မနေ့က နေ့လယ် ၁၁-နာရီ ခွဲကျော်လောက်ကတည်းက တစ်နေကုန် မိုးဖွဲဖွဲ ရွာခဲ့ပြီး ညနေဘက် ၃-နာရီကျော်တွင် သည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် အချို့ ရက်ကွက်များတွင် ရေများ ဖုန်းလွှမ်းခဲ့ပြီး သစ်ကိုင်းကျိုး၊ သစ်ပင် ပြိုလဲမှုများ ရှိခဲ့သည်...
My Labels: Mandalay News
ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...
Comments
အရင်ပတ်ကတော့ မိုးရော လေရောဆိုတော့ တော်တော်ကြောက်စရာပဲ အဲဒီနေ့က ကျွန်တော်အပြင်မှာ ရောက်နေလို့ ကိုယ်တိုင်တွေ့လိုက်ရတယ်
လေတိုက်တာ တော်တော်ကြီးကို ကြမ်းတယ်