gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Myanmar Forum (http://board.NativeMyanmar.com)

NativeMyanmar ကနေ ကူးယူလာတာဗျို့... ၀င်ရောက် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်... Myanmar Language ဆိုပြီး ဆွေးနွေးနေကြတဲ့ အထဲက ကောက်နှုတ်ထားတာပါ...

jeepercreeper wrote:
မြန်မာစာ မြန်မာစကား ဆိုလို့ပါ..။

ဟိုတစ်နေ့က ကိုယ့်သားလေး(၇.နှစ်ခွဲ ) ကို "အဘ ထက်သားတစ်လကြီး" ဆိုတဲ့ စကားပုံလေးပြောမိပါတယ်..။ ပြန်ရှင်းပြနေလိုက်ရတာ နာရီဝက် လောက် ကြာသွားတယ်..။ ကလေးက သူတို့ကျောင်းမှာ အတန်းတွေ ခုန်ခုန်တက်သွားတာ..(၂)ခါတောင်ရှိနေပြီဖြစ်တဲ့ ကလေးမျိုးပါ.. (ဆိုလိုတာက ဥာဏ်ရည်အနိမ့်စားကြီးထဲက မဟုတ်တဲ့ ကလေးမျိုးလို့ ပါ..) ဒါတောင် "စကားပုံ" ဆိုတာမျိုးကို .. ဒီလောက်လွယ်တဲ့ဟာလေးမျိုးကို တော်တော်ရှင်းယူလိုက်ရတော့ ..။(အဲဒါရဲ့အဓိပ္ပါယ်အပြင် စကားပုံ ဆိုတာ ဘာလဲ..ဆိုတာကိုပါထပ်ရှင်းနေရသေးတာ)

ကိုယ်တို့တွေ ငယ်ငယ်ကဆို ဒီလောက်အသက်အရွယ်ဆို ဒီလောက်လွယ်လွယ် စကားပုံမျိုး လေးငါးခု လောက်တော့ အနည်းဆုံး သိပြီးနေခဲ့ပြီ ထင်တာပဲ ..။
ဒီခေတ်ကလေးတွေမတော့ တခြား မီဒီယာတွေ က ယူနေစရာတွေများ.များလှတာနဲ့ပဲ ..
ဟာ တဲ့နေရာတွေကျတော့ ဟာ ကုန်ကြတာ..။ ကြာကြာနေရင် next generation
တွေ မြန်မာစကားပုံ တွေကို သိမှသိပါတော့မလား..လို့တောင် တွေးမိသွားတယ်..။
ခု ကိုယ့်သားလေးတွေကိုတော့ တစ်နေ့နှစ်ခုလောက် (ခပ်လွယ်လွယ်တွေက.စလို့ ) နည်းနည်းချင်း သွင်း.သွင်းပေးသွားမလား..လို့ ..။

..........................................................


Comments

Ad