gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

မန္တလေးတောင်ပေါ်တက်ခဲ့တယ်...

ကင်မရာ စကိုင်ကတည်းက မန္တလေးတောင်ပေါ်ကနေ ဓာတ်ပုံမရိုက်ဖူးသေးလို့ ချိန်းတိုင်း မရောက်ဖြစ်တာနဲ့... ပြီးခဲ့တဲ့ တနင်္ဂနွေက ကိုဂျေ (ခ) သခင်ကြီးညီမင်းစံ (ခ) ပုဂံနက် ဗိုလ်အောင်ဒင် ၊ ညီညီ ၊ ကိုရှုမောင် တို့နဲ့အတူ မန္တလေးတောင်မှာ ဓာတ်ပုံရိုက်ခဲ့ကြတယ်... မန္တလေးတောင်ပေါ်မှာ DJ Clean တို့နဲ့ပါ ဆုံခဲ့သေးတယ်... မိုးသားတွေ တက်လာမှန်း သိပေမယ့်လည်း မရောက်ရောက်အောင် သွားခဲ့တယ်... ဓာတ်ပုံရိုက်နေတုန်း သိပ်မကြာပါဘူး... မိုးတွေ ရွာချလာတယ်... ညဘက်ဆက်ရိုက်ချင်လို့ မိုးတိတ်မလား စောင့်နေတာ ဆိုင်ကယ်အပ်ခံတဲ့ ကောင်လေးတွေက ကျွန်တော်တို့ ပြန်ချင်လို့ပါ အကိုတို့ ဆိုင်ကယ်တွေ ဇတ်သော့လာခတ်လှည့်ပါဆိုလို့ မထူးပါဘူးဆိုပြီး မိုးသည်းသည်းထဲမှာ တောင်ပေါ်ကနေ ပြန်ဆင်းခဲ့ရတယ်... ရွာလိုက်တဲ့မိုး... သည်းလိုက်တဲ့မိုး...



Mandalay Panorama from Mandalay Hill [Click Photo for Large Size]



ပြိုတော့မယ် မိုးတိမ်တောင်

My Labels: Photo, Mandalay Hill

Comments

လှလိုက်တာ။
Chan Mya Soe said…
ဂွတ်တယ် ဆရာရေ့ :)
Taungoo said…
ကောင်းတယ်ဗျာ
Myo said…
မိုးအုံ့နေတာ တမျိုးလှတယ်၊ NC မှာလည်းမိုးဖွဲဖွဲနဲ့ အခုမှသင်္ကြန်ကျင်းပနိုင်တယ်၊yanmyo123.blogspot.com
Unknown said…
ကိုမောင်လှကြီး..... ဓာတ်ပုံကို ကျွန်တော့် blog banner လုပ်ချင်လို့ ကူးသွားတယ်ဗျာ။ ခွင့်ပြုမယ်ထင်ပါတယ်။
လေးစားလျှက် ...........
linmgmg said…
ပုံလေးတွေက အရမ်းလှပါတယ်။ ဒီပုံလေးကို ကျနော့်ဆိုက်မှာ အသုံးပြုပါရေစေ။
ကိုမောင်လှရေ...မန္တလေးတောင်ကိုတော့လွမ်းတယ်ဗျာ။ ကျနော်တို့ တော့ အယ်အေမှာ အခုလို အလုပ်ရှုပ်နေလေရဲ့။
http://aungthange.blogspot.com/2009/05/blog-post_31.html
Anonymous said…
အဲ့အချိန်တုန်းက တောင်ပေါ်မှာကိုယ်သာရှိခဲ့ရင် လွမ်းလို့ကောင်းလိုက်မယ်ဖြစ်ခြင်း မိုးသားတွေက တလိပ်လိပ်နဲ့ အိကျလာတော့မယ့်ပုံ လွမ်းစရာကောင်းတယ်ဗျာ
ပြန်လာချင်တယ်၊ မန္တလေးကို အရမ်းကြိုက်တယ်ဗျာ။ ပုံတွေလည်း လှလိုက်တာ.
Apprenticeship said…
ဓါတ်ပုံလေး တကယ်လက်ရာကောင်းတယ်

Ad