gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Mandalay News (ဟိုတယ်များ စည်းကမ်းချိုးဖောက်က ပိတ်သိမ်းခံရမည် )

"တချို့လုပ်ငန်းရှင်တွေက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လျစ်လျူရှုကြတယ်။ ၂၀၀၅ ခုနှစ်၊ ဇန်န၀ါရီလကနေ အခုနှစ် မတ်လအထိ ဟိုတယ်၊ တည်းခိုခန်းတွေမှာ လူသတ်မှု နှစ်မှု၊ မူးယစ်ဆေးဝါးမှု ရှစ်မှု၊ ပြည့်တန်ဆာမှု လေးမှုနဲ့ အမည်စာရင်း မတိုင်မှု တစ်မှု ဖြစ်ခဲ့တယ်။ အနှိပ်ခန်း တွေကိုလည်း ဟိုတယ်၊ မိုတယ်၊ အင်းတွေမှာ နည်းလမ်း ပေါင်းစုံနဲ့ တွေ့နေရတယ်။ လုံးဝလုပ်ခွင့် မရှိပါဘူး" ဟု မန္တလေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီးကြည်သိန်း က ပြောကြားသည်။

တည်းခိုသူများ အတွက် မလိုလားအပ် သော ၀န်ဆောင်မှုများ လုပ်ပေးခြင်းမှာ အကျည်းတန်ကြောင်းနှင့် ဖြစ်ပွား ခဲ့သော လူသတ်မှုနှစ်မှု၌ မန်နေဂျာများ၏ ပေါ့လျော့မှုကို များစွာတွေ့ရကြောင်း မန္တလေး ခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး စိုးမြင့်က ပြော ကြားသည်။
[via Myanmar Times]

Comments

Ad