gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ရတနာပုံဈေးက သရဲလေလား... (Mandalay News/Gossip)


အခုခေတ်စားနေတဲ့ ကောလဟာလက ဒီလိုဗျ...  မီးလောင်သွားတဲ့ ရတနာပုံဈေး နေရာမှာ ပြန်ဆောက်နေတဲ့ ဈေးအသစ်ပုံ ဒီဇိုင်းကို ၇၈-လမ်းဘက်မှာ vinyl နဲ့ ထောင်ထားပါတယ်...  အဲဒီ vinyl ထဲမှာ အရင်ကမပါဘဲ အခု အဲဒီ ဒီဇိုင်းထဲမှာ ၇၈-လမ်းပေါ် သွားနေတဲ့ ကား ၂-စီးကြားထဲမှာ အနက်ရောင် ဝတ်ထားတဲ့ မိန်းကလေး တစ်ယောက် ထိုင်ပြီး တစ်ခုခု လုပ်နေတဲ့ပုံ ပေါ်လာပါတယ်... အဲဒီ ပုံထဲက မိန်းကလေးဟာ သရဲမဖြစ်ပြီး ည ၁၂-နာရီတိုင်း  အဲဒီရှေ့က ဖြတ်သွားတဲ့သူတွေဆီကနေ သူ့မျက်လုံး ရှာပေးဖို့ သူ့မျက်လုံး ပြန်ပေးဖို့ ကောလဟာလ ထွက်နေတာပါ...  ပြီးတော့ အဲဒီ ဗီနိုင်းကို ဓာတ်ပုံ မရိုက်ရဲ့ကြပါဘူး... ဓာတ်ပုံရိုက်ရင် အဲဒီသရဲမက အိမ်အထိ တကောက်ကောက် လိုက်နှောင့်ယှက်တယ် ဆိုကြပါတယ်...

အဲဒါကို ကြားတဲ့နေ့ ရုံးဆင်းချိန်သွားကြည့်တော့ ဟုတ်သလိုလိုပဲ ကားရှေ့ထိုင်ပြီး တစ်ခုခုလုပ်နေတဲ့ပုံပဲ... မှောင်ကလည်း မှောင်နေပြီကိုး... မနေ့က သေချာပြန်သွားကြည့်တော့မှ ဆိုင်ကယ်စီးနေတဲ့ပုံပဲ... ဆိုင်ကယ်က ကတ္တရာလမ်းထဲမြှုပ်နေတယ်... 3D rendering လုပ်တဲ့အချိန်အတွင်း ဒီဇိုင်နာ သတိမထားမိတဲ့ အမှားပဲ ဖြစ်မှာပါ... အဲဒီ ဗီနိုင်းပုံထဲမှာ အဲဒီ တစ်နေရာထဲ မဟုတ်ပါဘူး... အချို့လူတွေမှာ အရိပ်မပါပါဘူး... ဒီဇိုင်နာရဲ့ အမှားကြောင့်ပဲ ဖြစ်မှာပါ... ကဲ! ဘာပဲပြောပြော အခုအသစ်ပြန်ဆောက်နေတဲ့ ရတနာပုံ ဈေးအသစ်ကို အမြန်ဆုံးဖွင့်နိုင်အောင် နေ့မအား ညမနား တည်ဆောက်နေတာကို တွေ့ရကြောင်းပါ... 

 




ဓာတ်ပုံကို Mansonkyawt ဆီမှယူပါတယ်...

Comments

may kyaw said…
ဟီး တကယ့်သရဲလားလို့ အားကြိုးမာန်တတ် လာဖတ်တာ.... :P
ဒီဇိုင်နာမူးသွားတယ် ထင်တယ်...

စာတိုက်ပုံးအနီရောင်ကို နိုင်ငံတစ်ခုမှ မြင်ဖူးခဲ့သလိုပဲ :P
NLS said…
ငာ့မျက်လုံး ပြန်ရှာပေး ငာ့မျက်လုံး ပြန်ရှာပေးဆိုပြီး ဆိုင်ကယ်လေး ကော့တော့ကော့တော့ စီးပြီး လိုက်တောင်းတဲ့ သရဲမတော့ တွေးကြည့်တာနဲ့ ရယ်ချင်ပက်ကျိ :D
MgHla said…
မန္တလေးသူတွေ ဆိုင်ကယ်စီးတဲ့ပုံစံကို ထည့်ဆွဲထားတယ်... ကားရှေ့က ဖြတ်ပြီး ဆိုင်ကယ်စီးတယ်... ကားတိုက်ခံရမှာ မကြောက်ဘူး...
Unknown said…
ဂလပ်ဖစ်ဆရာက အင်တာနက်က ကူးချတာ များလို့ ဖျက်ဖို့ မေ့တွားဒါဖစ်မယ်..။
ဘီးမပါတဲ့ ဆိုင်ကယ်ကို စီးနေတဲ့ ပုံထင်တယ် :)

မျက်လုံးပျောက်တာဟုတ်ဘူးထင်တယ် ဆိုင်ကယ်ဘီးပျောက်လို့ လိုက်တောင်းတာထင်တယ်နော် :P

ZaunG

Ad