gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Sony Ericsson မှာ...

Sony Ericsson မှာ Service mode ထဲကို ဒီလိုနည်းနဲ့ ဝင်လို့ရပါတယ်...

* < * > *<<*<*

< ဆိုတာ ဘယ်ဘက်သွားတဲ့ မြှားကို နှိပ်ရမှာပါ... > ဆိုတာက ညာဘက်သွားတဲ့ မြှားကို နှိပ်ရမှာပါ...
အသံထွက် ဖတ်တဲ့ပုံစံ ပြောရမယ် ဆိုရင် “ စတား (*) ဘယ် စတား ညာ စတား ဘယ် ဘယ် စတား ဘယ် စတား ” ပါ...
အဲဒီ လိုနှိပ်လိုက်ရင် service mode ထဲကို ရောက်သွားပါတယ်...
ှService info
Service Settings
Service tests
Text Labels
ဆိုပြီး မြင်ရရင် service mode ထဲကို ရောက်နေပါပြီ...

Service tests က ဖုန်းမှာ ပါဝင်တဲ့ function တွေ အလုပ် လုပ်မလုပ် စစ်ဆေးနိုင်ပြီး ဒီ handset ရဲ့ စုစုပေါင်း အသုံးပြု ခေါ်ဆို လက်ခံထားတဲ့ အချိန် (Total call time) ကို ပြန်ကြည့်နိုင်ပါတယ်...

PIN နံပါတ်မေးလာတဲ့ လုပ်ဆောင်ချက်တွေကိုတော့ မသိဘဲနဲ့ မစမ်းစေချင်ပါဘူး... PIN နံပါတ်တွေ မှားထည့်မိရင် SIM card သုံးမရတော့ဘဲ အသစ်ပြန်လျှောက်ရပါလိမ့်မယ်... ကျတော်တို့ မြန်မာပြည်မှာ SIM card ပျက်လို့ အသစ် ပြန်လျှောက်ရင် စာရွက်စာတမ်းတွေ ဘာညာတွေ လုပ်ရပြီး မြန်မာကျပ်ငွေ ၁-သိန်းခွဲကနေ ၂-သိန်းလောက်အထိ ကုန်ပါတယ်...

Sony
Ericsson service mode ထဲကို ဝင်နည်းပြောပြပေးတဲ့ ညီမင်းစံ (ခ) BagannAt ကို ကျေးဇူးတင်ကြောင်းပါ...

My Labels: GSM, Mobile Phone, MPT, Myanmar Mobile Phone


Comments

Ko Boyz said…
ကိုမောင်လှ...။
အဲဒီနည်းက ကိုမောင်လှ ဖုန်းမော်ဒယ်မှာပဲ အလုပ်လုပ်မှာ...။
ကျွန်တော်ကျတော့ touch screen ဖုန်းဆိုတော့ အလုပ်မဖြစ်ဖူး...။
ကျွန်တော့ကုဒ်နဲ့ ကျွန်တော်ပဲ အလုပ်လုပ်တယ်...။
Chan Mya Soe said…
အောက်က File ကို ဒေါင်းလုပ်လုပ်ပြီး ဖတ်ကြီးလိုက် ကိုတုံ

http://www.mediafire.com/?nojyjm1ggjm

Ad