ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...
MgHla's ဒိုင်ယာရီ
Comments
ကျေးဇူးတင်ပါတယ်......း))
ကျေးဇူးဗျိုး ကိုမောင်လှ
MgHla_Mandalay_01.thm ဖိုင်ကို ဖုန်းထဲကို bluetooth နဲ့ထည့်လိုက်ရင် Themes ဖိုဒါအောက် ရောက်သွားပါလိမ့်မယ်... အဲဒီထဲမှာ ရှာပြီး တွေ့ရင် select လုပ်ပြီး set ကိုနှိပ်လိုက်ပါ...
@aung aung
အောင်အောင် ဒေါင်းလုပ်ကို download manager တစ်ခုခုနဲ့ လုပ်လို့ထင်ပါတယ်... ကျတော် တင်ထားတဲ့ လင့်ခ်က http://www.mghla.com/share/MgHla_Mandalay_01.thm ဒီလိုပါ... win rar file မဟုတ်ပါဘူး... အခုဒေါင်းလုပ် လုပ်လို့ဖြစ်သွားတဲ့ rar ကို thm ပြောင်းပြီး ပြန်ထည့်ကြည့်ပါဦး...
@Ko Phoe Thar
Nokia မှာ theme လုပ်တဲ့ software ရှာမတွေ့သေးလို့ပါ...
@မခင်ဦးမေ နဲ့ ကိုညီညီ ကျေးဇူးပါ...
photo shopeနဲ့ပတ်သက်တဲ့
tutorialsတွေရေးပါဦးဗျာ
အားပေးလျှက်..။
http://www.lugyimin.com/dl-theme-sony-1.htm
http://www.lugyimin.com/dl-theme-sony-2.htm
http://www.lugyimin.com/dl-theme-sony-3.htm