Skip to main content

ဒါနဲ့ စကားမစပ်...

ဒါနဲ့ စကားမစပ်...
mghla.com  ကို ဘန်ကောက်မြို့ အပြင်မှာရောင်းတဲ့ဆိုင်ကနေ သူငယ်ချင်းက ဝယ်ထားပေးတာပါ... ဒီနှစ် သက်တမ်းကုန်တော့ သက်တမ်းတိုးဖို့ ဝယ်ထားတဲ့ဆိုင်ကို ကျတော့်သူငယ်ချင်းသွားတော့ ဆိုင်ပိတ်ထား တာချည်းနဲ့ပဲ ကြုံနေလို့ အခုအချိန်ထိ သက်တမ်း မတိုးနိုင်သေးပါဘူး... အသစ်ဝယ်ဖို့ကလည်း ပြိတ္တာများမြူးသည့်ကာလ ဖြစ်သည့်အတွက် အသစ်ထပ်မဝယ်ဘဲ ငြိမ်နေတာပါ... လတ်တလောတော့ ကျော်ခွလာပေးကြဖို့ တောင်းပန်ပါတယ်ဗျာ...


ဒါနဲ့ စကားမစပ်...
၂၀၁၀ အတွက်  sm³ မြန်မာပြက္ခဒိန် ထွက်ရှိလို့လာပါပြီ... Java အထောက်အပံ့ပေးတဲ့ mobile phone handset များမှာ အသုံးပြုနိုင်တဲ့ sm³ 365 Free Calendar မြန်မာပြက္ခဒိန်ပါ... ဖုန်းထဲမှာ installation ပြုလုပ်ပြီးပါက 365 လို့နာမည်ပေးထားတဲ့ application ကို run လိုက်ရင်... Update Code A နဲ့ Update Code B ဆိုပြီး လာတောင်းပါလိမ့်မယ်... 2010 ခုနှစ်အတွက်ဆို A နေရာမှာ 2317 ထည့်ပေးရပြီး B နေရာမှာ 9101 ထည့်ပေးရပါတယ်.. ဒီပြက္ခဒိန်ကို R&aS software (sm³) အဖွဲ့ကနေ အခမဲ့ဖြန့်ချီတာပါ...
http://www.multiupload.com/ZN04QK2UJ8


ဒါနဲ့ စကားမစပ်...
 8th Myanmar ICT Week ပွဲကို ခေမီကို ကနေတုန်း ရောက်သွားတာနဲ့ မြန်မာတယ်လီပို့ထ် ပြခန်းရှေ့ကနေ ဆွဲရိုက်ထားတဲ့ ပုံပါ...




ဒါနဲ့ စကားမစပ်...

လွတ်လပ်ရေးနေ့ မတိုင်ခင် တစ်ရက်က သမီးအကြီးကို တိရိစ္ဆာန်ဥယျာဉ် လိုက်ပို့တော့ မျောက်လှောင် အိမ်ရှေ့ ထွက်ဆော့နေတဲ့ မျောက်ကလေး ၂-ကောင်ကိုရိုက်ထားတာပါ... lens ရှေ့က filter မှန်မှာ သူတို့ပုံပုံနေတာကို အထူးအဆန်းနဲ့ ကြည့်နေကြတာပါ...




My Labels: mobile phone application, java, Burmese Calendar, Myanmar Calendar, Photos, monkey, burmese dancer

Comments

MgThaJan said…
မြန်မာပြက္ခဒိန်အတွက်ကျေးဇူးပါခင်ဗျာ :)
ကိုကြီး မောင်လှ sm3 မြန်မာပြက္ခဒိန် တင်ပေးလိုက်တဲ့
အတွက် အရမ်းကျေးဇူး တင်ပါတယ် ။ အကိုကြီး မောင်လှ
ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ :)
အော် ဒါနဲ့ စကားမစပ် (ဦးသုမောင် လေသံနဲ့ ဖတ်ပေးပါ)
မြန်မာပြက္ခဒိန်က ဒီနှစ်မှာ အလုပ်ဆက်မလုပ်ဘူး ဖြစ်နေတယ်

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

WinKalaw NativeMyanmar Keyboard Layout BETA version

WinKalaw နှင့် အခြား Win Font များကို စာရိုက်ရာတွင် Alt နှင့် နံပါတ်များကို တွဲနှိပ်နေရ၍ စိတ်ညစ်နေရသူများ၊ Laptop ကို အသုံးပြုတဲ့အခါမှာ ပါဌ်ဆင့်တွေကို ရိုက်တဲ့အခါမှာ မရိုက်တတ်ဖြစ်နေသူ များအတွက် WinKalaw NativeMyanmar Keyboard Layout BETA version ပါ။ WinKalaw NativeMyanmar Keyboard Layout BETA version နဲ့ စာရိုက်ရာမှာ အဆင်ပြေနိုင်ပါပြီ။ WinKalaw NativeMyanmar Keyboard Layout BETA version ကို ဒီနေရာမှာ ဒေါင်းလုတ်ဒ် ရယူနိုင်ပါသည်။ WinKalaw NativeMyanmar Keyboard Layout သည် Zawgyi လက်ကွက်ကို အခြေခံထားသည်။ (ယခင် စထွက်ဖူးသော Win Myanmar လက်ကွက်များ အတိုင်းဖြစ်သည်။) Win Myanmar (-Win---Innwa ၊ WinKalaw ၊ Win စသော မြန်မာစလုံးများ)၊ Metrix-1 (Metrix မြန်မာစာလုံးများ) ၊ W01Art House (အနုပညာအိမ် မြန်မာစလုံးများ) ရိုက်ရာတွင် အသုံးပြုနိုင်သည်။ အင်္ဂလိပ်စာလုံးများနှင့် အခြား မြန်မာယူနီကုဒ်များစာလုံးများတွင် အသုံးပြုပါက အင်္ဂလိပ်စာလုံးများသာ ထွက်မည် ဖြစ်သည်။ ပါဠိ ပါဌ်ဆင့် အထပ်များကို သက်ဆိုင်ရာ စကာလုံးတည်ရှိရာ key ကို Ctrl+Alt သို့ Ctrl+Alt+Shift များ တွဲနှိပ်ပြီး ရိုက်နိုင်သည်။ ဥပမာ - ဓမ္မ ရို...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...