Skip to main content

ရတနာပုံဈေးက သရဲလေလား... (Mandalay News/Gossip)


အခုခေတ်စားနေတဲ့ ကောလဟာလက ဒီလိုဗျ...  မီးလောင်သွားတဲ့ ရတနာပုံဈေး နေရာမှာ ပြန်ဆောက်နေတဲ့ ဈေးအသစ်ပုံ ဒီဇိုင်းကို ၇၈-လမ်းဘက်မှာ vinyl နဲ့ ထောင်ထားပါတယ်...  အဲဒီ vinyl ထဲမှာ အရင်ကမပါဘဲ အခု အဲဒီ ဒီဇိုင်းထဲမှာ ၇၈-လမ်းပေါ် သွားနေတဲ့ ကား ၂-စီးကြားထဲမှာ အနက်ရောင် ဝတ်ထားတဲ့ မိန်းကလေး တစ်ယောက် ထိုင်ပြီး တစ်ခုခု လုပ်နေတဲ့ပုံ ပေါ်လာပါတယ်... အဲဒီ ပုံထဲက မိန်းကလေးဟာ သရဲမဖြစ်ပြီး ည ၁၂-နာရီတိုင်း  အဲဒီရှေ့က ဖြတ်သွားတဲ့သူတွေဆီကနေ သူ့မျက်လုံး ရှာပေးဖို့ သူ့မျက်လုံး ပြန်ပေးဖို့ ကောလဟာလ ထွက်နေတာပါ...  ပြီးတော့ အဲဒီ ဗီနိုင်းကို ဓာတ်ပုံ မရိုက်ရဲ့ကြပါဘူး... ဓာတ်ပုံရိုက်ရင် အဲဒီသရဲမက အိမ်အထိ တကောက်ကောက် လိုက်နှောင့်ယှက်တယ် ဆိုကြပါတယ်...

အဲဒါကို ကြားတဲ့နေ့ ရုံးဆင်းချိန်သွားကြည့်တော့ ဟုတ်သလိုလိုပဲ ကားရှေ့ထိုင်ပြီး တစ်ခုခုလုပ်နေတဲ့ပုံပဲ... မှောင်ကလည်း မှောင်နေပြီကိုး... မနေ့က သေချာပြန်သွားကြည့်တော့မှ ဆိုင်ကယ်စီးနေတဲ့ပုံပဲ... ဆိုင်ကယ်က ကတ္တရာလမ်းထဲမြှုပ်နေတယ်... 3D rendering လုပ်တဲ့အချိန်အတွင်း ဒီဇိုင်နာ သတိမထားမိတဲ့ အမှားပဲ ဖြစ်မှာပါ... အဲဒီ ဗီနိုင်းပုံထဲမှာ အဲဒီ တစ်နေရာထဲ မဟုတ်ပါဘူး... အချို့လူတွေမှာ အရိပ်မပါပါဘူး... ဒီဇိုင်နာရဲ့ အမှားကြောင့်ပဲ ဖြစ်မှာပါ... ကဲ! ဘာပဲပြောပြော အခုအသစ်ပြန်ဆောက်နေတဲ့ ရတနာပုံ ဈေးအသစ်ကို အမြန်ဆုံးဖွင့်နိုင်အောင် နေ့မအား ညမနား တည်ဆောက်နေတာကို တွေ့ရကြောင်းပါ... 

 




ဓာတ်ပုံကို Mansonkyawt ဆီမှယူပါတယ်...

Comments

may kyaw said…
ဟီး တကယ့်သရဲလားလို့ အားကြိုးမာန်တတ် လာဖတ်တာ.... :P
ဒီဇိုင်နာမူးသွားတယ် ထင်တယ်...

စာတိုက်ပုံးအနီရောင်ကို နိုင်ငံတစ်ခုမှ မြင်ဖူးခဲ့သလိုပဲ :P
NLS said…
ငာ့မျက်လုံး ပြန်ရှာပေး ငာ့မျက်လုံး ပြန်ရှာပေးဆိုပြီး ဆိုင်ကယ်လေး ကော့တော့ကော့တော့ စီးပြီး လိုက်တောင်းတဲ့ သရဲမတော့ တွေးကြည့်တာနဲ့ ရယ်ချင်ပက်ကျိ :D
MgHla said…
မန္တလေးသူတွေ ဆိုင်ကယ်စီးတဲ့ပုံစံကို ထည့်ဆွဲထားတယ်... ကားရှေ့က ဖြတ်ပြီး ဆိုင်ကယ်စီးတယ်... ကားတိုက်ခံရမှာ မကြောက်ဘူး...
Unknown said…
ဂလပ်ဖစ်ဆရာက အင်တာနက်က ကူးချတာ များလို့ ဖျက်ဖို့ မေ့တွားဒါဖစ်မယ်..။
ဘီးမပါတဲ့ ဆိုင်ကယ်ကို စီးနေတဲ့ ပုံထင်တယ် :)

မျက်လုံးပျောက်တာဟုတ်ဘူးထင်တယ် ဆိုင်ကယ်ဘီးပျောက်လို့ လိုက်တောင်းတာထင်တယ်နော် :P

ZaunG

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...


fb Security Features and Tips အပိုင်း-၂ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ Never Share Your Login Information • ကိုယ့်ရဲ့ password ကို ခိုးချင်တဲ့ Scammer တွေဟာ facebook နဲ့ အလားသဏ္ဍာန်တူတဲ့ website အတုတွေ ဖန်တီးပြီး ကိုယ့်ရဲ့ email နဲ့ password ထည့်သွင်းပြီး login လုပ်ခိုင်းတတ်ပါတယ်။ (Scammer အသုံးအနှုန်းကို ဘန်းကျော်မှာ လူသုံးနည်းပြီး hacker လို့ အသုံးများကြတယ်။ scammer နဲ့ hacker ဘာကွာလဲ ကျော့်လည်း မသိဘူး။ လိုက်ရှာလည်း မဖတ်ချင်ဘူး။ ဘာသာဆက်ပြန်မယ်။ ဆက်ရွှီးမယ်။) • ကိုယ့်ရဲ့ username, password တွေ အသုံးပြုပြီး facebook ကို login ဝင်မယ်ဆိုရင် facebook ရဲ့ login screen design နဲ့တူတယ် ဆိုပြီး username နဲ့ password တွေ အလောတကြီး မရိုက်ထည့်လိုက်ပါနဲ့။ • URL bar မှာ facebook.com ဟုတ်ရဲ့လား ပြန်စစ်ပါ။ ဒါက browser ကနေ အသုံးပြုတာကို အဓိကရည်ရွယ်ပ

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... မနေ့က ညနေ ၅-နာရီကျော်လောက်မှာ မိုးခြိမ်းသံ ကြားလိုက်တာ လူကို လန့်သွားတာပဲ... ၄-ခါလောက်ကို မိုးကြိုးပစ်သွားတယ် ထင်ပါရဲ့... လျှပ်စီးလက်တာ ၂-ခါ မြင်လိုက်ရတယ်... အလင်းတန်း အရွယ်အစားက တော်တော် ကြီးတယ်... ခါတိုင်း ခပ်သေးသေးပဲ မြင်ဖူးတယ်... ဟိုတညက ညဘက်ကြီး မိုးခြိမ်းတာကလည်း ငလျင်တော်လဲသံအလားပဲ... အရှည်ကြီးကို ခြိမ်းလို့ မိန်းမကိုတောင် ငလျင်လှုပ်တာလား မသိဘူးလို့ အိပ်ချင်မူးတူးနဲ့ ထပြောမိတယ်... ဒါနဲ့စကားမစပ်... (Mandalay News) မန္တလေးမှာ လမ်းတွေ ပြန်ခင်းနေတယ်လို့ ကျတော် ရေးခဲ့ဖူးတယ်လေ... အခု ဘတ်ဂျက်ကုန်ခမ်း ခါနီး ဖြစ်နေလို့လားတော့ မသိဘူး... အချို့ ခင်းလက်စ လမ်းတွေကရပ်ထားပုံပေါ်ပြီး အချို့ လမ်းတွေက အပေါက်ဖာတဲ့ပုံစံမျိုးပဲ ပြန်ခင်းနေတယ်... ဒါနဲ့စကားမစပ်...  အောက်က ပေးထားတဲ့ link လေးတွေလည်း သွား ကြည့်ပါဦး... http://www.microsoft.com/athome/setup/wirelesstips.aspx Ydnb FC နဲ့ YgnUtd ပွဲအပြီးမှာ ရန်ကုန်ပရိတ်သတ်တွေကို ခဲနဲ့ပေါက်သူတွေကို ဖမ်းမိတဲ့ သတင်း... http://yanikphotoschool.com/tips/using-your-monitor-as-a-light-source-part-1/   http://lifehacker.com/5360150/install