gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

အိမ်ရှေ့မင်းထန်းတောသွားကြမယ်...

လိုက်ကြဦးမလား... မနက်ဖြန်ကျရင် နေးတစ်မြန်မာက မန္တလေးသူ/သား သူငယ်ချင်းတွေနဲ့ အိမ်ရှေ့မင်း ထန်းတောသွားကြမလို့... အရင်တုန်းက အိမ်ရှေ့စံ ကနောင်မင်းသားကြီး သောက်တဲ့ ထန်းတောမို့ အိမ်ရှေ့မင်းထန်းတောလို့ ခေါ်တယ် ထင်တာပဲဗျ... ဘယ်နားမှာလဲဆိုတော့ သခင်မတောင်ခြေ နားကရွာလေး တစ်ရွာပေါ့ဗျာ... မန္တလေးမြို့ရဲ့ မြောက်ဘက် မိုးကုတ်သွားတဲ့လမ်း ကြာနီကန်ရွာ အရှေ့ဘက်မှာ ရှိတယ်ဗျ...
ပင်ကျရည်လေးကို ကြွက်ကြော်၊ ကြက်ကြော်နဲ့ စားလိုက်သောက်လိုက်ဦးမယ်ဗျို့... ကြွက်ကြော်က ကြက်ကြော်ထက် ကောင်းတယ်ဗျ... မူးအောင်သောက်ကြမယ့်ကောင်တွေ မဟုတ်ပါဘူး... အမြည်းစားကြမယ့် ကောင်လေးတွေပါ... ထန်းရည်ဖိုးထက် အမြည်းဖိုးပိုမယ့် အဖွဲ့တွေပါ... လိုက်မယ်ဆိုရင် မနက်ဖြန် မနက် ၁၀း၃၀ နာရီ ကိုဂျေအယ်လ် (ခ) ကိုသခင်ကြီးအိမ် အရောက်လာခဲ့ဗျို့...

Comments

NLS said…
ကိုမောင်လှရယ်

သွားရည်ကျလိုက်တာဗျာ။ ဟိုတစ်ခါ အဲဒီကို သွားတာ ကြွက်ကင်လေးနဲ့ ထန်းရည်လေး ဆွဲထည့်လိုက်တာ ဆိုင်ကယ်တောင် မနည်း မောင်းယူရတယ်။ သတိရပါ့ဗျာ။
မေ said…
ကိုမောင်လှရေ
ကိုဂျေအယ်လ်ကို ပြောလိုက်ပါဦး။ အားတဲ့ခါ ဘလော့မှာ ဓါတ်ပုံတွေ ထပ်တင်ပါဦးလို့။
MgHla said…
မမေ၁၁ ရေ...
ကိုဂျေ့ကို ပြောထားပါတယ်... သူလည်း မီးလာတဲ့ အခါမှ အင်တာနက်သုံးရ အလုပ်လည်း လုပ်ရတာမို့ မီးလာတဲ့အချိန် အလုပ်ဦးစားပေးနေရတာမို့ အချိန်ရရင် တင်ပေးပါ့မယ်တဲ့ခင်ဗျ... အဆင်ပြေရင် ကျတော် စီဒီနဲ့ရိုက်ယူပြီး တင်ပေးပါ့မယ်ဗျား... လက်သမားဆရာ၊ ဆေးသုတ်ဆရာ တွေကိုရိုက်ထားတာ ၀ဏ္ဏခွါနီးထက်တောင်သာတယ် ထင်တာပဲဗျ....

Ad