Skip to main content

ရတနာပုံဈေးက သရဲလေလား... (Mandalay News/Gossip)


အခုခေတ်စားနေတဲ့ ကောလဟာလက ဒီလိုဗျ...  မီးလောင်သွားတဲ့ ရတနာပုံဈေး နေရာမှာ ပြန်ဆောက်နေတဲ့ ဈေးအသစ်ပုံ ဒီဇိုင်းကို ၇၈-လမ်းဘက်မှာ vinyl နဲ့ ထောင်ထားပါတယ်...  အဲဒီ vinyl ထဲမှာ အရင်ကမပါဘဲ အခု အဲဒီ ဒီဇိုင်းထဲမှာ ၇၈-လမ်းပေါ် သွားနေတဲ့ ကား ၂-စီးကြားထဲမှာ အနက်ရောင် ဝတ်ထားတဲ့ မိန်းကလေး တစ်ယောက် ထိုင်ပြီး တစ်ခုခု လုပ်နေတဲ့ပုံ ပေါ်လာပါတယ်... အဲဒီ ပုံထဲက မိန်းကလေးဟာ သရဲမဖြစ်ပြီး ည ၁၂-နာရီတိုင်း  အဲဒီရှေ့က ဖြတ်သွားတဲ့သူတွေဆီကနေ သူ့မျက်လုံး ရှာပေးဖို့ သူ့မျက်လုံး ပြန်ပေးဖို့ ကောလဟာလ ထွက်နေတာပါ...  ပြီးတော့ အဲဒီ ဗီနိုင်းကို ဓာတ်ပုံ မရိုက်ရဲ့ကြပါဘူး... ဓာတ်ပုံရိုက်ရင် အဲဒီသရဲမက အိမ်အထိ တကောက်ကောက် လိုက်နှောင့်ယှက်တယ် ဆိုကြပါတယ်...

အဲဒါကို ကြားတဲ့နေ့ ရုံးဆင်းချိန်သွားကြည့်တော့ ဟုတ်သလိုလိုပဲ ကားရှေ့ထိုင်ပြီး တစ်ခုခုလုပ်နေတဲ့ပုံပဲ... မှောင်ကလည်း မှောင်နေပြီကိုး... မနေ့က သေချာပြန်သွားကြည့်တော့မှ ဆိုင်ကယ်စီးနေတဲ့ပုံပဲ... ဆိုင်ကယ်က ကတ္တရာလမ်းထဲမြှုပ်နေတယ်... 3D rendering လုပ်တဲ့အချိန်အတွင်း ဒီဇိုင်နာ သတိမထားမိတဲ့ အမှားပဲ ဖြစ်မှာပါ... အဲဒီ ဗီနိုင်းပုံထဲမှာ အဲဒီ တစ်နေရာထဲ မဟုတ်ပါဘူး... အချို့လူတွေမှာ အရိပ်မပါပါဘူး... ဒီဇိုင်နာရဲ့ အမှားကြောင့်ပဲ ဖြစ်မှာပါ... ကဲ! ဘာပဲပြောပြော အခုအသစ်ပြန်ဆောက်နေတဲ့ ရတနာပုံ ဈေးအသစ်ကို အမြန်ဆုံးဖွင့်နိုင်အောင် နေ့မအား ညမနား တည်ဆောက်နေတာကို တွေ့ရကြောင်းပါ... 

 




ဓာတ်ပုံကို Mansonkyawt ဆီမှယူပါတယ်...

Comments

may kyaw said…
ဟီး တကယ့်သရဲလားလို့ အားကြိုးမာန်တတ် လာဖတ်တာ.... :P
ဒီဇိုင်နာမူးသွားတယ် ထင်တယ်...

စာတိုက်ပုံးအနီရောင်ကို နိုင်ငံတစ်ခုမှ မြင်ဖူးခဲ့သလိုပဲ :P
NLS said…
ငာ့မျက်လုံး ပြန်ရှာပေး ငာ့မျက်လုံး ပြန်ရှာပေးဆိုပြီး ဆိုင်ကယ်လေး ကော့တော့ကော့တော့ စီးပြီး လိုက်တောင်းတဲ့ သရဲမတော့ တွေးကြည့်တာနဲ့ ရယ်ချင်ပက်ကျိ :D
MgHla said…
မန္တလေးသူတွေ ဆိုင်ကယ်စီးတဲ့ပုံစံကို ထည့်ဆွဲထားတယ်... ကားရှေ့က ဖြတ်ပြီး ဆိုင်ကယ်စီးတယ်... ကားတိုက်ခံရမှာ မကြောက်ဘူး...
Unknown said…
ဂလပ်ဖစ်ဆရာက အင်တာနက်က ကူးချတာ များလို့ ဖျက်ဖို့ မေ့တွားဒါဖစ်မယ်..။
ဘီးမပါတဲ့ ဆိုင်ကယ်ကို စီးနေတဲ့ ပုံထင်တယ် :)

မျက်လုံးပျောက်တာဟုတ်ဘူးထင်တယ် ဆိုင်ကယ်ဘီးပျောက်လို့ လိုက်တောင်းတာထင်တယ်နော် :P

ZaunG

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...