gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် သံဃအစည်းဝေးကြီး ကျင်းပမည်

၁၇-ကြိမ်မြောက် သာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် သံဃအစည်းဝေးကြီးကို လာမယ့် ဖေဖော်ဝါရီလ ၆-ရက်နေ့ကစပြီး ၈-ရက်နေ့အထိ မန္တလေးတောင်ခြေမှာ ရှိတဲ့ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးမှာ ကျင်းပပြုလုပ်မယ်လို့ နန်းတွင်း မြောက်ဘက် တံတားအထွက် မီးပွိုင့်၊ ဂေါက်ကွင်းသွားတဲ့လမ်းမပေါ်မှာ မုဒ်ဦးပြုလုပ်ပြီး ဖော်ပြရေးသားထားပါတယ်... ဒါအပြင် billboard ဖြင့်ပါ “သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ” ဆိုပြီး တင်ထားပါတယ်... ယင်း billboard နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ နေရာကို အဓိက ရည်ရွယ်တယ်လို့ ထင်ရပါတယ်...


My Labels: Mandalay News

Comments

အရှေ့မှာဘယ်နေရာရှိတာလဲဟင်။
mirror said…
အစ်ကိုရေ့..အစ်မမေ့သမီးနဲ့တော့ သိချင်တာချင်းတူနေပြီ။သာသာနာနဲ့ ဆန့်ကျင်ဘက်တစ်ခုခုများလားလို့တော့ မှန်းဆမိတယ်။


လေးစားခင်မင်လျက်
Chan Mya Soe said…
အဖြေက ပို့စ်ထဲမှာ ပါပြီးသားပါ။ တွေ့အောင်ရှာ ဟိဟိ။ စကားဝှက်ပေးမယ်။ စနေနံ စာလုံးလေးနှစ်လုံး :P
Unknown said…
မနည်းရှာရတယ်။ တွေ.ပြီ NAN TWIN
yemyatthu said…
ပြည်တွင်း ပြည်ပက အစည်းအဝေး လာမည့် သံဃာတော် ၅၀၀ ကျော်ရှိမည်ဖြစ်ကြောင်း ကြားသိရပါတယ်။ ကျင်းပမဲ့ ကျောင်းတိုက် ကြီးထံမှာ ရှေးဟောင်းကျွန်းဆောင်ကြီး နဲ့ ခေတ်ပေါ် ကျောင်းဆောင်ကြီးများ ပြိုင်နေရာယူထားတာ အလွန်ဘဲ ကျက်သရေရှိတာတွေ့ရပါတယ်။
Khin said…
သူတော်ကောင်းတရားဆိုတာ မြန်မာ ဗုဒ္ဓဘာသာမှန်ရင်ရှိပါတယ်။ မန္ထလေးရောက်နေတဲ့တရုပ်တွေကတော့ နားလည်မှာမဟုတ်ပါဘူး။သူတို့ က လာဘ်ရွှင်ဘို့  မိသားစုချမ်းသာဘို့  ဘဲ သိကြတာပါ။ သမ္ဘာအာဇီဝဆိုတာ မရှိပါ။ သူတော်ကောင်းတရားဆိုတာလည်း သူများ ကို မနာလိုတာ ဝန်တိုတာ မ၇ှိပါဘူး စောင်းမြောင်းတာလည်း မရှိပါဘူး ကဲ့ရဲ့တာလည်း မ၇ှိကြပါဘူး။ သာသနာပိုင်တွေသိကြပါတယ်။ေ၇ွှကျင်ဂိုဏ်း ကို အလေးစားဆုံးဖြစ်ပါတယ်။ အားလုံးစိတ်အေးချမ်းနိုင်ကြပါစေလို့ မေတ္တာ ပို့ ရပါတယ်။
သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းကားဖို့  မြန်မာပြည်သူပြည်သားတိုင်းမှာ တာဝန်ရှိတယ်။ နောက်မှာရပ်မနေနဲ့ ရှေ့ ကိုတိုးပါ။ ဘေးမှာဖယ်မနေနဲ့ အလယ်ကိုဝင်ပါ။ အားလုံးဝိုင်းလုပ်ရင် အောင်မြင်မှာပါ။
Thet Oo said…
သူတော်ကောင်းတရားကို လူမိုက်တွေ နားလည်နိုင်ပါ့မလား။

Ad