ဒီနေ့ မနက်ကျင်းပခဲ့တဲ့ ရတနာပုံမြို့တည် နန်းတည် နှစ်၁၅၀ပြည့်ပွဲတော် ကိုရောက်ခဲ့ပါတယ်... နှစ် ၁၀၀ ပြည့်ပွဲတော်တုန်းကတော့ နိုင်ငံတော် အဆင့် ကျင်းပခဲ့တယ်လို့ သိရပြီး အခု နှစ် ၁၅၀ပြည့်ကတော့ တိုင်းအဆင့်သာ ကျင်းပတာဖြစ်ကြောင်း သိရပါတယ်... အခမ်းအနား ဘယ်အချိန် စမယ်မသိတော့ စာနယ်ဇင်းသမားတွေကို မေးကြည့်တော့မှ မနက် ၈-နာရီ စမယ်လို့ သိရတာနဲ့ ရုံးက နေ့တဝက်ခွင့်ယူပြီး အပြေးလေးသွားပြီး ဓာတ်ပုံတွေ ရိုက်ခဲ့တာပါ... ရှေးမြန်မာမင်းများ လက်ထက်ကအတိုင်း ဝင်းခင်းရာမှာ မြင်းများကို မြင်းအစစ်သုံးခဲ့ပေမယ့် ဆင်များကိုတော့ ကျောက်ဆည် အရုပ်ဆင်များကိုသာ အသုံးပြု ခဲ့ပါတယ်... ဆင်အစစ်များ အသုံးပြုဖို့ ရည်ရွယ်ထားသော်လည်း လာကြည့်တဲ့ ပရိတ်သတ်ကို ဆင်များကြောက်လှန့် ထွက်ပြေးမှာစိုးတဲ့ အတွက် အရုပ်ဆင်များကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်...
My Labels: Mandalay News, Burma, Myanmar, News,
Comments
တင်ပေးလို့ ကျေးဇူးပါ။
ကိုမောင်လှကြီး နဲ့ တကွ အားလုံးကို လာရှုဖို့ဖိတ်ပါတယ် ခင်ဗျာ ... အလွမ်းပြေနဲ့ အမှတ်တရပေါ့ .. ကိုမောင်လှပုံတွေလောက်တော့ လှဘူးနော့် :)