Skip to main content

Canon EOS450D

Canon ပစ္စည်းများကို တင်သွင်း ဖြန့်ချီနေတဲ့ Accel Internaitonal ကုမ္ပဏီက ကျင်းပတဲ့ Canon EOS 450D နှင့် Flash Memory Camcorder ပစ္စည်းသစ် မိတ်ဆက်ပွဲကို Sedona Hotel - Mandalay ရဲ့ Amayapura ခန်းမမှာ မနေ့က ကျင်းပခဲ့ပါတယ်... ပထမဦးစွာ Canon ရဲ့ Flash Memory Camcorder များ အကြောင်း ရှင်းပြပါတယ်... ယင်း Canon Camcorder များဟာ Full HD ထွက်ပြီး 16GB built-in flash memory ပါတဲ့ camcorder များဟာ ၁၀-နာရီ ကျော် video ဖိုင်များကို သိမ်းဆည်းနိုင်ကြောင်း သိရပါတယ်... built-in memory အပြင် SD အမျိုးအစား memory card များနဲ့လည်း video ရိုက်ကူးနိုင်ကြေင်း သိရပါတယ်... Canon နဲ့ ပြိုင်ဘက် camcorder ထုတ်လုပ်သူများက ထုတ်လုပ်တဲ့ Full HD camcorder များဟာ Full HD လို့ ပြောပေမယ့် တကယ် Full HD မထွက် ဘူးလို့ လည်း Canon မှ ရှင်းပြသူ ကဆိုပါတယ်... FS11 အမျိုးအစား camcorder ကတော့ ဒေါ်လာ ၈၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်...

အဲဒီနောက်မှာတော့ Canon EOS 450D SLR ကင်မရာအကြောင်း ရှင်းပြပါတယ်... မန္တလေးမှာ ဓာတ်ပုံဆိုင် ဖွင့်စားမည့်သူများဟာ ယင်း ကင်မရာ တစ်လုံးကို ပိုင်ဆိုင်ပြီ ဆိုရင် နောက်ထပ် ၅-နှစ်အတွင်း နောက်ထပ် ကင်မရာများ ထပ်ဝယ်စရာမလိုဘူး လို့ရှင်းပြသွားကြောင်းပါ... ယင်းကင်မရာဖြင့် ဓာတ်ပုံ ရိုက် ယူရာမှာ ISO 100 မှ ISO 1600 အထိ အသုံးပြုနိုင်ပြီး ISO100 ဖြင့် ရိုက်ထားတဲ့ ဓာတ်ပုံ quality နဲ့ ISO1600 ဖြင့် ရိုက်ထားတဲ့ ဓာတ်ပုံ quality အတူတူ နီးပါးဖြစ်ကြောင်း ပြောကြားပါတယ်... ဒါပေမယ့် တကယ် နှိုင်းယှဉ်ကြည့်တဲ့အခါ ISO100 ဖြင့် ရိုက်ထားတဲ့ ဓာတ်ပုံ quality ဟာ ညက်ညောပေမယ့် .. ISO1600 ဖြင့် ရိုက်ထားတဲ့ ဓာတ်ပုံမှာ noise များ ပါဝင်ပါတယ်... ဒါပေမယ့် လက်ခံနိုင်တဲ့ noise များ ဖြစ်ပါတယ်... ယင်း ကင်မရာမှာ Live View ပါဝင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်...

ကင်မရာ အကြောင်းများ ရှင်းပြပြီးတဲ့ အချိန်မှာတော့ အစားအသောက်နဲ့ ဧည့်ခံပြီး တစ်ချိန်တည်းမှာ EOS 450D ကင်မရာများဖြင့် မော်ဒယ် အလှပုံများ စမ်းသပ် ရိုက်ကူး ပေးနိုင်ရန် စီစဉ်ထားတာ တွေ့ခဲ့ရကြောင်းပါ...
My labels: မြန်မာ, ဗမာ ,မန္တလေး, Myanmar, Burma, Burmese, Canon, EOS 450D

Comments

Steve Evergreen said…
As you mentioned about Canon FS11 what i did'nt notice before, I googled. This is the UK average price on http://www.amazon.co.uk/exec/obidos/ASIN/B0012B4XEU/interactiveda3045-21
Steve Evergreen said…
for me, i prefer sony camera and camcorder. But canon also has a high quailty.
Unknown said…
I don't think the pro will use Canon 450D for studio photography. It's lasting for 5 years!!!!. What the hell was he talking at the IT show? 450D is ok for a home made studio...
Canon 30D, 40D are better than 450D. Full frame Canon 5D is the best in the Canon mid range. None of the professionals use this entry level 450D for their businesses.
The person who talked about this 450D needs to do some homework before talking about this camera in so-called IT show.
Everyone know Canon450D is just only an entry level. Toy Plastic camera..If the pros use it for their business purposes in Myanmar, they are far behind the pros from the other countries. I am talking about the real professional photographers not so-called pro with entry level dslr:(

btw, Ko Mg Hla, I like your blog. Great blog!

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...