ကင်မရာ စကိုင်ကတည်းက မန္တလေးတောင်ပေါ်ကနေ ဓာတ်ပုံမရိုက်ဖူးသေးလို့ ချိန်းတိုင်း မရောက်ဖြစ်တာနဲ့... ပြီးခဲ့တဲ့ တနင်္ဂနွေက ကိုဂျေ (ခ) သခင်ကြီး ၊ ညီမင်းစံ (ခ) ပုဂံနက် ၊ ဗိုလ်အောင်ဒင် ၊ ညီညီ ၊ ကိုရှုမောင် တို့နဲ့အတူ မန္တလေးတောင်မှာ ဓာတ်ပုံရိုက်ခဲ့ကြတယ်... မန္တလေးတောင်ပေါ်မှာ DJ Clean တို့နဲ့ပါ ဆုံခဲ့သေးတယ်... မိုးသားတွေ တက်လာမှန်း သိပေမယ့်လည်း မရောက်ရောက်အောင် သွားခဲ့တယ်... ဓာတ်ပုံရိုက်နေတုန်း သိပ်မကြာပါဘူး... မိုးတွေ ရွာချလာတယ်... ညဘက်ဆက်ရိုက်ချင်လို့ မိုးတိတ်မလား စောင့်နေတာ ဆိုင်ကယ်အပ်ခံတဲ့ ကောင်လေးတွေက ကျွန်တော်တို့ ပြန်ချင်လို့ပါ အကိုတို့ ဆိုင်ကယ်တွေ ဇတ်သော့လာခတ်လှည့်ပါဆိုလို့ မထူးပါဘူးဆိုပြီး မိုးသည်းသည်းထဲမှာ တောင်ပေါ်ကနေ ပြန်ဆင်းခဲ့ရတယ်... ရွာလိုက်တဲ့မိုး... သည်းလိုက်တဲ့မိုး...
Mandalay Panorama from Mandalay Hill [Click Photo for Large Size]
ပြိုတော့မယ် မိုးတိမ်တောင်
My Labels: Photo, Mandalay Hill
Comments
လေးစားလျှက် ...........
http://aungthange.blogspot.com/2009/05/blog-post_31.html