My Labels: Photo, food photos, breakfast
ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...
Comments
မန္တလေးမှာလေ...
ရန်ကုန်မှာတော့ ဘယာကြော် နဲ့ မတ်ပဲကြော် မတူဘူးနော်
စားတောင်စားချင်လာပီ.. ရှလွတ်
ကျောင်းထဲမှာ မြန်မာဆိုင်မရှိပူး... :(
မန္တလေးမှာ မတ်ပဲနဲ့ကြော်တာကို ဗမာဗယာကြော် (ခ) အကွင်းကြော် လို့ ခေါ်ပြီး ကုလားပဲနဲ့ကြော်တာကို ကုလားဗယာကြော်လို့ ခေါ်ကြောင်းပါ...
နောက်ပြီး ရန်ကုန်မှာ ထပ်တရာ မရှိဘူးထင်တယ် ကျတော်တော့ မတွေ့ဖူးဘူး ထပ်တရာမှာတိုင်း ပလာတာပဲ လာလာ ချပေးတယ်... နောက်ကြုံမှ ထပ်တရာပုံ ရိုက်တင်ဦးမယ်...
ဒီပုံတွေရိုက်တဲ့ lens က ကိုဂျေ (ခ) သခင်ကြီး ဆီက ငှားပြီး ရိုက်ထားပါတယ်...