photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Monday, April 10, 2006

စိတ်အချဉ်ပေါက်ခြင်း

ခု ဓာတ်ဆီထုတ်ပြီး ပြန်လာသည်... စိတ်အချဉ်ပေါက်လာသည်... ကျတော့် ဆိုင်ကယ်လေးမှာ အစိုးရသတ်မှတ်ထားတဲ့ တစ်ဂါလန် (၄.၅လီတာ) မဆန့်ပါဘူး... ၄ လီတာလောက်ပဲ ဆန့်တာပါ... ဒါကို ပန့်ကိုင်တဲ့လူက ပန့်ကစားသလား မမေးနဲ့ ... ပန့်ကစားတဲ့အပြင် ၂ စိတ်လောက်ခိုးတယ်ဗျို့... ခါတိုင်းနေ့တွေ ၁ စိတ်လောက် ခိုးတာ ခိုးနေကြမို့ ခံသာသေးတယ်... ဒီနေ့ စိတ်အချဉ်ပေါက်လာတယ်... မကျေနပ်ဘူးဗျာ... မကျေနပ်လို့တိုင်လဲ... ဆိုင်မန်နေဂျာက အရေးမယူတဲ့အပြင် ရိုက်ထုတ်မှာစိုးလို့ တိုင်ပြီး အလကား ဖြစ်မှာ စိုးလို့ မတိုင်ခဲ့ဘူးဗျို့...

မောင်လှ သင်္ကြန်ပိတ်ရက် အင်တာနက်သုံးနိုင်မည် မဟုတ်သောကြောင့် ဧပြီလ (၁၈) ရက်နေ့မှ ပြန်ရေးမယ်...

3 comments:

NLS said...

ကိုမောင်လှကြီး ကဲနေပြီလား မသိဘူး။ ဒါမှမဟုတ် ထမီတိုတို ရေစိုစိုလေးတွေကို လိုက်ကြည့်နေပြီလား။ ကျွန်တော့် အတွက်ပါ ပိုကြည့်လိုက်နော်။ :)

မေ၁၁ said...

မဖြစ်နိုင်ပါ။ အိမ်တွင်ကလေးထိန်းနေရလောက်သည်။ ဟားဟား

မောင်လှ said...

မမေ ပြောတဲ့အတိုင်းဗျို့... ဘယ်မှ မလည်ချင်လို့ မေမြို့ (ပြင်ဦးလွင်) တက်ပြီး ကလေးထိန်းခဲ့တယ်ဗျို့...