Skip to main content

Zawgyi-One ကို ထောက်ခံကြ... Zawgyi-One ကို ဝန်းရံကြ...

အင်တာနက်တွင် မြန်မာလူမျိုးများ အသုံးအများဆုံးဖြစ်သော Zawgyi-One font ကို Burglish စနစ်ကို ရေးသားသူ ကိုစိုးမင်း http://www.soemin.net/ မှ Zawgyi-One 2009 version ကို ရေးသားနေပြီ ဖြစ်ပြီး စမ်းသပ် သုံစွဲနိုင်ပြီမှာ ၁-လခန့် ကြာပြီဖြစ်သည်... Zawgyi-One အဟောင်းများဖြင့် ရေးထားသော စာများကို Zawgyi-One 2009 အသစ်ဖြင့် ဖတ်ရှုနိုင်သည်... ရရစ် အကြီးအသေး၊ လုံးကြီးတင်ပါသော ရရစ်များ ရွေးချယ် နေရန်မလိုအပ်ခြင်း၊ ယခင်က အသုံးပြုသော အောက်ကမြင့် ၃-မျိုးရှိသော်လည်း အောက်ကမြင့် တစ်မျိုးတည်းဖြင့် အဆင်ပြေစွာ ပြောင်းလဲပေးခြင်း စသော လုပ်ဆောင်ချက် အသစ်များစွာ ပါဝင်နေသည်... Zawgyi-One 2009 အသစ် လက်ကွက် နှင့် font ကို http://newzawgyi.googlecode.com/svn/latest/ တွင် Download လုပ်နိုင်ပါသည်... အသေးစိတ် အချက်အလက်များနှင့် နောက်ဆုံး သတင်း ထုတ်ပြန်ချက်များကို ကိုစိုးမင်းရဲ့ http://www.soemin.net/ ဘလော့တွင် ဖတ်ရှုနိုင်ပါသည်...

Zawgyi-One ကို ထောက်ခံကြ... Zawgyi-One ကို ဝန်းရံကြ...
ကျတော် ချစ်သော Zawgyi-One...
ချစ်ခြင်းအားဖြင့်



မောင်လှ

မှတ်ချက် - သင်၏ ဘလော့၊ သင်၏ web site ကို သင်ကြိုက်သည့် font သုံးနိုင်သည်... သင်၏ လွတ်လပ်ခွင့်ပင် ဖြစ်ပေသည်။ ကျတော်၏ လွတ်လပ်ခွင့်ကိုလည်း သင် အသိအမှတ်ပြုပါ...
My Labels: Zawgyi-One, The Best Myanmar Unicode Font

Comments

နိုင်ငံရေးသမားတွေရဲ့ ဆောင်ပုဒ်ကို သဘောကျလို့ ထင်ပါ့။း-)
Anonymous said…
ဘယ်လိုဖြစ်ရတာလဲ ရူးပါ့ကွာ ငကြောင် လူတိုင်း ကိုယ့်ဟာကိုလုပ်ခြင်တာလုပ်မှာပေါ့ မင်းလဲကြောင်ခြင်တာကြောင် ငကြောင် မောင်လှ ဟားဟား
Unknown said…
ထောက်ခံတယ် ကိုမောင်လှ။

ဇော်ဂျီသုံးတာကို သူခိုးဖောင့်သုံးတယ်၊ ကရင်တွေကို သတ်တယ်ဆိုပြီး ဘလော့မှာ မဆီမဆိုင် လာဆဲတယ်။ သူခိုးပြောရအောင် ဇော်ဂျီက ဘယ်သူ့ပစ္စည်း ခိုးထွင်သွားလို့လဲဆိုတာကျ ဘာမှ သူတို့ ဆင်ခြေမပေးနိုင်ဘူး။

ဇော်ဂျီ ထွင်တဲ့လူနဲ့ ကရင်သတ်တာရော ဘာဆိုင်လဲ။ နောက်မှ သူတို့ အကောက်ဥာဏ်နဲ့ ဆွဲထည့်နေတာ သိတယ်။ ဇော်ဂျီကို နိုင်ငံတကာက ယူနီကုဒ် အသိအမှတ် မပြုစေချင်ရင် တိုင်းရင်းသားတွေကို discriminate လုပ်ပါတယ်လို့ စွပ်စွဲရမယ်၊ နောက် စစ်အစိုးရနဲ့ ပတ်သက်နေပါတယ်လို့ စွပ်စွဲရမယ်။ ဒါမှ ဇော်ဂျီကို နိုင်ငံတကာက ယူနီကုဒ် မသတ်မှတ်ပဲ သူတို့ဖောင့်ကို သတ်မှတ်အောင်လို့။ ဒါကြောင့် မဆီမဆိုင် စွပ်စွဲတာ။

နှစ်ဖက်လုံး (ဇော်ဂျီကို အဖက်ဖက်က ဝိုင်းတိုက်နေတာဆိုရင် ဇော်ဂျီနဲ့ လေးငါးဖက်လဲ ဖြစ်ချင်ဖြစ်မယ်) ကို မမြင်ဖူးဘူး။ လူမသိဘူး။ ဒါပေမယ့် တစ်ဖက်က မနာလို ဒီလောက်ဖြစ် ဒီလောက် မမှန်မကန် စွပ်စွဲပြီး၊ တစ်ဖက်က ခံပဲနေရတော့ ဇော်ဂျီသမားတွေကို ကိုယ်ချင်းစာတယ်။ သူတို့ဘက်က ရပ်တာ အားပေးတယ်။

အလကား အလှူပေးနေတဲ့ ဖောင့် အောင်မြင်လို့ မခံနိုင်ရင် ကိုယ်လဲ သူ့လို လှူပေါ့။ ကိုယ်ကတော့ စီးပွားရေး အကွက်မြင်ပြီး အလှူသမားကို မနာလိုတာတော့ ဘယ်ကောင်းမလဲ။

ဇော်ဂျီထွင်တဲ့လူတွေကို ပြောလိုက်ပါ။ ပူမနေနဲ့။ ဒီလောက် စီပုံးတကာ လိုက်ဆဲနေရင် ဆဲတဲ့လူကို လူမုန်းပြီး အဆဲခံရတဲ့လူကို သနားလာတာ လူ့သဘာဝပဲလို့။
ဒေါ်စုနဲ့ NLD ကို ထောက်ခံကြ...မင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်များကို ၀န်းရံကြ...
Myo said…
ကရင်တွေအကြောင်းကဘယ်ကပါလာတာလည်းဗျ..
ကရင်တွေကဘာမှမသိပါဘူးဗျာ..၊သနားပါတယ်၊ သူတို့က ဗမာမကောင်းကြောင်း ပြောဖို့ဘဲတတ်တာ..၊ ဒီအထဲမှာ ပိုးကရင်တော့မပါဘူးဗျ ..၊ နောက်ပြီး ကရင်တိုင်းတော့မဟုတ်ပါဘူး..၊
ဇော်ဂျီကိုတော့.. ကြိုက်တယ်ဗျာ.. သူ့ကြောင့်အများကြီးတိုးတက်လာတာ..ဗမာလိုရေးတော့ သူများမသိတော့ဘူးပေါ့..၊ ကောင်းမှကောင်း
Anonymous said…
ကျမ ကတော့ ကွန်ပျူတာ စသုံးတည်းက ဇော်ဂျီဖောင့် ပဲ သုံးလာတာ။ အင်စတောလ် လုပ်ရတာလည်း အရမ်းလွယ်တယ်။ အခြားဖောင့် တစ်ခု နှစ်ခု စမ်းသုံးကြည့်မယ် ဆိုပြီး အင်စတောလ်လုပ်တာ အဆင့်ဆင့်တွေ ရှုပ်မှရှုပ် (ကျမပဲ ထုံလို့ လား မသိ)။ ဒါနဲ့  ဇော်ဂျီပဲ ဆက်သုံးဖြစ်နေပါတယ်။ ဇော်ဂျီကို ထောက်ခံပါတယ် :D
Anonymous said…
ဇော်ဂျီဖောင့် ပဲ သုံးရတာအဆင်ပြေတယ်
ဘာ အလုပ် မှလည်း မရှုတ်ဘူး....မြန်မာဖောင့်တွေထဲမှာ အကောင်းဆုံးပဲ....ဇော်ဂျီကို ထောက်ခံပါတယ်
Unknown said…
ကိုမောင်လှ ....ရေ

အလှူပေးနေတဲ့ ဖောင့် အောင်မြင်လို့ မနာလိုနေတာပါဗျာ...
မြန်မာဖောင့်တွေထဲမှာ ဇော်ဂျီဖောင့်အကောင်းဆုံးပဲ
Unknown said…
Myo ရေ
ခင်ဗျားရေးတဲ့စာကိုက ကရင်မကောင်းကြောင်း ဖြစ်နေတယ်။ အဲဒါကြီးတော့ လာမရေးသင့်ဘူးဗျာ။
ဒေါင်းဂွင်က လူလဲ ခင်ဗျားက ပြည်ပကမို့လို့ သတ္တိကောင်းပြနေတာ။ အထဲကလူရဲ့ ဘလော့မှာ ဒီလို လာသတ္တိကောင်းနေမယ့်အစား အထဲ လာဝင်လှည့်ပါလားဗျာ။ ခင်ဗျားဘလော့မှာ ရေးတာ အပြင်ကလူမို့လို့ ခင်ဗျား ရဲနိုင်တာ။ အထဲကလူတွေ ဘလော့မှာ ဒါမျိုး လာလာမလုပ်ပါနဲ့။
Anonymous said…
ရခိုင်တယောက်အနေနဲ့ လုံးဝထောက်ခံတယ် ကိုမောင်လှ။ ကျွန်တော်တို့ဟာ နောက်ထပ် ပေါက်ကရ fonts တွေ ပေါ်လာဖို့ဟာကိုပဲ ဆုတောင်းရတော့မယ်။ ဘာဖြစ်လို့လဲ ဆိုရင် တခါတလည်း ပေါက်တက်ကရ Fonts တွေပေါ်လာရင် ကီတွေ က ရှုပ်ချက်ခတ်သွာ။တယ် အဲဒါကြောင်းပါ။ Zawgyi ကိုပဲ ပိုပြည့်စုံအောင်နဲ့ ပိုလှအောင်ပဲ လုပ်သင့်ပါတယ်။
Anonymous said…
ဟားဟားဟားဟားဟားဟားဟားဟားဟားဟ
Anonymous said…
စောက်ရုး....ko kyaw
Creative Light said…
ဇော်ဂျီ ကိုသဘောအကျဆုံးပါ....
ဇော်ဂျီသုံးတာကို သူခိုးဖောင့်သုံးတယ်၊ ကရင်တွေကို သတ်တယ်ဆိုပြီး ဘလော့မှာ မဆီမဆိုင် လာဆဲတယ်။
...ဆိုတာဘာလဲဟင်....
Unknown said…
ဘလော့မှာ လာရေးသွားတယ်ဗျာ။ ဘားဂလစ်နဲ့။ ဇော်ဂျီကို သိပ်ကြိုက်တယ်ပေါ့။ သူခိုးဖောင့်လဲသုံး၊ ကရင်တွေလဲ သတ်ကြပေါ့ ဆိုပြီး။ ဘာမှ မဆိုင်ဘဲ အပြောခံလိုက်ရတယ်။ ဒါကြောင့်ပါ။
Nyein Chan said…
ဇော်ဂျီသုံးပြီး လုပ်​ထားတဲ့ အဘိဓာန် softwares ပါ။

http://myanmar-dictionary.blogspot.com/
Anonymous said…
ထောက်ခံတယ် ကိုမောင်လှ။
ဇော်ဂျီ ကိုသဘောအကျဆုံးပါ
ဇော်ဂျီဖောင့် ပဲ သုံးရတာအဆင်ပြေတယ်
snow said…
ဟိုးတလောက ဆိုဒ်ကို ဖွင့်တော့၊ တော်တော်ရူးချင်သွားတယ်၊ home တွေ ဘာတွေနဲ့ ပုံစံတွေ ပြောင်းနေလို့လေ၊ ပြီးတော့ လိုချင်တဲ့ Win2ZawGyi_convert_ ( အဲဒါလေးက အရမ်းကို အသုံးတည့်တဲ့ လင့်လေးပါ၊ မြန်မာဖောင့်မရှိတဲ့နေရာတွေမှာ အရမ်းအရမ်းကို အဆင်ပြေစေတယ်) ဆိုတဲ့ လင့်ကိုလည်း ရှာမတွေ့တော့လို့၊ ခုတစ်ခါ ဖွင့်လိုက်တော့ Access has been denied တဲ့၊ ဘာမှန်းညာမှန်းမသိဘဲကို လန့်သွားတာ၊ ဖွင့်မရတော့ဘူးလားလို့၊ တော်သေးရဲ့ အဆင်ပြေပြေပွင့်သွားလို့။ စာတွေ အမြဲဖတ်နေရတာဆိုတော့...
ဒီလိုပဲ ဇော်ဂျီကိုလည်း အဆင်ပြေစွာနဲ့ ပြီးပြည့်စုံသော မဟုတ်တောင် ရင်ဘောင်တန်းနိုင်တဲ့ အဆင့်မီ Unicode အဖြစ်နဲ့ သုံးစွဲချင်၊ ဖတ်ရှုချင်မိပါတယ်။ ပစ်ပယ်ဖို့တော့ လုံးဝစိတ်ကူးမရှိဘူး။ ဒါကြောင့် ခေါင်းစဉ်လိုပဲ အပြည့်အ၀ ထောက်ခံပါ၏။

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...