ်ယောက်ပါ... (ထပ်ဖြည့်- မိသားစု တာဝန် မကျေသေးပေ)
မြန်မာ ဘလော့ဂါ အားလုံးကို လေးစားလျှက်
ချစ်ခြင်းအားဖြင့်

ကျတော် မောင်လှ

“ကျတော်” ဆိုသော စကားလုံးသည် မောင်လှ၏ မူပိုင် ဖြစ်သည်... မည်သူမဆို လွတ်လပ်စာ သုံးနိုင်သည်... “ကျွန်တော်”ဟု ရိုက်ရမှာ ပျင်းသောကြောင့် “ကျတော်”ဟု ရိုက်ခြင်းသာ ဖြစ်ကြောင်းနှင့် မောင်လှ အတွက် ကိုယ်ပိုင်နာမ်စား တစ်ခု တီထွင်ထားခြင်းသာ ဖြစ်ကြောင်း မြန်မာစာ ချစ်သူများသို့ လေးစားစွာ ပန်ကြားအပ်ပါသည်...

My Labels: Myanmar Blogger, MgHla, မောင်လှရေ,

Comments

ငါမရ said…
မောင်လှနျင့်ငါမရ
ကိုမောင်လှရေ...ကျနော်လည်းကိုမောင်လှလိုပါပဲ...ဒါပေမဲ့ ကြိုက်တာလုပ် ဟိုဟာတော့မလုပ်နဲ့ ခေတ်ကြီးမှာ ကြီးပြင်းလာတဲ့ ကျနော်တို့ ဟာ ဘယ်တော့မှ ကိုယ်ကြိုက်တာကို ကိုယ်လုပ်နိုင်တဲ့ အချိန်လေးမြန်မြန်ရောက်ပါစေလို့ စုတောင်းချင်တယ်ဗျာ...စုတောင်းပေးလိုက်တယ်ဗျာ...
မှတ်ချက်။ ။ စုတောင်းတယ်ဆိုတာ ကျနော်ရဲ့ မူပိုင်ဖြစ်ပါတယ်။ ကိုမောင်လှ သုံးချင်ရင် သုံးနိုင်ပါတယ်။ အဟဲ...
Sai Linn Thu said…
မှတ်မိပါသေးတယ်..ပုဂံနတ်ForumမှာIADနဲ့ ပက်သက်ပြီး ရေးလိုက်လို့ အပြောခံ လိုက်ရတာလေးကို...
Min Thu said…
I wouldn't have realized the word "kya taw" or "kyon taw" if you didn't wrote the small note at the end. :D

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...


fb Security Features and Tips အပိုင်း-၂ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ Never Share Your Login Information • ကိုယ့်ရဲ့ password ကို ခိုးချင်တဲ့ Scammer တွေဟာ facebook နဲ့ အလားသဏ္ဍာန်တူတဲ့ website အတုတွေ ဖန်တီးပြီး ကိုယ့်ရဲ့ email နဲ့ password ထည့်သွင်းပြီး login လုပ်ခိုင်းတတ်ပါတယ်။ (Scammer အသုံးအနှုန်းကို ဘန်းကျော်မှာ လူသုံးနည်းပြီး hacker လို့ အသုံးများကြတယ်။ scammer နဲ့ hacker ဘာကွာလဲ ကျော့်လည်း မသိဘူး။ လိုက်ရှာလည်း မဖတ်ချင်ဘူး။ ဘာသာဆက်ပြန်မယ်။ ဆက်ရွှီးမယ်။) • ကိုယ့်ရဲ့ username, password တွေ အသုံးပြုပြီး facebook ကို login ဝင်မယ်ဆိုရင် facebook ရဲ့ login screen design နဲ့တူတယ် ဆိုပြီး username နဲ့ password တွေ အလောတကြီး မရိုက်ထည့်လိုက်ပါနဲ့။ • URL bar မှာ facebook.com ဟုတ်ရဲ့လား ပြန်စစ်ပါ။ ဒါက browser ကနေ အသုံးပြုတာကို အဓိကရည်ရွယ်ပ

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... မနေ့က ညနေ ၅-နာရီကျော်လောက်မှာ မိုးခြိမ်းသံ ကြားလိုက်တာ လူကို လန့်သွားတာပဲ... ၄-ခါလောက်ကို မိုးကြိုးပစ်သွားတယ် ထင်ပါရဲ့... လျှပ်စီးလက်တာ ၂-ခါ မြင်လိုက်ရတယ်... အလင်းတန်း အရွယ်အစားက တော်တော် ကြီးတယ်... ခါတိုင်း ခပ်သေးသေးပဲ မြင်ဖူးတယ်... ဟိုတညက ညဘက်ကြီး မိုးခြိမ်းတာကလည်း ငလျင်တော်လဲသံအလားပဲ... အရှည်ကြီးကို ခြိမ်းလို့ မိန်းမကိုတောင် ငလျင်လှုပ်တာလား မသိဘူးလို့ အိပ်ချင်မူးတူးနဲ့ ထပြောမိတယ်... ဒါနဲ့စကားမစပ်... (Mandalay News) မန္တလေးမှာ လမ်းတွေ ပြန်ခင်းနေတယ်လို့ ကျတော် ရေးခဲ့ဖူးတယ်လေ... အခု ဘတ်ဂျက်ကုန်ခမ်း ခါနီး ဖြစ်နေလို့လားတော့ မသိဘူး... အချို့ ခင်းလက်စ လမ်းတွေကရပ်ထားပုံပေါ်ပြီး အချို့ လမ်းတွေက အပေါက်ဖာတဲ့ပုံစံမျိုးပဲ ပြန်ခင်းနေတယ်... ဒါနဲ့စကားမစပ်...  အောက်က ပေးထားတဲ့ link လေးတွေလည်း သွား ကြည့်ပါဦး... http://www.microsoft.com/athome/setup/wirelesstips.aspx Ydnb FC နဲ့ YgnUtd ပွဲအပြီးမှာ ရန်ကုန်ပရိတ်သတ်တွေကို ခဲနဲ့ပေါက်သူတွေကို ဖမ်းမိတဲ့ သတင်း... http://yanikphotoschool.com/tips/using-your-monitor-as-a-light-source-part-1/   http://lifehacker.com/5360150/install