gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

အပြင်ကလူနဲ့ အတွင်းကလူ ...

အပြင်ကလူနဲ့ အတွင်းကလူ အရေးအသားချင်းကွာတယ်နော်... ကျတော်တို့လို အတွင်းကလူတွေက ဟိုဝေ့ ဒီဝေ့ရေးကြရတယ်... ဟိုဟာ ကတ်ကြေး လွတ်အောင်လို့... ပုဂံဖိုရမ်မှာ ရေးရင်း ဒီအကျင့်ကြီးရလာရတာ... အောက်မှာ နှိုင်းယှဉ်ကြည့်ပါဦး...

ကိုညီလင်းဆက် ရေးတာ
ဝန်ထမ်းတွေလစာ ၁၀ဆတိုး
ဝန်ထမ်းတွေ လစာ ၁၀ ဆ တိုးသွားပြီတဲ့။ ရုံးတွေကို စာဝင်ပြီတဲ့။ ဒါအမှန်ဆိုရင် ၀မ်းသာစရာပါ။ ၀န်ထမ်းတွေ အသက်ရှူ နဲနဲ ချောင်ပြီပေါ့။ ဒါပေမယ့် ဒီလစာတိုးတာကို လိုက်ပြီး ကုန်ဈေးနှုန်း မတိုးအောင်နဲ့ ပိုက်ဆံတန်ဖိုး မကျအောင် ထိန်းဖို့ လိုလိမ့်မယ်။ နို့မိုဆိုရင်တော့ ဘာမှ ထူးမှာ မဟုတ်ဘူး။ ပျော်ရွှင်ပါစေ မြန်မာပြည်။ မီးရေမှန်ပါစေ မြန်မာပြည်။

ဖြည့်စွက်။ အစိုးရ၀န်ထမ်း ၁၀ ဆ။ အပြင်ဝန်ထမ်း ၆ ဆ ဖြစ်ပါတယ်တဲ့။ သတင်း ထပ်မံ ရရှိပါတယ်။

မောင်လှ ရေးတာလေ...
Salary (Myanmar News)
အင်း ၁၀-ဆ ဖြစ်သွားပြီတဲ့... ကျတော်တို့တော့ မဖြစ်သေးပါဘူး... သူတို့ ဖြစ်သွားကြတာလေ... ခဏနေ လက်ဖက်ရည်ဆိုင်မှာ ကော်ဖီသောက်ရင်း မုန့်စားသွားလိုက်ဦးမယ်... ခါတိုင်းတော့ ၃-ယောက်သွားရင် အလွန်ဆုံးမှ ၁၂၀၀-ကျပ်လောက်ပဲ... နောက်ကျရင် တစ်သောင်းလောက် ကုန်မလဲ မသိ... နောက် ၁၀-နှစ်လောက်မှ ဖြစ်ပါစေလို့ ဆုတောင်းနေတယ်ဗျာ...
ဘာထူးလဲ...

Comments

NLS said…
ဟားဟား ရတုန်းလေး ရေးထားရတာမို့ပါ အကိုရာ။ အထဲပြန်ရောက်တော့လည်း အကိုတို့လို ဆင်ဝှေ့ရန်ရှောင် နည်းလေးတွေ သုံးရမှာပေါ့။

Ad