photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Thursday, November 30, 2006

သတင်းလား အတင်းလား ပေါက်ကရတွေလား...

  • mghla.com domain ကို ဘန်ကောက် ရောက်နေတဲ့ ချစ်သူငယ်ချင်းကြီး ဝေဖြိုးအောင် ကောင်းမှုနဲ့ ရပါပြီ... ခုတလော အဲဒါကိုပဲ လျှောက်စမ်းနေမိသည်... ဟိုစမ်း ဒီစမ်း လုပ်နေတုန်းမို့ http://blog.mghla.com နဲ့ ဒီ blog ထဲကို ရောက်အောင် လုပ်ထားသည်... သူငယ်ချင်းဝေဖြိုးအောင်ကို ကျေးဇူးအထူး တင်ပါသည်... ထိုင်းမ အပျိုစစ် ချောချောလေးနဲ့ ရပါစေ...
  • စာပြင် - dns လျောက်စမ်းရင်းနဲ့ ဒုက္ခရောက်နေလို့ blog ကို http://blog.mghla.com နဲ့ လာလို့ရအောင် လုပ်ထားသည်...

  • ၁-ပတ် လောက်တော့ ရှိပြီ မန္တလေးမှာ သိသိသာသာ အေးလာသည်... တော်တော်လေးကို ချမ်းလာသည်... နေ့လည်စာ ထမင်းစားပြန်တာ အနွေးထည် ၀တ်ပြန်မှ အဆင်ပြေသည်...

  • မန္တလေးမှာ သိသိသာသာ မီးပျက်ချိန်လည်း များလာသည်... ၆-နာရီလာရမည်ကို အလွန်ဆုံး ၃-နာရီလောက် လာတာမျိုး၊ ည ၆-နာရီ စလာရမှာကို ည ၈-နာရီ ၉-နာရီလောက်မှ လာတာမျိုးတွေ၊ ဒါပေမယ့် လာချိန် ပျက်ချိန်တော့မှန်သည်... ဥပမာ - ဒီနေ့ဆို မနက် ၆-နာရီလာရမယ်... ဟုတ်ကဲ့ပါ ၆-နာရီမှာ ၅-မိနစ်လောက် ခဏလာပြီး ပြန်ပျက်သွားသည်... ၁၂-နာရီ ပျက်ရမှာဆိုတော့ ၁၂-နာရီထိုးတော့ ခဏလင်းပြီး မျက်စိတမှိတ် လျှပ်တပြက်အတွင်း ပြန်ပျက်သွားသည်...

No comments: