gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

အိမ်ရှေ့မင်းသွား တောလား - ၁

ရေးရတာပျင်းလို့ ဦးထိပ်နဲ့ ပုဂံနပ် ရေးတာ တင်လိုက်တယ်ဗျို့...

ဦးထိပ် ရေး...

မန်းမန်ဘာများ ယနေ့စုစည်းပြီးခရီးတိုလေးထွက်လို့
ပျော်ပျော်ပါးပါးသွားခဲ့ကြပါတယ် . . .

နောက်ကိုလည်းဒီလို
အစီအစဉ်လေးတွေနဲ့ ခရီးတိုလေးတွေ
ထွက်ကြရရင်ကောင်းမယ်ဗျာ ကနေ့သွားခဲ့ကြတာကတော့
အိမ်ရှေ့မင်းထန်းတောကိုပါ...

ကိုဂျေ

ကိုမောင်လှ

ကိုမောင်ရမ်း

ကိုပုဂံနက်

ကျွန်တော် (ဦးထိပ် (ခ) နေမျိုးနွယ်)

သွယ်သွယ်

ငွေနှင်းမြူ အားလုံး ၇ယောက် သွားခဲ့ကြတာပါ . . .
ကိုဂျေ အိမ်မှာ အားလုံးလူစုပြီး နေ့လယ်ပိုင်းမှာ
အိမ်ရှေ့မင်းထန်းတောကို
ထွက်ခဲ့ကြပါတယ်...

ဆိုင်ကယ် ၄ စီးလူက ၇ယောက်ပေါ့ ...
လမ်းမှာ ဆီထည့် လေဖြည့်ရင်းနဲ့၁နာရီလောက်မှာတော့
သခင်မတောင်နားကအိမ်ရှေ့မင်းထန်းတောကို
ရောက်ခဲ့ပါတော့တယ် . . . .

ထန်းရေ တစ်မြူမှာပြီး သူရဲကောင်း ရွေးရာမှာတော့
သူရဲကောင်း
သုံးယောက် ထွက်ပေါ်လာခဲ့ပါတယ် . . .

သူရဲကောင်းကြီး သုံးဦးက ထန်းရေတစ်မြူ ကို
သောက်ခဲ့ကြပါတယ် . . . ကြွက်ကြော်၂ကောင်နောက် ပဲလှော်ကြော်သုတ်ဝယ်လာခဲ့တဲ့
မုန့်တွေ ထုတ်လို့ စားကြ သောက်ကြပေါ့ ...


စကားတွေလဲပြောစားလဲစားသောက်လဲသောက်နောက်ရိုက်လဲရိုက်ကြတယ်ဗျ . . .

ပုဂံနပ် ရေး...

ပျော်စရာကောင်းပါတယ်ဗျာ။
ခရီးသွားရတာလည်း
ဝေးဝေး
ရောက်သွားတော့လည်း ဟိုအကြောင်း
ဒီအကြောင်းနဲ့တော်တော့ကို
စုံစေ့အောင်
ပြောသွားကြတယ်။ ကိုမောင်လှ ဦးထိပ်
ကိုရမ်း ကိုဂျေအယ်လ်
ငွေနှင်းမြူ
သွယ်သွယ်... တို့ရေ...
နောက်နောင်ကျပြန်တော့လည်း အေးဆေး
(အိမ်ရှေ့မင်း
မဟုတ်တဲ့) တစ်နေရာမှာ
ထပ်တွေ့ကြတာပေါ့ဗျာ... ။ သြော်...
မေ့သွားလို့ဗျို့...
တခြားမင်ဘာတွေလည်း
လိုက်ခဲ့ပေါ့ဗျာ။
ပျော်ပျော်ပါးပါးပေါ့။ တာ့တာ။

(ဦးထိပ်ရေးထားတဲ့ အထဲက ရိုက်တယ်ဆိုတာ
ဓါတ်ပုံပြောတာဗျို့.. ဒီလူကြီး ထည့်ပြီး ရှင်းမသွားတဲ့အတွက် ရှင်းလိုက်ရတာ)


ဦးထိပ် ရေး...

သြော် . . .

ရိုက်တယ်ဆိုတာဓာတ်ပုံပါ . .
ပထမပိုင်းတော့ဖျာနဲ့ ထိုင်လို့ နောက်
စားပွဲ
နဲ့ တန်းလျားနဲ့
ပြောင်းထိုင်ကြတယ်လေ . . .

ထန်းရေက တစ်မြူ ကြွက်ကြော်က နှစ်ကောင် ကိုမောင်လှ (ဦးထိပ်
ကျတော်ယူလာတာ မဟုတ်ဘူး
မောင်ရမ်းယူလာတာ)
ယူလာတဲ့ ၀ိုင်နီက
တစ်ပုလင်း
သူရဲကောင်းက ၃ယောက် ၀ိုင်သာယူလာတယ်ဝိုင်ဖောက်တံက
မပါ...

ကြက်ကြော်မှာ ထားတာကလဲကြာတယ်ဗျာ
အရည်သောက်လေးချက်ပေးမယ်ဆိုတာကလဲ
မတွေ့ရ...

ဝိုင်ပုလင်းကို ဆိုင်ကယ်သော့နဲ့ ရအောင်ဖွင့်ဆိုင်က
ဓားနဲ့ ထိုးကလော်မရတော့ ဆိုင်ကယ်သော့နဲ့ ရသလောက်ဖဲဖဲ ပြီး ဖွင့်မရ ရအောင်
အားလုံး ကြိုးစားတယ်ဗျာ ကျွန်တော်လည်း ၀ိုင်ကိုတော့ စိတ်ဝင်စားသား ...

ဝိုင်ပုလင်းထဲကို သော့တွေနဲ့ရအောင် နဲနဲချင်းဖော့ကိုထုတ်ပြီးနောက်ဆုံး ဖော့ကို ၀ိုင်ပုလင်းထဲ
ထိုးထည့်ထားလိုက်တယ်ဗျာ .
. . ၀ိုင်အရသာက မေမြို့ဝိုင်လို
မကြိုက်ကြဘူးဖြစ်နေတာ . . . ၀ိုင်ကတော့ ကျွန်တော်ပဲ သောက်ဖြစ်တယ် ကျန်ရဲ့
သူရဲကောင်း ၃ယောက်ကတော့ တစ်မြူတည်းသော အိုးနဲ့ ကျေနပ်လေရဲ့ နောက်
တစ်မြူထပ်မှာပင်ကျရည် ချက်ချင်းတက်ခိုင်း မှာ အားလုံး ၃မြူဖြစ်ပေမဲ့
တကယ်သောက်ဖြစ်တာ တစ်မြူထဲပါဗျာကျန်တာတွေကစကားပြောနေတာနဲ့မသောက်ဖြစ်ပါဘူး အဲကုန်တာက ရေသန့်ဗျ ရေသန့်က ၃လုံး အားလုံး စကားတွေပြောလိုက်ကြာလေ . . . . .


ဦးထိပ်နဲ့ ကျန်တဲ့သူတွေ ဆက်ရေးရင် ထပ်တင်ပေးမယ်ဗျာ... အမှတ်တရပေါ့... ဓာတ်ပုံတွေလည်း တင်ဦးမယ်ဗျာ...

Comments

Ad