Skip to main content

ဒါနဲ့ စကားမစပ်...

ဒါနဲ့ စကားမစပ်...
mghla.com  ကို ဘန်ကောက်မြို့ အပြင်မှာရောင်းတဲ့ဆိုင်ကနေ သူငယ်ချင်းက ဝယ်ထားပေးတာပါ... ဒီနှစ် သက်တမ်းကုန်တော့ သက်တမ်းတိုးဖို့ ဝယ်ထားတဲ့ဆိုင်ကို ကျတော့်သူငယ်ချင်းသွားတော့ ဆိုင်ပိတ်ထား တာချည်းနဲ့ပဲ ကြုံနေလို့ အခုအချိန်ထိ သက်တမ်း မတိုးနိုင်သေးပါဘူး... အသစ်ဝယ်ဖို့ကလည်း ပြိတ္တာများမြူးသည့်ကာလ ဖြစ်သည့်အတွက် အသစ်ထပ်မဝယ်ဘဲ ငြိမ်နေတာပါ... လတ်တလောတော့ ကျော်ခွလာပေးကြဖို့ တောင်းပန်ပါတယ်ဗျာ...


ဒါနဲ့ စကားမစပ်...
၂၀၁၀ အတွက်  sm³ မြန်မာပြက္ခဒိန် ထွက်ရှိလို့လာပါပြီ... Java အထောက်အပံ့ပေးတဲ့ mobile phone handset များမှာ အသုံးပြုနိုင်တဲ့ sm³ 365 Free Calendar မြန်မာပြက္ခဒိန်ပါ... ဖုန်းထဲမှာ installation ပြုလုပ်ပြီးပါက 365 လို့နာမည်ပေးထားတဲ့ application ကို run လိုက်ရင်... Update Code A နဲ့ Update Code B ဆိုပြီး လာတောင်းပါလိမ့်မယ်... 2010 ခုနှစ်အတွက်ဆို A နေရာမှာ 2317 ထည့်ပေးရပြီး B နေရာမှာ 9101 ထည့်ပေးရပါတယ်.. ဒီပြက္ခဒိန်ကို R&aS software (sm³) အဖွဲ့ကနေ အခမဲ့ဖြန့်ချီတာပါ...
http://www.multiupload.com/ZN04QK2UJ8


ဒါနဲ့ စကားမစပ်...
 8th Myanmar ICT Week ပွဲကို ခေမီကို ကနေတုန်း ရောက်သွားတာနဲ့ မြန်မာတယ်လီပို့ထ် ပြခန်းရှေ့ကနေ ဆွဲရိုက်ထားတဲ့ ပုံပါ...




ဒါနဲ့ စကားမစပ်...

လွတ်လပ်ရေးနေ့ မတိုင်ခင် တစ်ရက်က သမီးအကြီးကို တိရိစ္ဆာန်ဥယျာဉ် လိုက်ပို့တော့ မျောက်လှောင် အိမ်ရှေ့ ထွက်ဆော့နေတဲ့ မျောက်ကလေး ၂-ကောင်ကိုရိုက်ထားတာပါ... lens ရှေ့က filter မှန်မှာ သူတို့ပုံပုံနေတာကို အထူးအဆန်းနဲ့ ကြည့်နေကြတာပါ...




My Labels: mobile phone application, java, Burmese Calendar, Myanmar Calendar, Photos, monkey, burmese dancer

Comments

MgThaJan said…
မြန်မာပြက္ခဒိန်အတွက်ကျေးဇူးပါခင်ဗျာ :)
ကိုကြီး မောင်လှ sm3 မြန်မာပြက္ခဒိန် တင်ပေးလိုက်တဲ့
အတွက် အရမ်းကျေးဇူး တင်ပါတယ် ။ အကိုကြီး မောင်လှ
ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ :)
အော် ဒါနဲ့ စကားမစပ် (ဦးသုမောင် လေသံနဲ့ ဖတ်ပေးပါ)
မြန်မာပြက္ခဒိန်က ဒီနှစ်မှာ အလုပ်ဆက်မလုပ်ဘူး ဖြစ်နေတယ်

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...