gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Takeown Command in Windows Server


Windows Server 2003 မှာ shared folder တွေရဲ့ security level တွေပြင်ရင်း တွေ့လိုက်ရတဲ့ ပြသနာတစ်ခုက အရင် ရှိတဲ့ security setting တွေအကုန် ပြန်ဖြုတ်တာ လက်လွန်သွားလို့ Server ပေါ်ကနေ administrator account နဲ့ဝင်တာတောင် အဲဒီ folder ထဲကို ဝင်လို့ကို မရတော့ဘူး... Access is denied ပဲပြနေတော့တယ်... အင်တာနက်ထဲ လိုက်ရှာရင်းနဲ့ takeown command လေးနဲ့ ဖြေရှင်းလိုက်တာ အဆင်ပြေသွားတယ်...
server ထဲက Drive D: အောက်က MgHla လို့နာမည်ပေးထားတဲ့ folder ကဖြစ်နေတယ်ဆိုပါတော့.... server ထဲကို administrator နဲ့ login ဝင်... Start > Run ကိုသွား... cmd လို့ ရိုက်ပြီး Enter နှိပ်... command prompt မှာ takeown /f d:\mghla /r /a လို့ရိုက်ပြီး Enter နှိပ်လိုက်... mghla folder ကို administrator က owner ဖြစ်သွားပြီဆိုတော့ Administrator ပြန်ဝင်လို့ရသွားပါပြီ... အဲဒီတော့မှ owner ပြောင်း security setting ပြောင်းတာတွေ ပြန်လုပ်လို့ ရသွားကြောင်းပါ...

My Labels: tech, it, how to, windows server

Comments

အကိုရေ .. ကျနော့မှာလဲ အဲလို permission ကို ကလိရင်း ၀င်လို့မရတော့တဲ့ ဖိုဒါ တခုရှိတယ်။
ဒါပေမဲ့ အကိုပြောသလို cmd မှာ ၀င်ရိုက်တာ takeown ကို မသိဘူး ဖြစ်နေတယ်။ နဲနဲလောက် ကူညီပေးပါလား။
MgHla said…
ဒီ takeown command က Windows Server 2003 မှာပါပြီး Windows XP မှာ မပါပါဘူး...

Ad