Skip to main content

Sony Ericsson မှာ...

Sony Ericsson မှာ Service mode ထဲကို ဒီလိုနည်းနဲ့ ဝင်လို့ရပါတယ်...

* < * > *<<*<*

< ဆိုတာ ဘယ်ဘက်သွားတဲ့ မြှားကို နှိပ်ရမှာပါ... > ဆိုတာက ညာဘက်သွားတဲ့ မြှားကို နှိပ်ရမှာပါ...
အသံထွက် ဖတ်တဲ့ပုံစံ ပြောရမယ် ဆိုရင် “ စတား (*) ဘယ် စတား ညာ စတား ဘယ် ဘယ် စတား ဘယ် စတား ” ပါ...
အဲဒီ လိုနှိပ်လိုက်ရင် service mode ထဲကို ရောက်သွားပါတယ်...
ှService info
Service Settings
Service tests
Text Labels
ဆိုပြီး မြင်ရရင် service mode ထဲကို ရောက်နေပါပြီ...

Service tests က ဖုန်းမှာ ပါဝင်တဲ့ function တွေ အလုပ် လုပ်မလုပ် စစ်ဆေးနိုင်ပြီး ဒီ handset ရဲ့ စုစုပေါင်း အသုံးပြု ခေါ်ဆို လက်ခံထားတဲ့ အချိန် (Total call time) ကို ပြန်ကြည့်နိုင်ပါတယ်...

PIN နံပါတ်မေးလာတဲ့ လုပ်ဆောင်ချက်တွေကိုတော့ မသိဘဲနဲ့ မစမ်းစေချင်ပါဘူး... PIN နံပါတ်တွေ မှားထည့်မိရင် SIM card သုံးမရတော့ဘဲ အသစ်ပြန်လျှောက်ရပါလိမ့်မယ်... ကျတော်တို့ မြန်မာပြည်မှာ SIM card ပျက်လို့ အသစ် ပြန်လျှောက်ရင် စာရွက်စာတမ်းတွေ ဘာညာတွေ လုပ်ရပြီး မြန်မာကျပ်ငွေ ၁-သိန်းခွဲကနေ ၂-သိန်းလောက်အထိ ကုန်ပါတယ်...

Sony
Ericsson service mode ထဲကို ဝင်နည်းပြောပြပေးတဲ့ ညီမင်းစံ (ခ) BagannAt ကို ကျေးဇူးတင်ကြောင်းပါ...

My Labels: GSM, Mobile Phone, MPT, Myanmar Mobile Phone


Comments

Ko Boyz said…
ကိုမောင်လှ...။
အဲဒီနည်းက ကိုမောင်လှ ဖုန်းမော်ဒယ်မှာပဲ အလုပ်လုပ်မှာ...။
ကျွန်တော်ကျတော့ touch screen ဖုန်းဆိုတော့ အလုပ်မဖြစ်ဖူး...။
ကျွန်တော့ကုဒ်နဲ့ ကျွန်တော်ပဲ အလုပ်လုပ်တယ်...။
Chan Mya Soe said…
အောက်က File ကို ဒေါင်းလုပ်လုပ်ပြီး ဖတ်ကြီးလိုက် ကိုတုံ

http://www.mediafire.com/?nojyjm1ggjm

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...