Skip to main content

Mandalay Theme 01 for Sony Ericsson (240×320 pixels)

MgHla Mandalay Theme 01

MgHla Mandalay Theme 01

screen size 240 x 320 pixels ရှိတဲ့ Sony Ericsson Mobile Phones တွေမှာ အသုံးပြုနိုင်တဲ့ ကျတော် လုပ်ထားတဲ့ Mandalay Theme 01 theme ပါ... ပုံပေါ် ကလစ် လုပ်ပြီး download လုပ်ယူနိုင်ပါတယ်...

My Labels: Mobile Phone, handset

Comments

Steve Evergreen said…
and,,, how can i put in phone?
khin oo may said…
visited
အစ်ကိုခင်ဗျာ....အစ်ကိုရေးထားတဲ့အတိုင်း ပုံပေါ်ကိုတင် ပြီးဒေါင်းပြီးတော့ Win-RAR ဖိုင်တစ်ခုရပါ တယ်ခင်ဗျာ......အဲဒါကိုဖုန်းရဲ့ မန်မိုရီကဒ်ထဲက Themes ထဲကို extract ပြန်လုပ်လိုက်ပါတယ်....နောက် ဖုန်းကိုပြန်ဖွင့်ပြီး Themes ထဲကိုပြန်ကြည့်တော့ Themes အနေနဲ့မပေါ်ဘဲ png ပုံ ဖိုင်အနေနဲ့သာတွေ့ရပါတယ်..... ကျွန်တော်ဘယ်နေရာမှာ မှားနေသလဲဆိုတာရှင်းပြပေး ပါ.....
ကျေးဇူးတင်ပါတယ်......း))
Ko PoeThar Blog said…
How about the Nokia ?
Nyi Nyi Myanmar said…
download တော့ လုပ်ပြီးသွားပြီ နောက်အားမှ ထည့်ကြည့်တော့မယ်
ကျေးဇူးဗျိုး ကိုမောင်လှ
MgHla said…
@Steve Evergreen
MgHla_Mandalay_01.thm ဖိုင်ကို ဖုန်းထဲကို bluetooth နဲ့ထည့်လိုက်ရင် Themes ဖိုဒါအောက် ရောက်သွားပါလိမ့်မယ်... အဲဒီထဲမှာ ရှာပြီး တွေ့ရင် select လုပ်ပြီး set ကိုနှိပ်လိုက်ပါ...

@aung aung
အောင်အောင် ဒေါင်းလုပ်ကို download manager တစ်ခုခုနဲ့ လုပ်လို့ထင်ပါတယ်... ကျတော် တင်ထားတဲ့ လင့်ခ်က http://www.mghla.com/share/MgHla_Mandalay_01.thm ဒီလိုပါ... win rar file မဟုတ်ပါဘူး... အခုဒေါင်းလုပ် လုပ်လို့ဖြစ်သွားတဲ့ rar ကို thm ပြောင်းပြီး ပြန်ထည့်ကြည့်ပါဦး...

@Ko Phoe Thar
Nokia မှာ theme လုပ်တဲ့ software ရှာမတွေ့သေးလို့ပါ...

@မခင်ဦးမေ နဲ့ ကိုညီညီ ကျေးဇူးပါ...
Ko PoeThar Blog said…
Adobe CS 4 suite မှာ nokia အတွက် သာမက အားလုံးသော ဖုန်းမျိုးစုံ ( iPhone ) မပါသော ဒီဇိုင်းများ၊ Theme များကို model အလိုက် create လုပ်လို့ရပါတယ်။
ဒေါင်းလိုက်ပြီကိုမောင်လှရေ
photo shopeနဲ့ပတ်သက်တဲ့
tutorialsတွေရေးပါဦးဗျာ
အားပေးလျှက်..။
Ko PoeThar Blog said…
Some themes are here.

http://www.lugyimin.com/dl-theme-sony-1.htm

http://www.lugyimin.com/dl-theme-sony-2.htm

http://www.lugyimin.com/dl-theme-sony-3.htm
Unknown said…
အကိုရေအဒီလိုလုပ်လို့ရတယ့် software လေးရှိရင် ရှယ် ပေးစေချင်ပါတယ်ဗျာ။အခု mandalay theme ကလဲသုံးလို့အစဉ်ပြေပါတယ်။message ring tone ကိုပိုကြိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ဗျာ၊
ဟုတ်ပါတယ် အပေါ်က KO ပြောသလိုပဲ့ အဲဒီ theme လုပ်တဲ့ ဆော့ဖ်ဝဲလေးရှိရင် တင်ပေးပါနော် ကျနော်လည်း ကလိချင်ပါတယ်။ မန္တလေး theme ကလည်း သုံးရတာ အဆင်ပြေပါတယ်။ အားလုံး ကိုယ်စား အထူးကျေးဇူးတင် ပါတယ် အကိုကြီး မောင်လှ ခင်ဗျား။
MgHla said…
http://developer.sonyericsson.com/site/global/home/p_home.jsp?ver=4001&cc=sg&lc=en စာမျက်နှာမှာ Themes Creator ဆိုတဲ့ နေရာကနေ download လုပ်နိုင်ကြောင်းပါ...

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...