gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Myanmar News (Mandalay)

ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ်ကျော်ဆန်း
ကိုအောင်သူမြိုင် စောစောကမေးတဲ့ ဓာတ်ဆီ၊ ဒီဇယ်တစ်ဂါလန်ကို ၂၅၀၀ အထိ ဈေးတက်ယူမယ်၊ လျှပ်စစ် ယူနစ်တစ်ခုကို ၂၅ကျပ် ကနေ ၇၅ကျပ်အထိ ဈေးတက်ယူမယ်ဆိုတာ ကောလာဟလဖြစ်ပါတယ်။
၁၀-၄-၀၆ ထုတ် ကြေးမုံသတင်းစာ စာမျက်နှာမှ ပြန်လည် ကူးယူဖော်ပြသည်...

ကျတော်တို့မန္တလေးမှာ သင်္ကြန်ရောက်တော့မည် ဖြစ်သောကြောင့် ဓာတ်ဆီ တစ်ဂါလန်လျှင် ပြင်ပပေါက်ဈေး ၄၀၀၀-ကျပ်၊ ဒီဇယ်တစ်ဂါလန် ၄၃၀၀-ကျပ် ၀န်းကျင် ပေါက်ဈေးရှိကြောင်းပါ...
အစိုးရဓာတ်ဆီဆိုင် ရောင်းဈေးကတော့ တစ်ဂါလန် ၁၅၀၀-ကျပ်ပါ...

ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်အောင်
အခုလို ၀န်ထမ်းတွေ လစာတိုးပေးတာကလည်း အခွန်အကောက်ကို စနစ်တကျကောက်ပြီးတော့ ဒီဟာကို ပေးခဲ့တာ ဖြစ်ပါတယ်။ ခုနကပြောသလို စနစ်တကျ ကောက်ခံတယ်၊ ကောက်ခံစရာရှိတဲ့ အခွန်အခတွေကို ထိုက်ထိုက်တန်တန် ထိထိရောက်ရောက် ပေးခဲ့နိုင်တာဖြစ်ပါတယ်။ ခုနကပြောသလို inflation ကို ၀န်ထမ်းလစာလေးပေးတာနဲ့ ကြိုတင်ခန့်မှန်းပြီးတော့ inflation တက်နိုင်တယ်၊ deflation တွေဖြစ်နိုင်တယ်ဆိုတာမျိုးကိုတော့ ကြိုတင် ခန့်မှန်းပြီး ပြောပြလို့ မရနိုင်ပါဘူး။ သုံးသပ်လို့ မရပါဘူး။
၁၀-၄-၀၆ ထုတ် ကြေးမုံသတင်းစာ စာမျက်နှာမှ ပြန်လည် ကူးယူဖော်ပြသည်...

ကျတော်တို့မန္တလေးမှာ ပြီးခဲ့တဲ့ လအထိ စားတဲ့ မြေပဲဆီဈေး တစ်ပိသာကို ၁၈၀၀ ကနေ ၂၀၀၀ ကျပ် ၀န်းကျင် အတွင်းမှာပဲရှိပါတယ်... လွန်ခဲ့တဲ့ ၄ ရက်လောက်က ၀ယ်တာ တစ်ပိသာကို ၂၅၀၀ ကျပ်ပါ... အဲဒါ နေ့လည်ဘက် ၀ယ်တဲ့ဈေးပါ... မနက်ပိုင်းတုန်း ၂၃၀၀ တဲ့ခင်ဗျ... သင်္ကြန်နားရောခါနီးရင် ဈေးတက်တာ သဘာဝပါပဲ ခင်ဗျ...
ရွှေဈေးကလည်း ပြီးခဲ့တဲ့လက ၃.၆ သိန်းကျော်ပါ... အခု ၄.၂၅ သိန်းလောက်ရှိပါတယ်... ကမ္ဘာ့ရွေဈေးတွေတက်လို့ပါ... ၂၅ နှစ်အတွင်း ထူးခြားစွာ ကမ္ဘာ့ရွှေဈေးတွေ တက်တယ် ဆိုပဲဗျ...

Comments

NLS said…
သူတို့သာ ကြိုမတွက်တတ်တာပါဗျာ။ ကျွန်တော်တို့ ကြိုတွက်ထားတာနဲ့ဆို ကွက်တိ။ တစ်လတောင် မကြာဘူး။ ဒါမျိုး မတွက်တတ်ဘဲနဲ့များ ဘဏ်ဥက္ကဌ လုပ်နေသေးတယ်။ ပြောရင်လည်း ယုတ္တိရှိအောင် မပြောဘူးဗျာ။
MgHla said…
ကျတော်ပြောတာ လစာတိုးလို့ တက်တာမဟုတ်ဘူးနော်... သင်္ကြန်နီးလို့ရယ်... ကမ္ဘာ့ရွှေဈေးတက်လို့ လိုက်တက်တာနော်... ပုံမှန်တက်နေကြမို့ဗျာ...

Ad