ကန်တော်ကြီးမှာ ရိုက်ထားတဲ့ ဓာတ်ပုံထဲက နောက်တစ်ပုံ August 30, 2007 flickr ကနေ စမ်းတင်ကြည့်တာပါ... Read more
myokyawtmyaing.blogspot.com August 30, 2007 မျိုးကျော့မြိုင်ကို ကြိုက်ကြသူတွေအတွက် http://myokyawtmyaing.blogspot.com/ ဆိုပြီး blog လေး တစ်ခု လုပ်ထားပါတယ်... မျိုးကျော့မြိုင် ဘလော့မှာ ပါဝင် ရေးသား မျှဝေချင်သူများ မျိုးကျော့မြိုင် ဘလော့ ရဲ့ cbox မှာ Gmail ပေးခဲ့လို့ရပါတယ်... မျိုးကျော့မြိုင် ဘလော့ ကို ကျတော်က နာမည်လေးယူပေးခဲ့ပြီး အမှန်တကယ် စပြီး ရေးသား တင်ဆက်ပေးတဲ့ သူတွေဖြစ်တဲ့ ကိုbyteklay နဲ့ မမေ၁၁ တို့ကို ကျတော် အထူး ကျေးဇူးတင်ပါတယ်... My Labels: Links, Myo Kyawt Myaing Read more
မင်္ဂလာတံတားပါ ခင်ဗျ... August 29, 2007 My labels: Photo, Mandalay, Night Sense, ဓာတ်ပုံ, Sedona Hotel Read more
အဖိတ်နေ့ည၊ ကျုံးဘေး၊ မောင်လှနဲ့ အင်တာနက်မှာ ဒိုင်ယာရီမရှိတော့တဲ့ ကိုJL August 29, 2007 အဖိတ်နေ့ညက ကိုJLရယ် ၊ ကျတော်ရယ် ၂-ယောက်သား ဓာတ်ပုံရိုက်ထွက်ဖြစ်တယ်... ဝေးဝေး လန်လန်သွားပြီးတော့ကို ရိုက်ကြတာ... ကျုံးဘေးပေါ့ဗျာ... ညနေ ၇-နာရီလောက်ကနေ စရိုက်တာ ည ၉-နာင်္ရီကျော်ထိပဲ ထင်ပါရဲ့ဗျာ... ပြီးတော့ ဘီယာသွားသောက်ကြတယ်လေ... ည ၁၀-နာရီလောက် ထင်ပါရဲ့... ဘီယာမသောက်တဲ့ လူမုန်းများတဲ့ နာမည်ကိုမှ အသံထွက်တူတဲ့ nick ယူထားတဲ့ baganNAT ရောက်လာတယ်... ည ၁၁း၃၀-နာရီမှ ဆိုင်ကနေ ပြန်လာဖြစ်တယ်... ကိုဂျေ့က ကျတော်နဲ့ လိုက်လာတာဆိုတော့ ပုဂံနတ်ကို ပြန်လိုက်ပို့ခိုင်းလိုက်တယ်... ကံကောင်းချင်တာပေါ့ဗျာ... မနက်ရောက်တော့ မိန်းမရဲ့ အကိုကြီးဆုံးက မင်း ဆိုင်ကယ်လာကြည့်ဦး ဆိုလို့ ကြည့်တော့မှ ဆိုင်ကယ် နောက်ဖောက် ကျိုးနေလေရဲ့ဗျာ... ရုံးဆင်းတော့ ဆိုင်ကယ်က ဒုတ်ကနဲ့မြည်တော့ ဘီးပေါက်တာလာ ဆိုပြီး ကြည့်ဖြစ်တော့ မဟုတ်တာနဲ့ ဒီအတိုင်းပဲ ဆက်စီး ဖြစ်တယ်... ဖောက်ကို သတိ မထားမိဘူး.. ကံကောင်းလို့ မသေတာ ကျတော်နဲ့ ကိုဂျေ ၂-ယောက်ပေါ့ဗျာ... ဒီပုံက လမ်းမပေါ်မှာ စက္ကူလေးခင်းပြီး ကင်မရာကို တင်ရိုက်ထားလို့ ထွက်လာတဲ့ ပုံလေး... စည်းကမ်းရှိ လိုက်ကြတဲ့ ကွမ်းစားသူတွေ ဟိုမှာ ကွမ်းထုတ်ထားတဲ့ ပလတ်စတစ်အိတ်... ဒါက မန္တလေး ဆီဒိုးနား ဟော်တယ်... My labe... Read more
Template ၂-ရောင် ကြိုက်တာနဲ့ကြည့်... August 26, 2007 Template ကို အနက်ရောင် နောက်ခံ (သို့) အဖြူရောင်နောက်ခံ ကြိုက်နှစ်သက်ရာဖြင့် ကြည့်လို့ရအောင် စမ်းသပ်ထားပါသည်... ဘန်နာပုံ အောက်တွင်ရှိသော Template Style : ဘေးမှ Black ကို နှိပ်ပါက နောက်ခံ အနက်ရောင်ဖြင့် ပေါ်မည်ဖြစ်ပြီး White ကို နှိပ်က နောက်ခံ အဖြူရောင်ဖြင့် ဖော်ပြပေးမည် ဖြစ်ပါသည်... ကျတော့်အတွက်တော့ အနက်ရောင် နောက်ခံက ပိုလှပါသည်... ဘာဖြစ်လို့လဲ ဆိုတော့ အဖြူရောင် နောက်ခံကို သေချာ ပြုပြင်ထားခြင်း မရှိသေးလို့ပါခင်ဗျား... ...ဒီလိုပြောင်းဖို့ ဘယ်လိုရေးရမလဲ ရှင်းပြပေးတဲ့ မျိုးကျော်ထွန်း ကို ကျေးဇူးအထူး တင်ပါသည်... ...ဒီလိုပြောင်းဖို့ ဘယ်လိုရေးရမလဲ ရှင်းပြပေးတဲ့ မျိုးကျော်ထွန်း ကို ကျေးဇူးအထူး တင်ပါသည်... ...ဒီလိုပြောင်းဖို့ ဘယ်လိုရေးရမလဲ ရှင်းပြပေးတဲ့ မျိုးကျော်ထွန်း ကို ကျေးဇူးအထူး တင်ပါသည်... Read more
ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း...၃ August 25, 2007 ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း...၂ နေ့လယ်စာ စားချိန်ရောက်တာနဲ့ အဲဒီ အနောက်တောင် တောင်ခြေနားမှာရှိတဲ့ နာမည်ကြီး ထမင်းဆိုင် တစ်ခုမှာ သွားစားပါတယ်... မှို စပယ်ရှယ်လစ် လုပ်ထားတဲ့ ဆိုင် ထင်ပါတယ်... စားရတာ မဆိုးပါဘူး... တော်တော် ခမ်းခမ်းနားနားရှိတဲ့ ထမင်းဆိုင်ကြီးရဲ့ အိမ်သာကတော့ ဟောင် ဟောင် နံဟောင်နေပါတယ်... တော်ပါသေးရဲ့... အနံ့တွေ ထမင်းစားပွဲတွေ အထိ ရောက်မလာပေလို့... ထမင်းစား ပြီးတော့ ပန်းခြံကို သွားပါတယ်... ပန်းခြံနာမည်က Expo Garden လို့ခေါ်ပါတယ်... ဒါက ပန်းခြံ အဝင်ပေါက်က ကြိုဆိုနေတဲ့ ပန်းတွေနဲ့ တန်ဆာဆင်ထားတဲ့ အမှန်တကယ် အလုပ်လုပ်တဲ့ ပန်းနာရီကြီးပေါ့... ဟော... ပန်းခင်းလမ်းကို လျှောက်ကြမယ်... ပန်းခင်းလမ်းဆိုလို့ ပန်းတွေ ပေါ်ကတော့ တက်မလျှောက် ရဘူးနော်... သြော် မေ့သွားလို့ ပန်းခြံက တရုတ်မ ဂိုက်ခေါ်ခဲ့သေးတယ်ဗျ... မြန်မာလို ပြောတတ်လို့ ခေါ်တာလား ဟုတ်စ... မပြောတတ်ပါဘူးဗျာ... တရုတ်လိုပဲ ရှင်းပြတာဗျ... ကျတော်မျိုးတို့ ဘယ်နားလည်မှာ လဲဗျာ... ကျတော်တို့ရဲ့ စကားပြန်က ဘာသာပြန် ပေးရတာပေါ့ဗျာ... ဟိုးမှာ တွေ့နေရတဲ့ ပန်းသင်္ဘောက ရှေးက တရုတ်တွေ ကမ္ဘာပတ်ခဲ့တဲ့ သဘောင်္လို့ ပြောတာပဲ... ဒီလိုလေးတွေနဲ့ အလှဆင်ထားတယ်... ... Read more