gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

MgHla & Flash (SOS, F1, Help me, Kal Kya Par, ကူညီကြပါ)

သူငယ်ချင်းများသို့...
ကျတော် မောင်လှ htooeainthin.com အတွက် ဒီဇိုင်းအသစ် ပြန်ရေးနေတယ်ဆိုတာ သိကြမယ်ထင်ပါတယ်... အခုကျတော် စမ်းသပ်ရေးထားတဲ့ home page design ကို http://www.htooeainthin.com/beta.htm မှာ သွားရောက်ကြည့်ရှုနိုင်ပါသည်...
ကျတော် မောင်လှမှာ Flash နှင့် ပတ်သက်ပြီး ဘာမှ မယ်မယ်ရရ လုပ်ဖူးသူမဟုတ်ပါ... ခုရေးထားတာတောင် စမ်းတ၀ါးဝါးနှင့် ရေးထားခြင်း ဖြစ်ပါသည်...
ခု အကူအညီ တောင်းလိုတာက Flash ဖိုင်ကို စတင်ရာမှာ ပြတဲ့ loading bar ဘယ်လို ရေးရလဲဆိုတာ သိချင်လို့ပါ... နမူနာတစ်ခု download လုပ်ပြီးကြည့်သော်လည်း အင်္ဂလိပ်စာ လွန်စွာညံ့ဖျင်းမှုနဲ့ Flash ကို ကျွမ်းကျင်စွာ မသုံးတတ်မှုတွေကြောင့် နားမလည်ပါ... လုပ်ကြည့်သော်လည်း အဆင်မပြေပါခင်ဗျား... သိသူ တတ်သူများ ကူညီ မစတော် မူကြပါခင်ဗျား...
ထူးအိမ်သင် site အတွက်ရေးတာ ဘာမှ မရပါခင်ဗျား... ၀ါသနာပါလို့သာ လုပ်နေရခြင်းဖြစ်ပါတယ် ခင်ဗျ... အပြင်ကုမ္ပဏီ အပ်မယ်ဆိုရင်လည်း Flash ပါတဲ့ ဒီဇိုင်းဆို ၅-သိန်းနဲ့ အထက် ကုန်ကျနိုင်ပါတယ်... ထူးအိမ်သင် site ကို အင်တာနက်ပေါ် ဖြစ်တည်အောင်ကြိုးစားနေကြသူများများ ဘိုင်ကောင်တွေပါ... hosting ကြေးတောင် အကြွေးထားလို့ mmbiz.net တောင်စပွန်ဆာပေးရတဲ့ အခြေအနေ ရောက်သွားကြရတဲ့ ဘိုင်ကျနေတဲ့ ကောင်တွေပါ...

Comments

Ad